Innlegg

Viser innlegg med etiketten အမှတ်တရ

ဧရာဝတီမြစ်ရိုးမှာ မိုးမဲတွေရွာ

Bilde
နှင်းခါးမိုး ပန်းတခြင်း ပို့ခွင့်ပေးပါ ကဗျာဆရာကိုနှုတ်ဆက်တယ်။ အနုပညာမာရသွန်မှာ ပြေးအားမကျခဲ့တဲ့ဆရာ သစ္စာရှာဖို့ ခေတ်ကိုစီးခဲ့တာ စာမျက်နှာတွေကို တိမ်ဖုံးခဲ့ပေမယ့် ယုံကြည်မှုက လမင်းတရာ ဧရာဝတီရေ ကဗျာဆရာ ကမ်းကခွာပြီ အမှောင်ရိပ်မှာ လှေဆိပ်ကလေးကိုထားခဲ့ပေါ့။ အနာဂတ်အတွက်ပန်းတခြင်း မြေကမ္ဘာမှာပွင့်ခဲ့တယ် ဆရာကြည်အောင် ကမ္ဘာတည်အောင်မွှေးပါစေ။ ။

တောင်ယာ ရိုက်ကွင်း

Bilde
မြားအိမ် ပဲမှမသီးရသေးဘူး၊ ပဲစင်ပေါ်တက်မှာများ၊ ပဲနွယ်ပင် ပဲများနေပုံ၊ ရင်သားဖေါ်ထားတဲ့ပန်းမုံလာမလေး၊ အပွင့်တစ်ရာနဲ့ မြူဆွယ်ချိန်မှာ၊ ကြက်ဟင်းခါးပင်ကသွေးဆုံးနေခဲ့ပါပြီလေ၊ ခမျာမှာ လင်စိတ်သားစိတ်တွေကုန်၊ နံနက်ခင်း နံဘေးကဖြတ်သွားမိတိုင်း၊ သူ့ကိုယ်သင်းနံ့ကရင်ခုန်ချင်စရာ ပါ ခရမ်းပင်များ၊ ကလေးတွေတပြွတ်ပြွတ်မွေးကောင်းတု န်း၊ မုန်ညင်းပင်တွေကိုယ်တိုင်၊ ဆတ်စလူးပင်တွေကိုယ်တိုင်၊ ဆတ်စလူးထနေ မှတော့၊ စာကလေးတွေရဲ့အထိုးအဆိတ်ကိုခံလိုက်ယုံ၊ ကဲခုတော့ ကောင်းကြသေးရဲ့လား၊ အသက်မပြည့်ခင်ခိုးရာလိုက်သွားတဲ့  ခါးကျဉ်ကျဉ်တင်ကားကား ဗူးသီးလေးတစ်လုံး။ (မန္တလေးထောင်မှာ နေသား၁၀နှစ်ကျော်ဖြတ်သန်းနေဆဲ ကဗျာဆရာတစ်ယောက်ရဲ့ကဗျာဖြစ်ပါတယ်။)

ဖော်. . .ဝေး

နေနွယ် စက်.၀၈ အို သူမသေသေး ငါ့အရေးကို ဖတ်ပ ၁၉၇၈ ခုနှစ်များ နှစ်များ အနှစ်များ အခု ဘယ်နှခုနှစ်လဲ နှစ်ပြီး စဉ်းစားလိုက်ပါ အဲဒါ ကိုဖော်ဝေး ရက်စက်သောဂီတရဲ့ အဆိုတော်တေးရေး အို သူမသေသေး ဒီမှာ အနှေးပြကွက်လို မြင်နေရ ခပ်လျားလျား နောက်ဆုံးစီးသွားတဲ့ သုံးဘီးကား ၀ါကျင်ကျင် အခိုးငွေ့ငွေ့ အင်ဂျင်သံ တမောမောပေါ်မှာ... ဟိုး မမြင်ရထိ သူ လက်ပြနှုတ်ဆက်သွားခဲ့ ငါငိုခဲ့ရ သူစခဲ့တဲ့ အစမှာကိုပါပဲ။ မသောက်ချင်လို့ကို သောက်နေခဲ့ အချိန်ဟာ ထွန့်ထွန့်လူးနေခဲ့ တယောက်ပြာကျသွားပြန်ပတဲ့ ခင်ဗျားရဲ့ လျှာပေါ်က ထွန်ကြောင်း ခင်ဗျာ့ ရိုးသားမှုကို သောက်သုံးခဲ့ရပါကြောင်း ပြိုင်မြင်းတကောင် မဟုတ်ရပါကြောင်း မမှန်မတရားမှာ သင်္ချိုင်းရှိကြောင်း ကြားနေကြကြောင်းတွေနဲ့ ခြားစွာ ဒါ ခင်ဗျား အချိန်မှားခဲ့တဲ့ လည်ရှည်ဖိနပ်တရံမဟုတ် အသင်မှားခဲ့တဲ့ ရုရှားဘာသာစကားမဟုတ် ဒါခင်ဗျာ့ ဖန်ခုန်တမ်းကစားနည်းဖြစ်တယ် နှုတ်ခမ်းနီးစွေး မေတ္တာစာဖြစ်တယ် ဒါခင်ဗျာ့ အပိုအလိုမရှိ တိကျ သချာင်္ဆန် ဂီတကမ္ဗည်း ခင်ဗျားစပ်ခဲ့တဲ့ ညနေခင်းဟင်းတစ်ခွက် ခင်ဗျားသိုထားတဲ့ အဂ္ဂါအလန်ပိုး ဒါခင်ဗျားပေးခဲ့တဲ့ နှစ်ပေါင်းသုံးဆယ် ဘယ်မေ့လျော့နေခွင့် ရှိလေလိမ့်မလဲဗျာ အပ္ပမာဒေနသမ္ပာ ဒေထ။ ကျမ်းကိုး။...

ဥခွံလေးတွေကို အိမ်လုပ်နေခဲ့တဲ့အရွယ်

Bilde
အီစတာကာလ အမှတ်အသားအနေနဲ့ နော်ဝေစာမျက်နှာတခုပေါ်မှာတွေ့တဲ့ ဥခွံက ပေါက်လာကစ ကြက်ကလေးတွေပုံကို ဘန်နာအဖြစ် တင်ခဲ့ပါတယ်။ ကြက် ကလေးတွေက အရုပ်ကလေးတွေလား၊ အကောင်လေးတွေလား သေချာမသိ ပေမယ့် ချစ်စရာကောင်းတာကတော့ အမှန်ပါ။ တကယ့်အကောင်ကလေးတွေကို ဥခွံထဲ ၀င်ထိုင်ခိုင်းဖို့ဆိုတာကတော့ ဘယ်လွယ်ပါ့မလဲ။ ဥထဲက ဖေါက်ထွက်ပြီး တဲ့နောက်မှာ ဥခွံဆိုတာ သူတို့အတွက် မလိုအပ်တော့ဘူးလေ။ မြို့ကလေးတမြို့မှာ တကိုယ်တည်းနေထိုင်ခဲ့စဉ် ကျနော့်မှာ အိမ်ခန်းကျဉ်းကလေး တခု ရှိခဲ့ပါတယ်။ တနေ့မှာ သူငယ်ချင်းတယောက်က ကျနော့်ကို လက်ဆောင်တခု ပေးပါတယ်။ တခုဆိုတာက ထည့်လာတဲ့ ခြင်းကလေးကို ဆိုလိုတာပါ။ ခြင်းထဲ မှာက ကြက်ပေါက်ကလေးတွေ၊ မြင်မြင်ချင်း ကျနော် တအံ့တသြ ဖြစ်ရပါတယ်။ ကြက်ပေါက်ကလေးတွေက ဘာမှ အံသြစရာမရှိပေမယ့် တကောင်ကို တရောင် ဖြစ်နေတာကတော့ တကယ့်ချစ်စရာ။ ဖြူ နီ ပြာ ၀ါ စိမ်း.. ငါးရောင် ငါးကောင်။ ဘာသတ္တ၀ါကိုမှ အနွံတာခံမွေးလေ့မရှိတဲ့ ကျနော် ဒီလက်ဆောင်ကို လက်ခံလိုက် ပါတယ်။ အဲဒီနေ့ကစလို့ ကျနော့်အိမ်ခန်းကျဉ်းကလေးဟာ ကြက်ခြံဖြစ်သွား တော့တာပါပဲ။ ဒီမှာ အီစတာကာလ ကြက်ဥရောင်စုံလေးတွေတွေ့တော့ ကျနော့်ကြက်ကလေး တွေကို လွမ်းလိုက်တာ။ သူတို့နဲ့ ကျနော် ဘယ်နှစ်ပတ် အတူေ...

လရောင်တွေကို ခိုးယူခံလိုက်ရတဲ့အခါ

ဆရာတင်မိုးကို တသရင်း တပြိုင်တည်း ဆက်လွမ်းမိတာက ဆရာတင်မိုးကို ချစ်လွန်းလို့ သူ့ကလောင်နာမည်မှာပါ မိုး ထည့်ထားတဲ့ သူငယ်ချင်းဖြစ်သူ တော်လှန်ရေးသမား ကဗျာဆရာ ကိုထက်မိုးကိုပါ။ ကျနော်တို့နှစ်ယောက် ဆုံမိရင် ကဗျာလောကမှာ မိုးကြီး သုံးမိုးရှိတယ်၊ တင်မိုး ထက်မိုး နှင်းခါးမိုး ပဲဆိုပြီး ခပ်တည်တည်နဲ့ ဆရာကြီးတင်မိုးနဲ့ ယှဉ်ပြီး မတန်မရာ နောက်ပြောင် ပြောကြလေ့ ရှိပါတယ်။ တကယ်က ဆရာနဲ့ ကျနော်တို့က လမင်းနဲ့ ကြယ်သိမ်ကြယ်မွှားတမျှ ကွာခြားပါတယ်။ ဒါပေမယ့် ယုံကြည်ချက်နဲ့ ဘ၀လက်တွေ့ တထပ်တည်း ကျအောင် နေခဲ့တဲ့ ကိုထက်မိုးကတော့ တောက်ပြောင်တဲ့ ကြယ်တစင်းအဖြစ် ထွန်းလင်းခဲ့သူလို့ ဆိုရမှာပါ။ သူမြတ်နိုးတဲ့ ဒေါင်းအလံနဲ့အုပ်ပြီး ၂၀၀၅ ခုနှစ်မှာ သူ့ကို နှုတ်ဆက်ခဲ့ကြရပေမယ့် တောင်တန်းတွေကို အတူရွှေ့ကြရအောင်လို့ သူခေါ်ခဲ့တဲ့ အသံကတော့ ကျနော်တို့တွေရင်ကို အခုထိ တုန်ခါစေဆဲပါ၊ ကျနော် တတိယနိုင်ငံမြေကို နင်းမိစ အချိန်မှာပဲ နောက်ကလိုက်လာတဲ့ သူဆုံးပြီဆိုတဲ့ သတင်းက ကျနော့်ရင်ဝကို လှံတချောင်းလို ထိုးစိုက်လိုက်ပါတယ်။ ဖွယ်ဖွယ်ရာရာ စကားလုံးတွေတောင် မရှာနိုင်ပဲ ကဗျာတပုဒ်နဲ့ ကျနော်ငိုမိခဲ့တယ်။ ရင်ဝစိုက်တဲ့ကောင် ကာရန်ရှာတဲ့လက်ဟာ သေနတ်မောင်းခလုတ်ကိုဖြ...

နှင်းဆီပွင့်ပေါ် ဆရာ အိပ်ပျော်အုန်းမှာမဟုတ်ဘူး

Bilde
လွန်ခဲ့တဲ့တနှစ် ဆရာဦးတင်မိုး ဆုံးတယ်ကြားရတော့ မိုးမခမှာ ဆရာ့ကိုလွမ်းလို့ ကဗျာတပုဒ်နဲ့ ကန်တော့ခဲ့ပါတယ်။ အခုလည်း ဆရာ့ကိုချစ်သူတွေက ကမ္ဘာတ၀ှမ်းမှာ နှစ်ပတ်လည် လွမ်းဆွတ်ပွဲတွေ ကျင်းပနေကြတာ ကြားရတယ်။ ကျနော်တို့ မြန်မာတွေရဲ့နှလုံးသားမှာ အမြဲတမ်း ထွန်းလင်းနေမယ့် မီးအိမ်ရှင်ကြီး သူချစ်တဲ့တိုင်းပြည်မှာ အကြိမ်တထောင် လူပြန်ဖြစ်ခွင့်ရပါစေ။ သစ္စာမီးအိမ် အင်းလျားကန်စပ် မှန်ကလေးတချပ် ဖြတ်ကနဲကွဲခဲ့တာမှမဟုတ်ပဲ။ စကားလုံးတွေက အစစ်လား လောကကြီးက အစစ်လား အနုပညာဆိုတာ မေတ္တာဓါတ်နဲ့မှ လှတယ်၊ ညအခါမှာမှ လသာတာက လှတယ်၊ အဆန်ခရီးမှာမှ ဖန်မီးအိမ်က ပိုလို့လင်းခဲ့တယ်။ ချစ်ခြင်းတရားမှာ အကြေအညာမရှိဘူး သစ္စာတရားမှာ သေတယ်ရှင်တယ်မရှိဘူး။ လူထုချစ်ရင် သမိုင်းတင်တယ် (ကျနော်တို့မှာတော့) ကမ္ဘာမကြေဘူး ဆရာမသေဘူး။ ။ နှင်းခါးမိုး

ပြုံးပါ ရယ်ပါ ၂၀၀၈

Bilde
ဘ၀မှာ သူငယ်ချင်းက သိပ်ရှိတာ မဟုတ်ဘူး။ ရှိခဲ့တာလေးတွေလည်း အထိမ်းအသိမ်းက မတတ်ဘူး။ ကိုယ့်ချို့ယွင်းချက်တွေလည်း ပြင်မယ်ပြင်မယ်နဲ့ ဘာမှ ထူးမလာဘူး။ တော်တော် အနွံတာခံတဲ့သူလောက်ပဲ သူတို့သူငယ်ချင်းစာရင်းထဲ ကျနော့်ကို ထုတ်မပစ်သေးပဲ ထားကြတာကလား။ တခါတခါကျတော့လည်း တချို့ကို လွမ်းမိပါတယ်။ မေ့လောက်မှ လာလွမ်းတော့လည်း ဘယ်သူက ငဲ့ကြည့်မလဲလေ။ ငဲ့ကြည့်သူနည်းနည်းထဲက အခင်ဆုံးတယောက်ရဲ့ နှစ်ကူးကတ်ကလေးကို မှတ်မှတ်ရရ ဘလော့ပေါ်တင်မယ်လို့ ပြောခဲ့ပြီး မေ့နေခဲ့မိပြန်တယ်။ ဒီည စာတွေ ပြန်စစ်ရင်း တွေ့တာနဲ့ ပြန်မမေ့အောင် တင်လိုက်တယ်။ ရက်တွေ အတော်ကျော်ခဲ့ပေမယ့် ဒီကတ်ကလေးက ကျနော့်စိတ်ကို နှစ်သစ်ဆန်းစေတုန်းလို့ ပြောရမှာပါ။ တကယ်တော့ သူငယ်ချင်းတွေ ဆုံးရှုံးရတာလည်း အသဲကွဲစေတဲ့ ကိစ္စတခုပဲ မဟုတ်လား။