Innlegg

Viser innlegg med etiketten စာတမ်းငယ်

သံခြေကျင်းခတ်လည်း ဒီခြေထောက်တွေက မရပ်ဘူး

ြ ပီးခဲ့တဲ့အပတ် လူလေးယောက်နဲ့ ကွင်းဖွင့်ခဲ့တဲ့ ညသန်းခေါင်လူဖမ်းပွဲဟာ မိုးလင်းတော့ ၁၃ ယောက်ဖြစ်သွားတယ်။ အဖမ်းအဆီးတွေကို အနီးကပ် စောင့်ကြည့်နေတဲ့ သတင်းဌာနတွေရဲ့အဆိုအရ နောက်တပတ်အကြာမှာ လူ ၆၀ ကျော်သွားတယ်။ အခုတော့ တရာဝန်းကျင်ရှိသွားပါပြီ။ အမေရိကန်၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာက ၀ိုင်းဝန်းကန့်ကွက်နေပေမယ့် အဖမ်းအဆီးတွေက ရပ်သွားမယ့်ပုံ မရှိသေးပါဘူး။ ဥပဒေဘောင်အတွင်းကနေ ငြိမ်းချမ်းစွာ နိုင်ငံရေးလုပ်ချင် သူတွေလည်း ၀ရမ်းအထုတ်ခံရ၊ ဟိုပြေးဒီရှောင်ရ ဖြစ်နေပါတယ်။ အခု အဖမ်းခံရတဲ့သူတွေထဲက တော်တော်များများဟာ သူတို့ဘ၀ရဲ့ အကောင်းဆုံး အချိန်တွေကို ထောင်ထဲမှာ ဆုံးရှုံးခဲ့ကြရဘူးတဲ့ သူတွေပါ။ သူတို့ရဲ ပေးဆပ်မှုဟာ သိကြားမင်း မျက်ရည်ကျလောက်ပါတယ်။ ၂၀၀၀ ခုနှစ်ဝန်းကျင်လောက် ထောင်ထဲကပြန်ထွက်လာတဲ့ နိုင်ငံရေးအကျဉ်းသား ဟောင်းတွေစုစည်းပြီး အထဲမှာကျန်ရစ်ခဲ့တဲ့ ရဲဘော်ရဲဘက် နိုင်ငံရေးအကျဉ်း သားတွေအတွက် တတ်နိုင်သလောက် အားပေးကူညီနိုင်ဖို့ နယ်စပ်တနေရာမှာ အသင်းကလေးတခု ဖွဲ့ဖြစ်ခဲ့ကြပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) အေအေပီပီ လို့ခေါ်ပါတယ်။ ဒီအသင်းက နယ်စပ်မှာ မြန်မာပြည်သူတွေရဲ့ဘ၀၊ မြန်မာနိုင်ငံက နို...

တောင်ကုန်းပေါ်က အိမ်ကလေး

( စာတမ်းငယ် ) ၁။ အုတ်လှေကားလေးက ခပ်မတ်မတ် နှစ်ဆစ်ချိုးမို့ အတန်မြင့်သည်၊ မော်လန်ပရစ်လှေကားဟု နော်ဝေလိုရေးထားသည်ကို ကျနော်က ဟာသကလေးစွက်ပြီး မော်လန်ပရစ်စောင်းတန်းလို့ မြန်မာမှုပြုလိုက် သည်၊ အပေါ်မှာ ရွာဦးစေတီမရှိပေမယ့် ရင်ပြင်တော်ကလေးတခုတော့ ရှိသည်၊ လူ့အခွင့်ကအရေး ရင်ပြင်ငယ်လေးဖြစ်သည်၊ အလံတိုင်ထိပ်မှာ ကုလသမဂ္ဂအလံက လွင့်ဝဲနေသည်၊ အလံတိုင်ခြေရင်းမှာ ဒူးဆစ်တုပ် ထိုင်နေသည့်မိန်းမတယောက်။ မျက်နှာက ကြည်လင်အေးချမ်းစွာ၊ ဘီးစပတ်ကလေးနှင့်မို့ မျက်နှာပုံပမ်းမပီပြင်သော်လည်း ဒေါ်အောင်ဆန်း စုကြည်ဟု ကျနော့်ရင်က သိနေသည်၊ အို လွတ်လပ်မှု၏ မိခင်။ ငြိမ်းချမ်းရေး. အမေ၊ ကျနော်တို့ ဒီည ဒီနေရာလေးမှာ စုဝေးကြမယ်၊ ကမ္ဘာပေါ်က လူသားအားလုံးရဲ့ ရပိုင်ခွင့်တွေ အတွက်။ မွေးရာပါ လူသားအခွင့်အရေး တွေအတွက်။ အတိဒုက္ခ အမှောင်ထုထဲက ငြိမ်းချမ်းရေးမီးအိမ်အတွက် ကျနော်တို့ အာရုံပြုကြမယ်၊ ဒီနေ့၊ အောက်တိုဘာ ၂၄ ရက်နေ့၊ ကမ္ဘာ့ကုလသမဂ္ဂနေ့၊ ၂။ ရင်ပြင်နှင့်တဆက်တည်း လမ်းကြားလေးထဲချိုးဝင်လိုက်လျင်ပင် ရင်းနှီးပြိးသားမျက်နှာတွေက ဆီးကြိုနေသည်၊ တမြေတည်း ကလာပြီး တမြို့တည်းနေကြသူတွေ။ ဒုက္ခတူ။ ဘ၀တူတွေ၊ တခြားအချိန်တွေ မှာဆို အခုလို အားလုံးဆုံဖို့ ခက်သည်၊ ဒီ...

မျက်မှန်စိမ်းတလက်၊ ဂျင်းဂျာကင်တထည်နှင့် ဥရောပကော်ဖီတခွက်

ု (စာတမ်းငယ်) သွေ့ခြောက်ခြောက် ရိုးတံကိုင်းဖျားတို့၏ စိမ်းနုပုရစ်ဖူးသေးလေးများပြူလှစ် နေသည်ကပင် နွေဦး၏နိဒါန်းဟု ဆိုနိုင်သည်။ အန်ကျလာသော နေရောင်၏ အနွေးဓာတ်ကို ခိုလှုံရန် အပြင်လောကသို့ ထွက်လာသူများမှာ ဆောင်းကြွင်း လေပြန်၏ အအေးဓါတ်ကြောင့် ရင်ဘတ်ကြယ်သီးများကိုဆွဲစေ့လိုက်ကြရသည်။ ကော်ဖီဆိုင်လေးများက အပြင်ထုတ်ကာစားပွဲခင်းထားကြသည်။ မိန်းမပျိုလေး များမှာ စကပ်တိုလေးများဝတ်လာခဲ့ကြသော်လည်း အောက်က အသားကပ် ခြေအိတ်ရှည်ကြီးများစွပ်လာသည်ကိုတွေ့ရသည်။ နွေရင်ခွင်ကို အတင့်ရဲရဲ မတိုးဝင်ဝံ့ကြ ရှာသေး။ သူတို့လည်း ပုရစ်ဖူးလေးများလိုပင်။ သူတို့အလှကို အားရပါးရဖွင့်လှစ်ပြဖို့ စိတ်စောနေကြပုံရသည်။ ကုန်တိုက်ကြီးများ၏ အပြင်မှန်ခန်းထဲမှာတော့ အရုပ်လှလှကလေးများက နွေဦးဝတ်စုံသစ်များဖြင့် ပျံဝဲနေကြသည်။ မြို့လယ်ရင်ပြင်မှာတော့ လူတို့ စည်ကားလျက်။ မြို့ကို ပတ်ဝိုင်းအုပ်မိုးထားသည့် တောင်များပေါ် လှမ်းကြည့် လိုက်လျှင်မူ နှင်းဖြူဖြူများ ပျော်ကျလွင့်ပျောက်ပြီးစ တောအုပ် ခြောက် ခြောက် မှိုင်းမှိုင်းတို့ကို တွေ့ရသည်။ တောင်ထိပ်ရှိ ရှုခင်းသာ စခန်းလေးပေါ်မှာတော့ လူအုပ်ရိပ်ရိပ်ဖြင့် တိုးလှုပ်နေ သည်။ ခပ်မတ်မတ် တောင်တက်သံလမ်းကလေးအတိုင်း လျှပ်စစ်...