Innlegg

Viser innlegg med etiketten သတင်းအတွေး

သပြေခက်တွေကို တွက်ရေလို့စောင့်ပေတော့ ..

Bilde
အာဏာက လူကို ရူးသွပ်စေတယ်။ မေတ္တာတရားက လောကကြီးကို ပွင့်ဖူးစေတယ်။ အိုလူကြီးမင်း.... ဒီသေးကွေးတဲ့လက်ကလေးထဲက အရှိန်အဟုန်နဲ့စီးကျလာတဲ့ ကြီးမားတဲ့မေတ္တာတရားကို ခင်ဗျား သယ်ဆောင်သွားပါ။ ပြီးတော့ သွေးမခြောက်သေးတဲ့လက်တွေကို ခင်ဗျားဆွဲရမ်းနှုတ်ဆက်တဲ့အခါ အဲဒီ့မေတ္တာတရားနဲ့ သူတို့ရဲ ဆောက်တည်ရာမဲ့နေရှာတဲ့စိတ်တွေကို ငြိမ်းသတ်ပေးနိုင်ပါစေသတည်း။

အဝေးကမီးရောင်ကို လှုံကြ

တနေ့က ဘီဘီစီ သတင်းမှာ လူအုပ်နှစ်အုပ်ကို တွေ့လိုက်ရသည်။ တအုပ်က မီးပွိုင့်တွေကို ရိုက်ချိုးသည်။ ကားတွေကို မီးရှို့သည်။ ရဲတွေကို ခဲနဲ့ပေါက်သည်။ ဒေါသတကြီးအော်ဟစ်ကြ၊ ပြေးကြလွှားကြ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြို့လည် လမ်းမတွေပေါ်ထိ ပျံနှံ့လာသည့် ကျောင်းသားဆန္ဒပြပွဲသတင်းဖြစ်သည်။ သည်ပုံရိပ်တွေက ဂဂ ခုနှစ် ရန်ကုန်မြို့လည်လမ်းမတွေပေါ်က မေ၊ ဇွန် အခြေအနေတွေကို သတိရစေသည်။ သည်တုန်းက လုံထိန်းကားတွေ မီးရှို့ခံရ၊ အချုပ်ကားထဲ အပြစ်မဲ့သူတွေ လူမဆန်စွာ သေကြရ၊ လူမမယ်ကျောင်းသားလေး တွေ ကားနဲ့တိုက်သတ်ခံရ။ သတင်းထဲက နောက်လူတအုပ်ကတော့ သေ၀ပ်ဆိတ်ငြိမ်စွာ၊ သို့သော် တည်ငြိမ်ခိုင်မာစွာ စီတန်းလမ်းလျောက်လာကြသည်။ ပိုစတာတွေမပါ။ ကြွေးကြော်သံတွေ လှိုင်းမထ။ ခရီးဝေးတခုမှန်းသိရက် လမ်းဆုံးထိရောက်ဖို့ ဆုံးဖြတ်ထားသည့် ငြိမ်းချမ်းတည်ကြည်သော မျက်နှာများပေါ်မှာ အမှန်တရားပီတိဖြင့် လင်းပွင့်နေသော အပြုံးကလေးများကိုပင် တွေ့နေရသည်။ တကယ်က သည်လို ကမ္ဘာ့သတင်းဌာနကြီးများပေါ် နေ့စဉ်မြင်တွေ့နေရသည့် က အကြမ်းဖက်မှုများ၊ စစ်ပွဲများ၊ သဘာဝကပ်ဘေးများ၊ ပြန်ပေးဆွဲမှုများ။ သည်သတင်းဌာနကြီးများ၏ ခေါင်းစီးသတင်းထဲပါလာလျင် တကမ္ဘာလုံးက အာရုံစိုက်မိသွားတတ်သည်။ တခါတလေ ကိုယ်...

မြန်မာတကျပ် ကရင်တကျပ်

Bilde
မနေ့က သြဂုတ် ၁၂ ရက်နေ့ဟာ ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး ကျဆုံးခဲ့ရတဲ့ ၅၇ ကြိမ်မြောက် ကရင်အာဇာနည်နေ့ပါ။ ကျနော်တို့ ဘာဂမ်မြို့ ကလေးရဲ့ အောင်ဆန်းစုကြည်ရုံးခန်းရှိရာ ရပ်ဖတို လူ့အခွင့် အရေးအဖွဲ့ရဲ့ ခန်းမဆောင်လေးမှာ ထိုင်းမြန်မာနယ်စပ်ကနေ ပြောင်းရွေ့အခြေချလာတဲ့ ကရင်အမျိုးသား တွေ စုစည်းပြီး အခမ်းအနားလေးတခု ကျင်းပခဲ့ကြပါတယ်။ စကားတွေပြောကြ၊ အောင်းမေ့ဖွယ်သီချင်းတွေ ဆိုကြနဲ့ပေါ့။ အုန်းနို့ခေါက်ဆွဲနဲ့ ဧည့်ခံတာမို့ ကျနော့်အကြိုက်ပါပဲ။ မိသားတစု ကလေးသုံးလေးယောက်ပါတာမို့ မျိုးဆက်သစ် အင်အားကလည်း အတော်တောင့်ပါတယ်။ ကရင်လူငယ်တဦးက သဘာပတိအဖြစ် စကားပြော ရာမှာ ကရင်အမျိုးသားရေးကို ဂန္နီကြီးတို့၊ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ လမ်းစဉ်အတိုင်း အကြမ်းမဖက် နှလုံးရည်နည်းနဲ့ တိုက်ပွဲဝင်ရင် အောင်မြင်နိုင်မယ်လို့ သူယုံကြည်ကြောင်း ပြောသွားတာကို ထူးထူးခြားခြား သတိ ထားမိခဲ့ပါတယ်။ ပြီးတော့ နက်ပေါ်မှာလိုက်ရှာရင်း သမာရိုးကျမဟုတ်တဲ့ အတွေးအမြင်များ unconventional thoughts and commentaries ဆိုတဲ့ အင်္ဂလိပ်လိုရေးထားတဲ့ ကရင်ရေးရာ ဘလော့တခုတွေ့တာနဲ့ လင့်တင်ပေးထားလိုက်ပါတယ်။ စိတ်ဝင်စားစရာ ဖတ်စရာ မှတ်စရာ ဘလော့တခုပါ။ ...

သေမင်းရဲ့အထက်မှာ ဘယ်သူမှမရှိ

Bilde
ဈေးကွက်ဂျာနယ်ထဲက ကာတွန်းလေးတပုဒ်ကို သဘောကျမိလို့ ပြန်ဝေငှလိုက်ပါတယ်။ မြန်မာပြည်မှာ ကာတွန်းဆရာတွေနဲ့ စာဖတ်သူတွေဟာ ၀မ်းတူးရိုက်ပြီး ဂိုးဝင်အောင်သွင်းနိုင်ကြပါတယ်ဆိုတဲ့ မြန်မာကာတွန်းဆရာတဦးရဲ့စကားကိုလည်း သတိရမိတယ်။ ဒီညနေမှာ တယောက်ကလက်တို့လိုက်လို့ မမေဓာဝီရဲ့ဘလော့မှာ ရုပ်ရှင်မင်းသားဒွေးကွယ်လွန်တဲ့သတင်းကို ဦးဦးဖျားဖျား ဖတ်လိုက်ရပါတယ်။ ဘီဘီစီညဘက်အစီအစဉ်မှာလည်း နားထောင်လိုက်ရတယ်။ သတင်းနှစ်ခုက သေဆုံးပုံနဲ့ပတ်သတ်လို့ နည်းနည်းတော့ ကွဲလွဲနေတာပေါ့လေ။ မမေဓာဝီရဲ့သတင်းအဆုံးမှာ ငါသည်မုချသေရမည်၊ အချိန်ပိုင်းသာလိုတော့သည် ဆိုတဲ့ တရားဆောင်ပုဒ်ကလေးနဲ့ အဆုံးသတ်ထားပါတယ်။ ကွန်မန့်မှာ အခြားတယောက်ကတော့ အသေမဦးခင် ဥာဏ်ဦးအောင်ကြိုးစားရမယ်လို့ ၀င်ရေးသွားတာ ဖတ်ရပါတယ်။ ကျနော်ကတော့ အပေါ်ကကာတွန်းနဲ့တွဲပြီး သေမင်းရဲ့အထက်မှာဘယ်သူမှမရှိလို့ ရေးချင်မိတယ်။ သေခြင်းနဲ့ယှဉ်စဉ်းစားလိုက်ရင် ကျနော်တို့အရေးတကြီးထားတဲ့အရာတွေအားလုံးဟာ ဘာမှမဟုတ်တော့ဘူး။ အာဏာတွေ၊ ရာထူးစည်းစိမ်တွေ၊ ငါဆိုတဲ့အတ္တတွေ၊ အောင်မြင်ကျော်ကြားမှုတွေ၊ အချစ်တွေ အမုန်းတွေ ဒါတွေအားလုံး ဘာမှမဟုတ်တော့ဘူး။ နည်းနည်းလေး ဆက်စဉ်းစားကြည့်မိတယ်။ ဒီနေ့မြန်မာပြည်မှာ ဖြစ်ပေါ်...