Innlegg

Viser innlegg fra september, 2007

ရေကြည်အိုင်နဲ့ အ၀ီစိ

သံဃာဆိုတာ လူတွေရဲ့ ကောင်းမှုမျိုးစေ့တို့ကို စိုက်ပျိုးကြဲချရာ လယ်ယာမြေကောင်းသဖွယ် ဖြစ်တော်မူပါသတဲ့။ သတ္တ၀ါအပေါင်းတို့အား ဆင်းရဲခြင်းမှ လွတ်မြောက်စေနိုင်သဖြင့် ဤကမ္ဘာလောက၌ အကောင်းဆုံး အသာလွန်ဆုံး အမွန်မြတ်ဆုံး ရတနာတပါး ဖြစ်တော်မူပါသတဲ့။ သမုဒ်ပြင်ထက် ခဏတက်တဲ့ ရေပွက်ပမာ တဘ၀တာအတွက် ဘ၀သံသရာခရီးရှည်ကြီးထဲမှာ အပယ်ရထားလက်မှတ် ဘိုကင်ဖြတ်နေကြသူတွေကို သနားလို့ ဖတ်မိတဲ့စာတပုဒ်ကို ဒီနေရာကနေ လူကြုံပါးလိုက်ပါရစေ။ ..... ၁၉၉၀ ခုနှစ် ဒီဇင်ဘာကပါ။ နှင်းတွေ ဖွေးဖွေးလှုပ်နေအောင်ကျနေလို့ ထောင်ဖွင့်နောက်ကျတဲ့ တမနက်ခင်းမှာ… ဂန်ဖလားတွေပြည့်နေလို့ ကုဋီတက်ရခက်ပြီး ဒုက္ခဖြစ်နေရတဲ့ ဆရာတော်ကြီးတွေကို ကျနော်တွေ့ခဲ့ရပါတယ်။ ဂန်ဖလားက (၁) ခန်းကို (၂) လုံးပဲ ပေးထားပြီး (၈) ပေ (၁၀) ပေ အခန်းကျဉ်းလေးထဲမှာ ဆရာတော်တွေ (၅) ပါး။ (၆) ပါး အပြည့်အသိပ်ထည့်ထားတာပါ။ ဂန္ဓာရုံတိုက်အုပ် ဆရာတော်၊ ရွှေဘုန်းပွင့် ဆရာတော်၊ သာကေတ ဆရာတော်၊ မဟာဗောဓိ ဆရာတော်၊ မေဒိနီ ဆရာတော်၊ အင်းစိန်ရွာမ ဆရာတော်၊ သိမ်တော်ကြီး ဆရာတော်၊ သရက်တောကျောင်းတိုက် ဆရာတော်ကြီးများနှင့် စာဝါတက်နေတဲ့ သံဃာတော်တွေ။ အင်္ကျီအဖြူ ပုံမကျ ပန်းမကျတွေနဲ့ ပုဆိုးအပြာရောင်ကွက်ထောက်တွေနဲ့။ အင်း

မေတ္တာတရားကို ဘယ်သူအောင်နိုင်ခဲ့ဘူးသလဲ

ရန်ကုန်မှာ ဒကာဒကာမတွေရဲ့လူမှုဒုက္ခတွေကို မေတ္တာရှေ့ထား ကယ်တင်နိုင်ဖို့ မိုးရွာမရှောင်၊ နေပူမရှောင် လမ်းမတွေပေါ် ဒုက္ခစရိယာခံ လှည့်လည်ကြွချီပြီး ဆန္ဒတော် ထုတ်ဖော်ပြသနေကြတဲ့ ဘုရားသားတော်တွေနောက် အမြဲတမ်း လိုက်လံ စောင့်ကြည့်နေတဲ့ ကားသုံးစင်းအကြောင်း သံဃာတော်တွေနောက် အမြဲလိုက်စောင့်ရှောက်နေတဲ့ မြို့ခံလူတဦးက သတင်းပေးပို့လာတာကို သူငယ်ချင်းတဦးက ကျနော့်ဘလော့ပေါ်ကတဆင့် အားလုံးကို သိစေချင်တယ်ဆိုလို့ ဒီမှာ တင်ပေးလိုက်ပါတယ်။ ၂၀၊ စက်တင်ဘာ၊ ၂၀၀၇ ရန်ကုန်မှာ ဘုန်းကြီးတွေနောက်ကနေ တောက်လျောက်လိုက်နေခဲ့တဲ့ ကားနံပါတ်တွေ.. ၁။ အ ၄၉၁၄ - ဗင်ကား၊ ဘုန်းကြီးအိုနှစ်ပါးနဲ့ လူသုံးယောက်လောက်ပါ။ ၂။ ၂ခ ၇၀၇၆ - မာစီးဒီးလို ကားကောင်း၊ အစိုးရအရာရှိ၊ လူကြီးပိုင်းလို့ ယူဆရသူတွေပါ။ ၃။ ၄ခ ၁၃၇၂ - မှန်လုံဂျစ်ကား၊ အရာရှိတွေပါပုံရ။ ဒါ - ကိုယ်တိုင် ဘုန်းကြီးတွေကြွတဲ့လမ်းတလျောက် ကိုယ်တိုင်လိုက်သွားခဲ့တဲ့ လူတယောက်က ပြန်ပြောပြတာတွေပါ၊ ဘာဖြစ်လို့ ဒီလို လိုက်နေတာလဲ။ ဖြိုခွဲမှုမှာ ကိုယ်တိုင် ကြီးကြပ်ကြဖို့လား။ သံဃာတော်တွေထဲက ပေါက်ကွဲထွက်လာရင် အချိန်မီ အချိုသတ် ထိန်းသိမ်းနိုင်ဖို့လား။ ဒါမှမဟုတ် သံဃာတော်တွေကို သူတို့ထဲက သူတို့ကိုယ်တိုင်မသိတဲ

စက်တင်ဘာဟာ ဒီနေ့ထိ စီးဆင်းနေတယ်

စာရွက်တွေ ဘောပင်တွေ မမြင်ရမှ စာရေးချင်စိတ်က ယင်းထနေခဲ့တယ်။ နာရီဝက်လောက် ရေးချိုးပေးဆင်းတဲ့အခိုက်လေးမှာ လမ်းပေါ်က သဲတွေခဲတွေကို ဆွပြီး အရေးအခင်းကာလ ထောင်မီးလောင်တုန်းက ဒီဘက် တိုက်ဝင်းထဲ လွင့်စင်ကျခဲ့တဲ့ မီးသွေးဖြစ်နေတဲ့ သစ်သားစလေးတွေ လိုက်ကောက်တယ်။ ပြီးတော့ စိတ်ထဲတေးပြီး ရေးဖြစ်တာလေးတွေ အခန်းနံရံပေါ်မှာ ချရေးတယ်။ ညအိပ်ရင် နံရံပေါ်က စာပိုဒ်လေးတွေ စိတ်ထဲ အလွတ်ကျတ်နေခဲ့တယ်။ တလာစီမယ်ကြားတာနဲ့ နံရံပေါ်က စာတွေ အစအနမကျန်အောင် ဖျက်ပစ်ရပြန်ရော။ ရေးမှတ်သိမ်းဆည်းခွင့်မရတဲ့အခါ ကဗျာတွေကို စိတ်မှာ အထပ်ထပ်ရွတ်ဖတ်ရင်း အလွတ်ရခဲ့တော့တယ်။ ၁၉၉၀ ခုနှစ်ရဲ့ စက်တင်ဘာ ၂၅ ဟာ အင်းစိန်ထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေအတွက် သမိုင်းဝင် တိုက်ပွဲနေ့ တနေ့ ဖြစ်ခဲ့တယ်။ ၂၄ ရက်နေ့ညမှာ မနက်ဖြန်မနက် ဘာဖြစ်မယ်လို့ ကြိုမသိခဲ့ကြဘူး။ မိန်းမဆောင်နဲ့ ကြိုးတိုက်ဘက်ဆီက လက်ခုပ်သံတွေ အော်သံတွေကို မသဲမကွဲ မကြားဖြစ်ခင် ညဦးပိုင်းမှာပဲ နောက်နေ့ကျမယ့် မွေးနေ့အတွက် ရေးဖြစ်တဲ့ကဗျာတပုဒ်ကို တခြားအခန်းတွေအားလုံးကြားအောင် ရွတ်ဆိုခဲ့တယ်။ မထင်မှတ်ပဲ တိုက်ပွဲအကြိုဖြစ်ခဲ့ရတာ အခုနေပြန်တွေးမိတော့ မှတ်မှတ်ရရ ဖြစ်ရပြန်တယ်။ တနေ့လုံး အသံကုန်အော်ကြ၊ တခန်းတလှည့်

စားပွဲကို အချစ်နဲ့ ထုကြပါစို့

Bilde
ညစ်ထေးသလောက် လှပတဲ့ အဲဒီဧရာဝတီဆိုတဲ့ မြစ်ကြီးဘေးမှာပဲ သူ့ဘ၀ကို အသစ်စခဲ့ပါတယ်ဆိုတဲ့၊ မြန်မာပြည်က ပိတောက်ပန်းအကြောင်း ကဗျာဖွဲ့ခဲ့တဲ့၊ ကဗျာဆိုတာ ကျနော်တို့တွေ လုပ်ငန်းခွင်မှာ ၀တ်ထားတဲ့အ၀တ်အစားလိုပဲ မသန့်စင်နိုင်ဘူးလို့ ဆိုခဲ့တဲ့ ကြီးမြတ်သောကဗျာဆရာလူဆိုးကြီး နီရူဒါ ရဲ့ သစ်ခုတ်သမားနိုးကြားလော့ ကဗျာရှည်ကြီးထဲက နောက်ဆုံးအပိုဒ်တပိုဒ်ပါ။ . ................................ အိပ်မက်တွေထဲမှာ ငါဟာ အိမ်ကိုပြန်ရောက်နေတယ၊် အဲဒီမှာ လေဟာ စပါးကျီကိုခေါက်နေတယ် ပင်လယ်က ရေခဲတွေကို ပက်နေတယ် ငါဟာ ကဗျာဆရာတယောက်သာဖြစ်တယ် သင်တို့အားလုံးကို ငါချစ်တယ်၊ ငါချစ်တဲ့ ကမ္ဘာကြီးထဲမှာ ငါလျောက်သွားတယ် ငါ့တိုင်းပြည်မှာ သူတို့ဟာ သတ္တုတွင်းတူးသမားတွေကို ထောင်သွင်းအကျဉ်းချထားပြီး သူတို့တွေက တရားသူကြီးတွေကို အမိန့်တွေပေးနေကြတယ်။ ဒါပေမယ့် အေးစက်တဲ့ငါ့တိုင်းပြည်ကလေးမှာ သစ်မြစ်တွေကိုတောင် ငါချစ်တယ်၊ တကယ်လို့ အကြိမ်ပေါင်းတထောင်သေလို့ရှိရင် အဲဒီမှာပဲ ငါသေချင်တယ်၊ တကယ်လို့ အကြိမ်ပေါင်းတထောင်ပြန်မွေးရင်လည်း အဲဒီမှာပဲ ငါမွေးချင်တယ်၊ မြင့်မားတဲ့ထင်းရူးရိုင်းပင်ကြီးတွေနားမှာ မုန်တိုင်းထန်တဲ့တောင်လေမှာ အသစ်ဝယ်ထားတဲ့ခေါင်းလောင်းတွေနာ

သူကောက်သိမ်းလိုက်တာက နွေဆံမြိတ်ပေါ်က ပန်းနုတိမ်ကလစ်ကလေးတချောင်း

Bilde
ဒီကနေ့ မိုးရွာမယ် ကြေငြာထား ပေမယ့်မနက်ပိုင်းကလေး နေတပြိုက်လောက် လင်းလိုက် သေးတယ်။ ငယ်ငယ်က ကျောင်း ပြေးတဲ့အကျင့်က မပျောက်ဘူး။ ဒီမနက်လည်း ကျောင်းမရောက်ပဲ မြို့ထဲရောက်သွားတယ်။ ကော်ဖီ သောက်တယ်။ ရေကန်ဘေး သွားထိုင်ရင်း ဟိုငေး ဒီငေး၊ ဟိုတွေးဒီတွေး၊ FM ရေဒီယိုလေးနားထောင်။ နွေတုန်းကလောက် အရောင်မစုံတော့ပေမယ့် မြို့ကလေးက ပန်းပွင့်တွေနဲ့ ဝေဆာဆဲ။ အစက ပန်းတွေ ဘာလို့ ဒီလောက်ပွင့်ပါလိမ့်လို့ တအံ့တသြ ဖြစ်ခဲ့မိတယ်။ နောက်တော့မှ ပွင့်မယ့်ဆဲဆဲ ပန်းတွေ အိုးလိုက်အိုးလိုက် မြေကြီးထဲ လာစိုက်ကြတာကိုး။ သည်တော့လည်းဧည့်ခန်းထဲ အလှထိုးသလို ပန်းတွေက အကန့်လိုက်၊ အလွှာလိုက်၊ တထပ်ပြီး တထပ် အရောင်စုံစပ်ပြီး လှနေတော့တယ်။ သြော် မြို့ကြီးကိုက ပန်းအိုးကြီးတလုံး ဖြစ်နေခဲ့တာကိုး။ အခုတော့ ဆောင်းဦးကျကာစ။ နှင်းတွေမမြင်ရသေးပေမယ့် အပူချိန်က တဆယ်ဝန်းကျင် အောက် ကျလာနေပြီ။ တောင်ပတ်လည်ဝိုင်းတဲ့မြို့မို့ တိမ်တွေက တောင်တက်ကော တောင်ဆင်းပါ မိုးစက်တွေ သွန်းသွန်းချနေတော့တာပဲ။ ပင်လယ်ဘက်က လေ၊ တောင်ကြားကလေ၊ ရေလက်ကြားတွေထဲက လေ၊ လေက မျက်နှာစုံက လှည့်တိုက်နေသေးတယ်။ လေကော မိုးရေပါ လက်ဖျားတွေကို အေးစက်စေတာမို့ကဗျာဆန်ဆန် မိုးရေထဲလမ်းလျောက်ချင်လို့မရ။

ဇာခန်းဆီးပေါ်ကလိပ်ပြာတကောင်

၂ ၀၀၅ ခုနှစ်ရဲ့ နေလည်ခင်းတခုမှာဖြစ်သည်။ စိတ်က ဟာလာဟင်းလင်း။ လက်ထဲရောက်လာသည့် ဘောပင်တချောင်းကို ဟိုခြစ်ဒီခြစ်လုပ်ရင်း စာရွက်ပေါ် စကားလုံးတချို့ အမှတ်မထင် ချရေးဖြစ်သွားသည်။ စကားလုံးတွေက မကြာခင် အသံတွေမြည်လာသည်။ အဓိပ္ပါယ်တွေ လှုပ်ခါထွက်လာသည်။ ကစားပွဲတခုထဲ ကျွံကျသွားသလားထင်ရသည်။ တကယ်က လူတယောက်ရဲ့ဘ၀မှာလည်း အသံတွေရှိသည်။ ၀ှက်နေတဲ့ အဓိပ္ပါယ်တွေ၊ ငုပ်နေတဲ့ အဓိပ္ပါယ်တွေ ရှိသည်။ ဆိပ်ကမ်းတခုမှာ စာကြောင်းတွေ ဆိုက်ကပ်မိတဲ့အခါ ခါးကိုဆန့်၍ ထရပ်လိုက်သည်။ တခါတလေ ကဗျာဆိုတာ ဒီလိုပဲ တိုးဝှေ့တိုက်ခတ်လာတတ်သည် မဟုတ် လား။ ပိတ်မထားဖြစ်ပေမယ့် စိတ်တံခါးမှာ ဇာနားတပ်ခန်းစီးစလေးတွေက လှုပ်ခါလို့..။ နှလုံးသားထဲကသစ်ရွက်တွေကို လေတိုက်နေတယ် သရက်ကိုင်းပေါ်မှာနားနေတဲ့ငှက်တကောင် မှတ်စုစာအုပ်လေးထဲ နေ့လည်ခင်းမင်အပြာနဲ့ရေးခြစ် နှစ်ပေါင်းများစွာပေါင်းခဲ့တဲ့မိန်းမကလည်း စစ်မျက်နှာတခုဖြစ်ခဲ့ အပေါ်ထပ်ကခြေသံကိုနားစွင့် အပြင်မှာလေတိုက်သံ၊ ကားမောင်းဝင်လာသံ မင်းသမီးကမင်းသားကိုပါးရိုက်လိုက်တဲ့အခန်းမှာ လက်ကဘောပင်ကိုခဏချတယ်။ ဘ၀အကြောင်းလား အတွေးအခေါ်အကြောင်းလား မအောင်မြင်တဲ့တိုက်ပွဲလား၊ ကဗျာမရေးဖြစ်ဘူး မနေ့ညကမအိပ်ဖြစ်ဘူး စောင့်နေတဲ့ဖု

အဝေးပြေးလမ်းမကြီးပေါ်မှာရပ်လို့မရဘူး

ကျနော့်အသံဟာမောနေတယ် ကျနော့်အသံဟာအနားတွေဖွာနေတယ် ကျနော့်အသံဟာဒယီးဒယိုင်ဖြစ်နေတယ် ကျနော့်အသံဟာဂမူးရှုးထိုးပြေးနေတယ် ကျနော့်အသံဟာလေနောက်လွင့်ပါသွားတယ် ကျနော့်အသံဟာတဖြုတ်ဖြုတ်ကြွေကျနေတယ် ကျနော့်အသံဟာပြေးလမ်းပိတ်နေတယ် ကျနော့်အသံဟာမီးနီကိုမရပ်ပဲမောင်းတယ် ကျနော့်အသံဟာတံခါးကိုတွန်းဖွင့်တယ် လှေကားအတိုင်းပြေးဆင်းတယ် ဘက်စ်ကားမမီဘူး ခုံတန်းလျားမှာစိတ်ပျက်လက်ပျက်ထိုင်တယ် အပြေးလေ့ကျင့်နေတဲ့ကောင်မလေးကိုငမ်းတယ် ညနေစာ၊ အိပ်ယာ၊ ဘီယာဘား ကိုယ့်ကိုယ်ကိုယ်စက်ဆုပ်တယ် ခဏကြာတော့ဝမ်းနည်းပြီးငိုတယ် မင်းကမူးရင်ငိုတယ် မင်းကမူးရင်အကုန်လုံးပြောတယ် မင်းကမူးရင်ကိုယ့်မိန်းမကိုလူတကာလိုက်ပေးတယ် မင်းကမူးရင်အန်လိုက်ရမှ အန်ဖတ်ကိုလက်ခုပ်နဲ့ခံတဲ့သူငယ်ချင်း ဘလက်ကော်ဖီထဲသံပုရာသီးညှစ်ပေးတဲ့သူငယ်ချင်း သူ့အိပ်ယာကိုပေးအိပ်တဲ့သူငယ်ချင်း ချစ်လို့ယူခဲ့တဲ့ကဗျာကို ဘာအကြောင်းပြချက်မှမပေးပဲကွာရှင်းခဲ့သူ...။ ကျနော့်အသံဟာခြေပစ်လက်ပစ် မင်းကမူးရင်ကိုယ့်အိမ်မဟုတ်တဲ့တံခါးကိုခေါက်ရမှ သူ့အချစ်ကခလေးတယောက်ပါတယ် လူကြီးလူကောင်းဆန်လှတဲ့သူငယ်ချင်းရေ အိုအောင်မင်းအောင်ဖူးပွင့်လိုက် ဒီလမ်းပေါ်မြို့ကြီးတွေအပြင်းမောင်းနေစဉ်။ ။

သံခြေကျင်းခတ်လည်း ဒီခြေထောက်တွေက မရပ်ဘူး

ြ ပီးခဲ့တဲ့အပတ် လူလေးယောက်နဲ့ ကွင်းဖွင့်ခဲ့တဲ့ ညသန်းခေါင်လူဖမ်းပွဲဟာ မိုးလင်းတော့ ၁၃ ယောက်ဖြစ်သွားတယ်။ အဖမ်းအဆီးတွေကို အနီးကပ် စောင့်ကြည့်နေတဲ့ သတင်းဌာနတွေရဲ့အဆိုအရ နောက်တပတ်အကြာမှာ လူ ၆၀ ကျော်သွားတယ်။ အခုတော့ တရာဝန်းကျင်ရှိသွားပါပြီ။ အမေရိကန်၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာက ၀ိုင်းဝန်းကန့်ကွက်နေပေမယ့် အဖမ်းအဆီးတွေက ရပ်သွားမယ့်ပုံ မရှိသေးပါဘူး။ ဥပဒေဘောင်အတွင်းကနေ ငြိမ်းချမ်းစွာ နိုင်ငံရေးလုပ်ချင် သူတွေလည်း ၀ရမ်းအထုတ်ခံရ၊ ဟိုပြေးဒီရှောင်ရ ဖြစ်နေပါတယ်။ အခု အဖမ်းခံရတဲ့သူတွေထဲက တော်တော်များများဟာ သူတို့ဘ၀ရဲ့ အကောင်းဆုံး အချိန်တွေကို ထောင်ထဲမှာ ဆုံးရှုံးခဲ့ကြရဘူးတဲ့ သူတွေပါ။ သူတို့ရဲ ပေးဆပ်မှုဟာ သိကြားမင်း မျက်ရည်ကျလောက်ပါတယ်။ ၂၀၀၀ ခုနှစ်ဝန်းကျင်လောက် ထောင်ထဲကပြန်ထွက်လာတဲ့ နိုင်ငံရေးအကျဉ်းသား ဟောင်းတွေစုစည်းပြီး အထဲမှာကျန်ရစ်ခဲ့တဲ့ ရဲဘော်ရဲဘက် နိုင်ငံရေးအကျဉ်း သားတွေအတွက် တတ်နိုင်သလောက် အားပေးကူညီနိုင်ဖို့ နယ်စပ်တနေရာမှာ အသင်းကလေးတခု ဖွဲ့ဖြစ်ခဲ့ကြပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) အေအေပီပီ လို့ခေါ်ပါတယ်။ ဒီအသင်းက နယ်စပ်မှာ မြန်မာပြည်သူတွေရဲ့ဘ၀၊ မြန်မာနိုင်ငံက နို