တပါတီအာဏာရှင်စံနစ်အလွန် မြန်မာ့နိုင်ငံရေးလေဟာနယ်နှင့် စီမံခန့်ခွဲပိုင်ခွင့်
ဝေလင်း လွန်ခဲ့သော အနှစ် ၂၀က မြန်မာလူထုသည် အောင်ပွဲခံခဲ့ကြသည်။ သည်တုန်းက အတိုက်အခံလည်း မရှိ၊ လူထုခေါင်းဆောင်လည်း မရှိ၊ ရွေးကောက်ခံပါတီလည်း မရှိ၊ အဝေးရောက် အစိုးရလည်း မရှိ၊ ပြည်ပ မီဒီယာလည်း မရှိ၊ ဒိုနာလည်း မရှိ။ ခါးစည်းခံနေရသည့် ဒုက္ခတွေကို ကုလသမဂ္ဂကလည်း မသိ၊ လုံခြုံရေးကောင်စီကလည်း မသိ၊ နိုဘယ်ဆု ကော်မတီကလည်း မသိ။ ရာဇလီလည်း မရှိခဲ့၊ ဂမ်ဘာရီလည်း မရှိခဲ့။ ကိုယ့်ခံစားချက်နဲ့ကိုယ် လူထုတရပ်လုံး အိမ်ပြင် ထွက်ခဲ့ကြသည်။ လယ်သမားတွေက မြို့ပေါ် တက်လာသည်။ အလုပ်သမားတွေက စက်ရုံအလုပ်ရုံတွေထဲက ထွက်လာသည်။ ၀န်ထမ်းတွေက ရုံးထဲက ထွက်လာသည်။ ကျောင်းသားတွေက ကျောင်းဝင်းအပြင် ထွက်လာသည်။ ယူနီဖောင်းဝတ်တွေပင် လူထုရှေ့က အလံကိုင်ခဲ့ကြသည်။ လူထုသည် ငြိမ်းချမ်းစွာ၊ စည်းကမ်းပြည့်စွာ၊ အင်အားရှိစွာဖြင့် လွန်ခဲ့သော အနှစ်၂၀က အောင်ပွဲခံခဲ့ကြသည်။ ထိုအချိန်က နိုင်ငံရေးလုပ်ခွင့်လိုင်စင်ကို လမ်းစဉ်ပါတီက ကိုင်ထားသည်။ တေဇလူငယ်၊ ရှေ့ဆောင်လူငယ်၊ လမ်းစဉ်လူငယ်။ မိတ်ဆွေ၊ အရံ၊ တင်းပြည့်။ ကလပ်စည်း၊ အမြုတေ၊ ကေဒါ။ ယူနစ်၊ ဒေသ၊ ဗဟို။ နိုင်ငံရေး တက္ကသိုလ်၊ ညီလာခံ ဆုံးဖြတ်ချက်၊ ဥက္ကကြီး စသည်တို့မှာ ကျနော်တို့ နေ့စဉ် ထိတွေ့နေရသော နိုင်ငံရေး ...