Innlegg

Viser innlegg fra juli, 2019

ဒီဇင်ဘာဆင်းဒရုန်း

၀၈း၅၈ ပြောစရာတွေသိပ်များတော့ ဘာမှမပြောဖြစ်တော့ဘူး ဆွံ့အမှုဟာ ဆူပွက်နေပြီ အဆုံးထိဆွဲတင်ခံထားရတဲ့လေးတစင်းရဲ့ညှိ့ချက်ထဲမှာ အဲဒီမြှားဟာ အသက်ကိုတ၀ကြီးရှုသွင်းနေတယ်။ ၁၇း၃၈ ဖြစ်ပြီးမှ မဖြစ်ခဲ့ဘူးလုပ်လို့ရလား ဖြစ်ပြီးမှဖျက်ပစ်ချင် ဖုံးကွယ်ချင် ဘာကြောင့်ညာကြောင့်ခုခံချင် ခေါင်းမာမာနဲ့ငြင်းဆန်ချင် ဖြစ်စဉ်ကိုဖြစ်တာနဲ့ပြောင်းပြန် ကိုယ်ပြောတိုင်းဖြစ်လား ဖြစ်ခဲ့တာတွေနဲ့ဝေးအောင် ထွက်ပြေးတယ် လွတ်မလား ဘယ်သူ့ကြောင့်ဖြစ်ဖြစ် ဖြစ်ခဲ့တယ် တကယ်ဖြစ်ခဲ့တယ် ချက်ချင်းမပျက်ဘူး လွယ်လွယ်မပျက်ဘူး ဒီအတိုင်းပျက်မသွားဘူး၊ ဖြစ်ပြီးပျက်တယ်ဆိုတဲ့ကြားမှာ ကျည်ဆံရထား မီးရထား မြင်းရထား နှင်းဆီတင်ရထား မိစ္ဆာစစ်ရထား ဥသြသံဟာ မြစ်ထဲရေချိုးဆင်းသွား၊ ဖြစ်ပြီးပျက်တယ်ဆိုတဲ့ကြားမှာ ကမ္ဘာစစ်တွေ ပြည်တွင်းစစ်တွေ ကျိုးကျော်စစ်တွေ ခုခံစစ်တွေ တရားသော မတရားသောစစ်တွေ အကြမ်းဖက်မှုတိုက်ဖျက်ရေးစစ်တွေ၊ ဂန္ဒ၀င်ဝတ္ထုရှည်တွေ ကမ္ဘာကျော်သီချင်းတွေ နိုဘယ်ဆုရှင်တွေ နိုင်ငံတကာဝရမ်းပြေးတွေ ဖြစ်ပြီးပျက်တယ်ဆိုတဲ့ကြားမှာ ငါပေးနိုင်တာထက် ငါ့ကိုပိုမတောင်းဆိုပါနဲ့တွေ ငါ့ဘ၀ကိုလွှမ်းမိုးဖို့မကြိုးစားပါနဲ့တွေ ငါ့လွတ်လပ်မှုအတွက် ဘာနဲ့မဆိုငါလဲရဲတယ်ဆိုတာတွေ။ ၁၅း၂၈ ဒီဇင်ဘာဆယ်