မေတ္တာတရားကို ဘယ်သူအောင်နိုင်ခဲ့ဘူးသလဲ
ရန်ကုန်မှာ ဒကာဒကာမတွေရဲ့လူမှုဒုက္ခတွေကို မေတ္တာရှေ့ထား ကယ်တင်နိုင်ဖို့ မိုးရွာမရှောင်၊ နေပူမရှောင် လမ်းမတွေပေါ် ဒုက္ခစရိယာခံ လှည့်လည်ကြွချီပြီး ဆန္ဒတော် ထုတ်ဖော်ပြသနေကြတဲ့ ဘုရားသားတော်တွေနောက် အမြဲတမ်း လိုက်လံ စောင့်ကြည့်နေတဲ့ ကားသုံးစင်းအကြောင်း သံဃာတော်တွေနောက် အမြဲလိုက်စောင့်ရှောက်နေတဲ့ မြို့ခံလူတဦးက သတင်းပေးပို့လာတာကို သူငယ်ချင်းတဦးက ကျနော့်ဘလော့ပေါ်ကတဆင့် အားလုံးကို သိစေချင်တယ်ဆိုလို့ ဒီမှာ တင်ပေးလိုက်ပါတယ်။ ၂၀၊ စက်တင်ဘာ၊ ၂၀၀၇ ရန်ကုန်မှာ ဘုန်းကြီးတွေနောက်ကနေ တောက်လျောက်လိုက်နေခဲ့တဲ့ ကားနံပါတ်တွေ.. ၁။ အ ၄၉၁၄ - ဗင်ကား၊ ဘုန်းကြီးအိုနှစ်ပါးနဲ့ လူသုံးယောက်လောက်ပါ။ ၂။ ၂ခ ၇၀၇၆ - မာစီးဒီးလို ကားကောင်း၊ အစိုးရအရာရှိ၊ လူကြီးပိုင်းလို့ ယူဆရသူတွေပါ။ ၃။ ၄ခ ၁၃၇၂ - မှန်လုံဂျစ်ကား၊ အရာရှိတွေပါပုံရ။ ဒါ - ကိုယ်တိုင် ဘုန်းကြီးတွေကြွတဲ့လမ်းတလျောက် ကိုယ်တိုင်လိုက်သွားခဲ့တဲ့ လူတယောက်က ပြန်ပြောပြတာတွေပါ၊ ဘာဖြစ်လို့ ဒီလို လိုက်နေတာလဲ။ ဖြိုခွဲမှုမှာ ကိုယ်တိုင် ကြီးကြပ်ကြဖို့လား။ သံဃာတော်တွေထဲက ပေါက်ကွဲထွက်လာရင် အချိန်မီ အချိုသတ် ထိန်းသိမ်းနိုင်ဖို့လား။ ဒါမှမဟုတ် သံဃာတော်တွေကို သူတို့ထဲက သူတို့ကိုယ်တိုင်မသိတဲ...