Innlegg

Viser innlegg fra juni, 2007

မျက်ရည်တ၀က်မျှဖြစ်စေ သုတ်ပေးခွင့်

တဦးတယောက်က ပူဆွေးငိုကြွေးနေတဲ့အချိန်မှာ အခြားတစုံတဦးက ပျော်ရွှင်ရယ်မော နေနိုင်မှာတဲ့လား။ ဆိုင်အပြင် မှန်နံရံပေါ်မှာ ရေးထားသည့်စာတန်းကလေးဖြစ်သည်။ ဆိုင်ထဲမှာတော့ ပန်းကန်ခွက်ယောက်၊ အင်္ကျီ အ၀တ်အစား၊ စာအုပ်တိတ်ခွေ၊ အိမ်ထောင်ပရိဘောဂ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းမျိုးစုံအဆုံး အကုန်ရှိသည်။ အသစ်တွေတော့ မဟုတ်။ လာရောက်လှုဒန်းသွားကြသည့် ပစ္စည်းဟောင်းများဖြစ်သည်။ သို့သော် တချို့က အတော်လတ်သေးသည်ဟုပြောနိုင်သည်။ အဟောင်းပေမယ့် အစုတ်အမြင်းတွေတော့မဟုတ်။ သူတို့က ပစ္စည်းအကိုင် စည်းကမ်းရှိသည်ဟု ပြောရမည်။ ကျနော်တို့အတွက် သုံးပျော်သေးသည့် အနေအထားမှာရှိသည်။ တချို့ကလည်း ဟောင်းလို့လာလှုသွားသည်မဟုတ်။ အသစ်တခုဝယ်လိုက်၍ ပိုသွားသည်ကို လာလှုသွားခြင်း။ ၀ယ်ပြီးမှ မကြိုက်တော့သည်ကို ပြန်မလဲချင်၍ သည်မှာ လာလှုသွားခြင်းမျိုးဖြစ်သည်။ ထိုပစ္စည်းတွေကို ၀ယ်ချင့်စဖွယ်ဖြစ်အောင် ပြင်ဆင်ခင်းကျင်းပြီး သည်ဆိုင်မှာ ပြန်လည်ရောင်းချသည်။ ရောင်းလို့ရသည့်ငွေကို လူမှုအကူအညီလုပ်ငန်းများအတွက် အသုံးပြုသည်။ တနိုင်ငံလုံးမှာ သည်လိုဆိုင်တွေ အများကြီးရှိသည်။ သူတို့လုပ်ငန်းကလေးက သဘောကျစရာပါပေ။ ပစ္စည်းတွေက အသစ်တွေနှင့် ဈေးအတော်ကွာသည်။ အတော်သက်သာသည့် နှုန်းထားဟ

သစ္စာတော်စူးရစေ့

ခွေးအကြောင်းက မပြီးသေး။ ဆက်တွေးဖြစ်ပြန်သည်။ ကျနော်တို့ငယ်စဉ်က ဥက္ကလာသည် မြို့သစ်ပေါက်စမျှရှိသေးသည်။ ကျနော်တို့အိမ်တွေအောက်မှာ ရေ၀ပ်နေသည်။ မိုးဆိုလျင် ကြမ်းနှင့်ရေထိသည်။ ရေထဲမှာ ကျနော်တို့ကလေးတွေ ကျွမ်းပစ်ကြသည်။ ပါးစပ်နားရောက်လာသည့် မစင်တုံးတွေကို လက်နှင့်တွန်းဖယ်ရင်း ဗန်ဒါတုံးအပိုင်းပေါ်ခွတက်ကာ လှေလှော်ခဲ့ကြသည်။ ရေကျသွားလျင် အညစ်အကြေးကင်းစင်ပြီး သန့်ကျန်ရစ်သည်။ ကျနော်တို့အိမ်နောက်မှာ ခရာဆူးခြုံတွေရှိသည်။ အိမ်သာတက်လျင် ခရာခက်လေးချိုးကာ ကိုင်ထားရသည်။ အိမ်သာတွေက အိမ်ခြံနောက်ထုတ်ဆောက်ထားသည့် ဇလားအိမ်သာမျိုးဖြစ်သည်။ ကိုယ်အိမ်သာတက်နေစဉ် ဇလားပေါ် ချီးစားစုန်းတွေရောက်လာတတ်သည်ဟုဆိုသည်။ ထိုအခါ ခရာဆူးနှင့်ရိုက်ချမှ ပြေးသည်ဟု ပြောသံကြားဘူးသည်။ ကျနော်တော့တခါမှ မကြုံဘူးခဲ့။ ထိုကျနော်တို့အိမ်နောက် ခရာခြုံတွေအောက် နွေရာသီမြေခြောက်စဉ် တခါတော့ ခွေးမကြီးတကောင် မီးဖွားသည်။ ခွေးကလေးတွေအော်သံသာကြားပြီး တော်တော်နှင့်ထွက်မလာ။ တပတ်လောက်နေတော့မှ ယိုင်ထိုးယိုင်ထိုးနှင့် သကောင့်သားတွေ တောတိုးထွက်လာကြသည်။ ငါးကောင်လောက်ရှိမည်။ ထိုအထဲက အလှဆုံးတကောင်ကို ရွေးကာ ကျနော်တို့အိမ်မှာ မွေးထားလိုက်သည်။ ကျန်တဲ့ကောင်တွေကတော့ ထုံး

သင်ကော ဘာ့ကြောင့်အမြီးလှုပ်သနည်း

ကျောင်းကအပြန် ပန်းခြံဘက်က ပြန်လာဖြစ်သည်။ ပန်းခြံထဲရောက်တော့ နေရောင်အောက်က ခုံတန်းလျားလေးမှာ ရေဒီယိုနားထောင်ရင်း ခဏထိုင်ဖြစ်သည်။ စောသေးလို့ထင်သည်။ မြက်ခင်းပေါ်မှာ နေရောင်ခံသူတို့ တယောက်စနှစ်ယောက်စမျှသာရှိသေးသည်။ ကျောင်းလွှတ်ချိန်အလုပ်ဆင်းချိန်လောက်ဆိုလျင်တော့ မြက်ခင်းပေါ်မှာ နေရောင်ခံသူတို့ ပြည့်နေတတ်သည်။ သည်လိုအချိန်မျိုးဆိုလျင် ပန်းခြံထဲက ကျနော်ဖြတ်မလျောက်ရဲ။ ကျနော့်မျက်လုံးတွေက နေသားမကျသေး။ နေကာမျက်မှန်ကောင်းကောင်းတလက်တော့ ၀ယ်ရပေအုန်းမည်။ ကျနော့်ရှေ့ကမြက်ခင်းပေါ်မှာ ကောင်မလေးတယောက် ခွေးအသေးကလေးတကောင်ဆွဲကာ လျောက်လာသည်။ တိကျအောင်ပြောရလျင် ကောင်မလေးက ခွေးကို ဆွဲလာတာမဟုတ်။ ခွေးက သူသွားချင်ရာသွားတာကို ကောင်မလေးက ကြိုးလေးကိုင်ကာ နောက်ကလိုက်လာခြင်းဖြစ်သည်။ ခွေးကျောင်းထွက်လာတာဖြစ်သည်။ သူတို့နှင့်ရင်းနှီးချင်လျင် ခွေးကျောင်းထွက်ပါ။ ခွေးချင်းလမ်းမှာဆုံခိုက် လူချင်းနှုတ်ဆက်စကားဆိုရင်း ခင်မင်ရင်းနှီးသွားနိုင်သည်။ ဒါပေမယ့် သည်နေရာမှာ ခွေးတကောင်မွေးဖို့ဆိုတာ ဗမာပြည်မှာ ဆိုက်ကားတစီးထောင်လို့ရသည်။ ခွေးဝေယျာဝစ္စ၊ ခွေးအသုံးအဆောင်၊ ခွေးကျန်းမာရေး စသဖြင့် ဆိုရလျင် ခွေးတကောင်၏ ခွေးနေမှုအဆင့်အတန်းက လူတဦးနှင့်

စနက်တံမီးလောင်နေတဲ့ ဒိုင်းနမိုက်ကလေး

ရာဟူးအီးမေးလ်ဘောက်စ်ကိုဖွင့်တော့ ကိုယ့်ထဲမှာ စာတွေအတော်ပြည့်နေသည်ကိုတွေ့ရသည်။ အုပ်စုမေးလ် တော်တော်များများထဲပါနေသည်မို့ စာတွေက တစောင်ထဲပေမယ့်လည်း လေးငါးနေရာက လှည့်ကာရောက်လာတတ်ကြသည်။ ၀န်ခံရလျင် စာတိုင်းတော့ မဖတ်နိုင်ပါ။ စာတိုင်းကိုလည်း စိတ်မ၀င်စားပါ။ စာတိုင်းကလည်း ကျနော်နှင့်သက်ဆိုင်သည်ချည်းမဟုတ်ပါ။ ဖတ်မိသလောက်စာတွေကြောင့် စိတ်ပျက်ရတာလည်းရှိသည်။ အားတက်ရတာလည်းရှိသည်။ တယောက်တည်း ပြုံးမိတာလည်းရှိသည်။ စိတ်ထဲကသာမက ပါးစပ်ကပါအသံထွက်ပြီး ဆဲမိတာလည်းရှိသည်။ တချို့ ကျေးဇူးတင်ဖွယ် သိမ်းဆည်းထားရမည့်စာမျိုးတွေလည်း ပို့ပေးလာတတ်သည်။ တချို့ကတော့ နာမည်ကြည့်ရုံနှင့် လက်က ဒီလိတ်ကိုတန်းရောက်ပြီးသားဖြစ်နေတတ်သည့် စာမူရှင်တွေလည်းရှိသည်။ ဘာပဲဖြစ်ဖြစ် ဘယ်သူ့ကိုမှတော့ ဘလောက်လုပ်မထားခဲ့ပါ။ ကျနော့်စာတိုက်ပုံးကလေးကို အားလုံးအတွက် တံခါးဖွင့်ပေးထားခဲ့ပါသည်။ အလုပ်တခုတော့ပိုတာရှိသည်။ စာတွေကို နေ့စဉ်ဖျက်ဖျက်ချနေရသည်။ တနေ့မဖျက်မိလျင် စတိုးလီမစ်မှာ တစ်ရာခိုင်နှုန်းလောက် တိုးတိုးလာတတ်သည်။ ကျနော့်စာတိုက်ပုံးကို ဆယ်ငါးရာခိုင်နှုန်း လီမစ်အောက်မှာပဲ ထားဖို့ ကျနော်ကစိတ်ကူးထားသည်။ ဒါတောင် ရာဟူးက နှစ် မီဂါဘိုက်ကြီးများတောင် အခမဲ့သ

အ၀ါရောင်ပင်လယ်

Bilde
ဟိုမှာ ငုပန်းတွေ ဟု သူပြောမိသည်။ တကယ်တော့ ငုပန်းတွေမဟုတ်။ အရွက်စိမ်းကလေးတွေကြား အပွင့်ဝါနုစိပ်လေးတွေ အဆိုင်းလိုက်ကျနေပုံကတော့ တကယ့်ငုပန်းကလေးတွေပင်။ အပွင့်ဆိုင်းဝါ၀ါတို့ ပင်လုံးပြည့်ပွင့်ဝေကာ အကိုင်းအခက်တို့ ညွုတ်တွဲကျဟန်ကအစ ငုပင်ငုအလှဟု ယုံမှတ်မှားရသည်။ တကယ်တော့ ငု မဟုတ်ပါ။ ငုပင်တွေက သိပ်မြင့်မားသည်မဟုတ်။ ငုပွင့်အဆုပ်အဆိုင်းတို့ကလည်း လက်တကမ်းမှာပဲမို့ ဆွတ်ချင်ခူးချင်စိတ်ကို တားရခက်သည်။ နွေနေရောင်စူးစူးအောက် ငုအ၀ါက ပျော်ကျနေသည်။ ပန်မလားဟင် ဟု မေးရင်း သူက ငုအခက်ငုအကိုင်းတို့ကို လှမ်းခုန်ခူးပေးခဲ့ဘူးသည်။ သည်တုန်းက ကောင်ကလေးရဲ့မသည် ငုပွင့်တွေတခေါင်းလုံးဝေကာ ချစ်ရည်ရွှန်းလဲ့နေခဲ့သည်။ ကန်တော်ကြီးရေပြင်ကိုဖြတ်တိုက်လာသည့်လေက ကောင်ကလေးနှင့်သူ့မတို့၏ တဒင်္ဂကလေးကို ဆွတ်မြစေခဲ့ဘူးပါသည်။ ငုသည်အ၀ါ၊ ပိတောက်သည်အ၀ါ။ ရွှေကလည်း အ၀ါတမျိုးပင်။ မြန်မာ့မြေသည် အ၀ါနှင့်ထုံခဲ့သည်။ မြန်မာကောင်ကလေးသည် အ၀ါတွေကြား ကြီးပြင်းခဲ့သူ။ ကောင်ကလေးရဲ့မ အသားအရည်ကလည်း ၀ါဝင်းနေသည်။ ကောင်ကလေးငယ်စဉ်က ကြည်ပြာရောင်ကလေးနဲ့ ရွှေဝါနွယ်ကလေးနဲ့ နှောတဲ့အခါ မြစိမ်း စိမ်းတော့တယ်ဆိုတဲ့သီချင်းကို အမြဲလိုညည်းနေခဲ့ဘူးသည်။ သို့ပေမယ့် ကောင်ကလေးရဲ့မ