Innlegg

Viser innlegg fra juli, 2013

ဆောင်းရာသီရဲ့မှန်တံခါးပေါ်မှာ

Bilde
နှင်းခါးမိုး r-193 by Rolf  Hoff ဆောင်းရာသီရဲ့မှန်တံခါးပေါ်မှာ စာတကြောင်းကိုငါရေးချလိုက်တော့ ငါ့အာငွေ့ပေါ်မှာ ငါ့လက်ချောင်းကလေးတွေနဲ့ငါရေးချလိုက်တော့ ဒီစာတကြောင်းက အသံစူးစူးလေး တဖြတ်ဖြတ်လွင့်နေတဲ့ဂါဝန်အနားစလေး မရီတတ်မငိုတတ်ပြက်လုံးနဲ့ ဒီစာတကြောင်းက လေရူးနဲ့ခဲလုံးနဲ့သစ်ရွက်ခြောက်နဲ့ ငါရေးချလိုက်တော့ လမ်းကလေးနဲ့ အိပ်ယာဝင်ပုံပြင်ကလေးနဲ့၊ ငါနားအစုံကိုပိတ်ပြီး ဆောင်းရာသီရဲ့မှန်တံခါးပေါ်မှာ စာတကြောင်းကိုချရေးလိုက်တော့ ငါခေါင်းကိုခါယမ်းရင်း မှန်တံခါးပေါ်မှာ စာတကြောင်းကိုချရေးလိုက်တော့ ဘာမှမမြင်ရတဲ့မျက်လုံးတစုံနဲ့ စာတကြောင်းကိုချရေးလိုက်တော့ ဆိုင်ကယ်မောင်းရင်း မြွေတကောင်ကိုဖြတ်ကြိတ်မိတဲ့အခါ လမ်းပေါ်မှာ ပြားချပ်နေတဲ့မြွေအသေလေးတွေတွေ့ရတဲ့အခါ ငါ့အိပ်ခန်းပြတင်းရဲ့မှန်တံခါးပေါ်မှာ မြွေတကောင်လူးလွန့်သွားလာနေတော့ ဆောင်းရာသီအိမ်ခေါင်မိုးတွေပေါ် မီးခိုးလေးတလူလူနဲ့ခေါင်းတိုင်များရဲ့နောက်မှာ ၀င်ရိုးစွန်းအရိပ်ဟာမြွေတကောင်လို စာတကြောင်းလို ဆောင်းရာသီကိုငါရေးချလိုက်တော့၊ ရှုံးခဲ့တဲ့စစ်ပွဲတွေ တိုက်ပေါ်ကခုန်ချခဲ့တဲ့အချစ်တွေ ဘ၀မရှိတဲ့သစ်ပင်တွေ ဆောင်းရာသီရဲ့မှန်တံခါးပေါ်မှာ ပျက်နေတဲ့အပူပေးစက်နဲ့ ဆိုဖာခုံဟောင်းပေါ်ကမသိမ်း

ငှက်တကောင်ရဲ့ဆောင်းရာသီ

Bilde
နှင်းခါးမိုး By Sue Casson ငါထင်ထားတာလောက် ဒီဆောင်းက မဆိုးပါဘူး ငါထင်ထားတာထက် ဒီဆောင်းက ပိုဆိုးတယ် ငါ့အိပ်မက်နဲ့ ငါထူလိုက်တဲ့တအိုးတအိမ်ဟာ တိမ်ပြာသောနေ့လည်းဖြစ်ခဲ့သလို မုန်တိုင်းကျသောညလည်းဖြစ်ခဲ့တယ် ပြီးခဲ့တဲ့ဆောင်းဟာ ရေကန်ထဲမှာအရည်ပျော်သွားတဲ့အခါ နောက်တဆောင်းမတိုင်ခင် ဘယ်ရီသီးလေးတွေဟာ ချစ်ရေးဆိုချင်စရာ မင်းသားလေးရဲ့အပြာရောင်မျက်လုံးတစုံကို ငတ်ပြတ်နေတဲ့ပြဇာတ်ရေးဆရာလေးနဲ့ အိမ်မပြန်ရဲတဲ့ဆင်းရဲသူမလေးကိုပေးခဲ့ပြီ နောက်ဆုံးတော့ မြို့လည်ကဖြိုချပစ်ခဲ့တဲ့ နှလုံးလှမင်းသားလေးရဲ့ခြေရင်းမှာ ပျံလွှားငှက်အသေလေးတကောင် သူတို့တွေ့ရှိခဲ့ကြတယ် အဲဒီကြမ်းတမ်းတဲ့ဆောင်းက သူ့ကိုသတ်ပစ်ခဲ့တာလား မမျှတတဲ့လောကကြီးက သူ့ကိုသတ်ပစ်ခဲ့တာလား ချစ်တဲ့ကျုရိုးပင်လေးဆီ ဘယ်တော့မှသူမပြန်နိုင်တော့ပါ မီးလောင်သွားပေမယ့် နှလုံးသားဟာနှလုံးသားအတိုင်း သူမရှိတော့ပေမယ့် သူ့သီချင်းဟာသီချင်းအတိုင်း ဒါ ဘယ်လိုဆောင်းရာသီမျိုးလဲ ငှက်တကောင် မရပ်မနားပျံသန်းတယ်။ Ref: The Happy Prince by Oscar Wilde

သီချင်းထဲကငှက်

Bilde
နှင်းခါးမိုး Traditional Thai style painting on door of Buddhist temple ©  Boonsom  | Dreamstime.com သီချင်းထဲမှာငှက်တကောင်ပါရင် အဲဒီငှက်မှာ တေးတပုဒ်ရှိသတဲ့။ ဘယ်အပင်မှာနား ဘာသီးစားသလဲ ဘယ်အကိုင်းကူးကူး တကောင်တည်းပဲလား ဆောင်းဆို ဘယ်မှာခိုသလဲ နွေရင်ခွင်မှာ ပျော်ရွှင်ပါစေကွယ်။ သစ်ကိုင်းပေါ်မှာ ခုန်ဆွခုန်ဆွ မြက်ခင်းပေါ်မှာ ခုန်ဆွခုန်ဆွ လူသွားလမ်းပေါ်မှာ ခုန်ဆွခုန်ဆွ ပြီးတော့ ငါ့ခုံတန်းလျားပေါ်စွေ့ကနဲ ပြီးတော့ ငါ့လက်တန်းပေါ်မှာ ခုန်ဆွခုန်ဆွ ဟိုမှာဒီမှာ ခုန်ဆွခုန်ဆွ အစာရှာသလား အဖေါ်ရှာလေသလား မင်းဆိုနေတဲ့တပုဒ်တည်းသောတေးဟာ အလွမ်းအကြောင်းလား အချစ်အကြောင်းလား လောကဓံတရားနဲ့ ဆန်းပြားတဲ့ကံကြမ္မာအကြောင်းလား ပြီးတော့ ငါ့အကြောင်းလား ပြီးတော့ ငါ့ရှေ့ကဖြတ်လျောက်သွားတဲ့ကောင်မလေးအကြောင်းလား ငါမော့ကြည့်မိတဲ့တိမ်တွေအကြောင်းလား  ဟောဟိုအိမ်ခေါင်မိုးပေါ်ကကြောင်တကောင်အကြောင်းလား။ ငှက်တကောင်မှာတေးတပုဒ်ရှိရင် အဲဒီတေးမှာ သီချင်းတထောင်ပါတယ် ဆိုလို့မပြီးတော့ဘူး။

အရူးဆိုတဲ့သီချင်း

Bilde
နှင်းခါးမိုး Boot and flower (pen ink drawing) by Vitogoni စချင်တဲ့နေရာမှာစပြီး ဆုံးချင်တဲ့နေရာမှာဆုံးမယ် အော်ချင်တဲ့အခါထအော် နှစ်ကိုယ်ကြားလေးဖြစ်တဲ့အခါဖြစ် ဘာပါလိမ့်လို့နားမစွင့်နဲ့ ဘာမှမဟုတ်ဘူး ဒါပေမယ့် တဘ၀လုံးစာ နှစ်ခါပြန်မဆိုဘူး နှစ်ယောက်ပြန်မဆိုဘူး နောက်တနေရာရောက်ရင်နောက်တပုဒ် နောက်တခါဆိုရင်နောက်တမျိုး ခေါင်းစဉ်တခြား စာသားတခြား ပါးစပ်ဆိုင်းနဲ့ ကကြိုးနဲ့ အငိုတွေအရယ်တွေနဲ့ ဒီသီချင်းသာမဆိုရရင် ဒီအရူးကသေသွားမှာ။