Innlegg

Viser innlegg med etiketten စိတ်ကူးဆေးစက်

အဲဒီညနေက ကားမှတ်တိုင်မှာ

ကျနော် ဘက်စကား စောင့်နေသည်။ သည်ဝါကျမှာ အပိုင်းသုံးပိုင်းပါသည်။ ကျနော်..ဘက်စကား..စောင့်နေသည်။ ကျနော်သည် ပြုလုပ်သူဖြစ်သည်။ ဘာလုပ်သလဲ။ စောင့်နေသည်။ ဘာကိုစောင့်နေသလဲ။ ဘက်စ်ကားကို စောင့်နေသည်။ ဘက်စ်ကားသည် စောင့်နေခြင်း ခံရသူဖြစ်သည်။ ကျနော် ပြန်စဉ်းစားသည်။ ကျနော်က ပြုလုပ်သူဆိုလျင် အခြေအနေကို ဖန်တီးခွင့် ကျနော့်မှာ ရှိရပေမည်။ ကျနော်စောင့်နေလျင် ဘက်စ်ကားက လာကိုလာရမည်။ ဘက်စကားသည် ကျနော့်စေခိုင်းရာအတိုင်း လုပ်သူဖြစ်ရမည်။ သူက ပြုလုပ်ခံရသူဟု ဆိုထားသည် မဟုတ်လား။ မှတ်တိုင်မှာ ကျနော်ရပ်နေပုံကလည်း ဘက်စ်ကားကို လာကိုလာရမည်ဆိုသည့် ဟန်ပန်ဖြင့် စောင့်နေပုံမျိုးဖြစ်သည်။ အမှန်တကယ်ကျတော့ သည်လိုမဟုတ်ပါ။ ဘက်စ်ကားက ကျနော်စောင့်နေသည့်အတွက် လာမည်ဆိုသည့်သဘော မဟုတ်ပါ။ အကြောင်းတစုံတရာကြောင့် အချိန်အကြာကြီးကြာမှ လာချင်လာပါလိမ့်မည်။ ဒါမှမဟုတ် အကြောင်းတစုံတရာကြောင့် မလာပဲလည်း နေချင်နေပါလိမ့်မည်။ သေချာသည်မှာ ဘက်စ်ကားလာမှ ကျနော်သွားလိုရာကို သွားနိုင်မည်ဖြစ်သည်။ သည်ခရီးကို အခြားနည်းလမ်းများထက် ဘက်စ်ကား စီးသွားမှ ဖြစ်နိုင်သောကြောင့် ကျနော် ဘက်စ်ကားကို စောင့်နေခဲ့ခြင်းဖြစ်သည်။ ကျနော်က စောင့်နေရသူ ဖြစ်ပါသည်။ စောင့်နေသောကြောင...

အတွင်းနဲ့အပြင် အသံနဲ့အာကာသ.. ငါတို့ထွက်ပြေးကြပါစို့

အပြင်ကိုခုန်ထွက်လိုက်တာ တွင်းတခုထဲပြုတ်ကျတယ် အပြင်အပမြင်ရတဲ့အရာတွေထဲ ငါတို့ဖမ်းချုပ်အကျဉ်းချခံရတဲ့အခါ ဖေါက်ထွက်ဖို့ကြိုးစားကြတယ် ငါတို့တွန်းလှန်တယ် မြင်ရတဲ့အရာတွေရဲ့ဟိုဘက်ပြေးထွက်တယ် ပြေးနိုင်ရင်လွတ်မယ်ထင်တယ် ဗဟိဒ္ဓတွေကိုအစစ်လို့ထင်တယ် ပျို့တက်လာတာတွေကိုမျိုမျိုချတယ် ဒါမှမဟုတ်အော်ဟစ်ပစ်လိုက်တယ် ပေါက်ကွဲမှုတွေမှာတခါတရံလမ်းသစ်ရှာတယ် အသံတွေကိုဘာသာပြန်တဲ့အကျင့်ကပါနေပြီ အသံတွေကိုအသံတွေအတိုင်းရွတ်ဖတ်ဖို့လိုတယ် စကားလုံးတွေနဲ့တိုက်တိုက်မကြည့်ပါနဲ့ အသံတွေကိုအသံတွေအတိုင်းစိတ်ထဲနှစ်လိုက် အသံတွေကိုအသံတွေအတိုင်းစီးပါသွားလိုက် ခံစားဖို့ထက်နားလည်ဖို့ကပိုအရေးကြီးနေရင် ခုန်ထွက်လိုက်တိုင်း တွင်းထဲကျကျနေမှာပဲ အဇ္ဇတ္တထဲဘယ်တံခါးပေါက်က၀င်မလဲ တံခါးတိုင်းပွင့်နေတာတော့မဟုတ်ဘူးပေါ့ ဒါပေမယ့်တွန်းဖွင့်လိုက်ပါ မင်းအ၀င်ချင်ဆုံးတံခါးပေါက်ကိုသာမင်းတွန်းဖွင့်လိုက်ပါ ပထမဆုံးအရေးကြီးတာကဖွင့်မိဖို့ပဲ ခုန်ဆင်းလိုက်မိပြီလို့ထင်ကောင်းထင်မယ် အတွင်းထဲဝင်တာပိတ်မိတယ်ထင်မယ် တကယ်ကအာကာသဆိုတာနေရာတိုင်းမှာရှိတာ မော့မော့ကြည့်ရတိုင်းလှမ်းလှမ်းကြည့်ရတိုင်း ဟိုးအဝေးမှာအဝေးအဝေးတနေရာမှာ အာကာသဆိုတာကိုယ်နဲ့အဝေးကြီးမှာအဲလိုမဟုတ်ဘူး အဇ္ဇတ္တထဲမှာမြ...

ကျနော်တို့ရေးခဲ့တဲ့အရုပ်များ

နှလုံးသမားအတွက်တော့ ဆေးလိပ်ထက် ဆေးတံက ပိုသင့်တော်တယ်ဗျ အေးဗျာ ကျေးဇူးပဲ ဒါနဲ့ ကျုပ် ခင်ဗျားအိမ်မှာ တညနှစ်ညလောက် နေအုန်းမယ်ဗျာ နော့် ခင်ဗျားသဘောပေါ့ဗျာ အိမ်ရှင်က လက်ဆောင်ရတဲ့ ဆေးတံအသစ်ကလေးကိုဖွာရင်း ဧည့်သည်ဖြစ်တဲ့ သူ့သူငယ်ချင်း မျက်နှာကို မီးခိုးငွေ့တွေကြားက ပြုံးကြည့်နေလိုက်တယ်။ ပြီးမှ အင်း ဒီမှာ ခင်ဗျားကိုပြောရအုန်းမယ် ဆိုပါအုန်းဗျ လူတယောက်မှာ ငှားလို့မရတဲ့အရာ ၂ ခု ရှိတယ်တဲ့ အင်း တခုက ဆေးတံ၊ နောက်တခုက ကိုယ့်မိန်းမ ဟားဟား မီးဖိုခန်းလေးထဲက အဖိုးကြီး ၂ ယောက်ရဲ့ ကော်ဖီဝိုင်းဟာ နည်းနည်း ပေါ့ပေါ့ပါးပါးရှိသွားတယ်။ တကယ်က သူတို့ ၂ ယောက်စလုံး မုဆိုးဖိုတွေ။ အိမ်ရှင်အဖိုးကြီးက သားသမီး ၃ ယောက်ရှိတယ်။ အကြီးမက နေချင်သလိုနေ၊ လုပ်ချင်ရာလုပ်တဲ့ အနုပညာသမား။ လူနားမလည်တဲ့ ပန်းချီတွေဆွဲတယ်။ ကဗျာရေးတယ်။ မိန်းမအချင်းချင်း အတူတူနေတယ်။ အလတ်ကောင်က အောင်မြင်စ စီးပွားရေးသမား။ ငွေရှာတာ တခုပဲ နားလည်တယ်။ မိန်းမကြောက်ရတယ်။ အငယ်ဆုံးသမီးကတော့ အမေမရှိတော့လို့ မျက်စိသူငယ်ဖြစ်ကျန်ခဲ့တဲ့ မအူမလည်ကလေး။ အလုပ်လုပ်ရင်း အဖေကို ပြုစုစောင့်ရှောက်တတ်ပေမယ့် လောကအကြောင်း ဘာမှ နားမလည်။ ကဲ ဘယ်လိုလဲ အဖေ။ ကိုယ့်ကိုယ်ကိုယ် သင်ချိုင်းဆက်ပု...

သူကောက်သိမ်းလိုက်တာက နွေဆံမြိတ်ပေါ်က ပန်းနုတိမ်ကလစ်ကလေးတချောင်း

Bilde
ဒီကနေ့ မိုးရွာမယ် ကြေငြာထား ပေမယ့်မနက်ပိုင်းကလေး နေတပြိုက်လောက် လင်းလိုက် သေးတယ်။ ငယ်ငယ်က ကျောင်း ပြေးတဲ့အကျင့်က မပျောက်ဘူး။ ဒီမနက်လည်း ကျောင်းမရောက်ပဲ မြို့ထဲရောက်သွားတယ်။ ကော်ဖီ သောက်တယ်။ ရေကန်ဘေး သွားထိုင်ရင်း ဟိုငေး ဒီငေး၊ ဟိုတွေးဒီတွေး၊ FM ရေဒီယိုလေးနားထောင်။ နွေတုန်းကလောက် အရောင်မစုံတော့ပေမယ့် မြို့ကလေးက ပန်းပွင့်တွေနဲ့ ဝေဆာဆဲ။ အစက ပန်းတွေ ဘာလို့ ဒီလောက်ပွင့်ပါလိမ့်လို့ တအံ့တသြ ဖြစ်ခဲ့မိတယ်။ နောက်တော့မှ ပွင့်မယ့်ဆဲဆဲ ပန်းတွေ အိုးလိုက်အိုးလိုက် မြေကြီးထဲ လာစိုက်ကြတာကိုး။ သည်တော့လည်းဧည့်ခန်းထဲ အလှထိုးသလို ပန်းတွေက အကန့်လိုက်၊ အလွှာလိုက်၊ တထပ်ပြီး တထပ် အရောင်စုံစပ်ပြီး လှနေတော့တယ်။ သြော် မြို့ကြီးကိုက ပန်းအိုးကြီးတလုံး ဖြစ်နေခဲ့တာကိုး။ အခုတော့ ဆောင်းဦးကျကာစ။ နှင်းတွေမမြင်ရသေးပေမယ့် အပူချိန်က တဆယ်ဝန်းကျင် အောက် ကျလာနေပြီ။ တောင်ပတ်လည်ဝိုင်းတဲ့မြို့မို့ တိမ်တွေက တောင်တက်ကော တောင်ဆင်းပါ မိုးစက်တွေ သွန်းသွန်းချနေတော့တာပဲ။ ပင်လယ်ဘက်က လေ၊ တောင်ကြားကလေ၊ ရေလက်ကြားတွေထဲက လေ၊ လေက မျက်နှာစုံက လှည့်တိုက်နေသေးတယ်။ လေကော မိုးရေပါ လက်ဖျားတွေကို အေးစက်စေတာမို့ကဗျာဆန်ဆန် မိုးရေထဲလမ်းလျောက်ချင်လို့မရ။...

အ၀ါရောင်ပင်လယ်

Bilde
ဟိုမှာ ငုပန်းတွေ ဟု သူပြောမိသည်။ တကယ်တော့ ငုပန်းတွေမဟုတ်။ အရွက်စိမ်းကလေးတွေကြား အပွင့်ဝါနုစိပ်လေးတွေ အဆိုင်းလိုက်ကျနေပုံကတော့ တကယ့်ငုပန်းကလေးတွေပင်။ အပွင့်ဆိုင်းဝါ၀ါတို့ ပင်လုံးပြည့်ပွင့်ဝေကာ အကိုင်းအခက်တို့ ညွုတ်တွဲကျဟန်ကအစ ငုပင်ငုအလှဟု ယုံမှတ်မှားရသည်။ တကယ်တော့ ငု မဟုတ်ပါ။ ငုပင်တွေက သိပ်မြင့်မားသည်မဟုတ်။ ငုပွင့်အဆုပ်အဆိုင်းတို့ကလည်း လက်တကမ်းမှာပဲမို့ ဆွတ်ချင်ခူးချင်စိတ်ကို တားရခက်သည်။ နွေနေရောင်စူးစူးအောက် ငုအ၀ါက ပျော်ကျနေသည်။ ပန်မလားဟင် ဟု မေးရင်း သူက ငုအခက်ငုအကိုင်းတို့ကို လှမ်းခုန်ခူးပေးခဲ့ဘူးသည်။ သည်တုန်းက ကောင်ကလေးရဲ့မသည် ငုပွင့်တွေတခေါင်းလုံးဝေကာ ချစ်ရည်ရွှန်းလဲ့နေခဲ့သည်။ ကန်တော်ကြီးရေပြင်ကိုဖြတ်တိုက်လာသည့်လေက ကောင်ကလေးနှင့်သူ့မတို့၏ တဒင်္ဂကလေးကို ဆွတ်မြစေခဲ့ဘူးပါသည်။ ငုသည်အ၀ါ၊ ပိတောက်သည်အ၀ါ။ ရွှေကလည်း အ၀ါတမျိုးပင်။ မြန်မာ့မြေသည် အ၀ါနှင့်ထုံခဲ့သည်။ မြန်မာကောင်ကလေးသည် အ၀ါတွေကြား ကြီးပြင်းခဲ့သူ။ ကောင်ကလေးရဲ့မ အသားအရည်ကလည်း ၀ါဝင်းနေသည်။ ကောင်ကလေးငယ်စဉ်က ကြည်ပြာရောင်ကလေးနဲ့ ရွှေဝါနွယ်ကလေးနဲ့ နှောတဲ့အခါ မြစိမ်း စိမ်းတော့တယ်ဆိုတဲ့သီချင်းကို အမြဲလိုညည်းနေခဲ့ဘူးသည်။ သို့ပေမယ့် ကောင်ကလေးရဲ့မ...

ကျနော့်ရဲ့မျဉ်းကြောင်းများ

Bilde
ရင်ပြင်တော်ပေါ်မှာ ထီးတွေ၊ လူမျက်နှာတွေ။ အလဲဗင်းသတင်းဂျာနယ်မျက်နှာဖုံးပေါ်က မျက်နှာပြည့်ဓါတ်ပုံက ကျနော့်ကိုဖမ်းစားလိုက်တယ်။ ဓါတ်ပုံကိုလည်း သပ်သပ်ဖြတ်ထုတ်ပြီး သိမ်းလိုက်တယ်။ နောက် ဒက်စတော့ပေါ်တင်ထားလိုက်တယ်။ ဒါနဲ့အာသာကမပြေဘူး။ တခုခုလုပ်ချင်နေသေးတယ်။ ကဗျာရေးမလား။ ဟင့်အင်း။ စကားလုံးတွေထက်တခုခုကို ပိုအာသီသဖြစ်နေမိတယ်။ တနေ့ကကြည့်ဖြစ်တဲ့ရုပ်ရှင်ထဲမှာ ဇာတ်လိုက်ကလူသတ်သမား။ မွေးရာပါသူ့ထူးခြားချက်တခုကြောင့် လူမသတ်ချင်ပဲသတ်ရ။ တယောက်သတ်ပြီးတိုင်း သူ့မှာနာကျင်ကြေကွဲရ။ သူ့ခန္ဒာကိုယ့်လှုံ.ဆော်လာတဲ့အခါ လူသတ်လိုက်ရမှ သူ့မှာလူကောင်းပြန်ဖြစ်၊ ပြန်ကျန်းမာ။ ကောင်းနေတဲ့အချိန်မှာ သူ့ရဲ့ထူးခြားတဲ့အရည်အသွေးကို အသုံးပြုပြီး လူတွေကိုထူးချွန်စွာကယ်တင်တဲ့ ဆရာဝန်ဘ၀။ သူ့ချစ်သူကသူ့လျို့ဝှက်ချက်ကိုသိသွားတဲ့အချိန်မှာ သူ့ခန္ဒာကိုယ်က သူ့ကိုလူသတ်ဖို့လှုံ့ဆော်နေတဲ့အချိန်။ သတ်ရမှာက သူ့ချစ်သူ။ ချစ်သူကိုမသတ်ပဲဝေဒနာကိုခံစားရင်းသာ သူ့ဘ၀ကိုဇာတ်သိမ်းလိုက်ဖို့ဆုံးဖြတ်ထားပေမယ့် ချစ်သူရဲ့နားလည်မှုကိုမရပဲ ရွံရှာမုန်းတီးမှုကိုသာ နာကျင်စွာလက်ခံလိုက်ရတဲ့အဖြစ်။ သူ့တအိမ်ခန်းလုံးမှာ သူဆွဲထားတဲ့ပန်းချီကားတွေ။ သူ့ဝေဒနာက ထွက်ပြေးဖို့ကြိုးစားတိုင်...