Innlegg

Viser innlegg med etiketten ခေတ်ပေါ်ကဗျာဆရာလက်စွဲ

ခေတ်ပေါ်ကဗျာဆရာလက်စွဲ (အဆုံးသတ်) ရေးသူ...အိုက်ချင့်(တရုတ်ကဗျာဆရာ)

မုဒအကြောင်း အတွေးများ ပန်းချီမှာလိုပဲ ကဗျာမှာ ဖွဲ့စည်းပုံ၊ ပစ္စည်းရွေးချယ်ပုံ (ကိုယ့်အတွေး၊ ကိုယ့် ခံစားချက်ကို ဖော်ပြဖို့ ဘယ်နည်းလမ်းတွေ သုံးမလဲဆိုတာ) ကို အာရုံ စူးစိုက်ရမယ်။ တနေ့တော့ ကျုပ် ချီပိုက်ရှီကို ခင်ဗျား တခါဖူးမျှ မရေးဆွဲဘူးတာ ကျနော့်ကို ဆွဲပေးစမ်းပါ လို့ ပြောမိတယ်။ အကြောင်းအရာနဲ့ ဖွဲ့စည်းပုံကို သစ် စေချင်တယ်လို့ ဆိုလိုတာပါ။ ကျုပ်လည်း သူ့ပန်းချီကို မြတ်နိုးသမို့ ကနေ့ခေတ်ရဲ့ ထူးချွန်တဲ့ အနုပညာသမား တဦးဟာ ဒီပြဿနာကို ဘယ်လို ကိုင်တွယ်မလဲ မြင်ချင်တာကိုး။ သူ ကျုပ်တောင်းဆိုချက်ကို လိုက်လျောပါတယ်။ သူနာပြုမက သူ့အတွက် မင်ထောင်း၊ စက္ကူကိုဖြန့် သူ့ကိုယ်ပေါ်မှာ အကာအကွယ် အ၀တ်စတွေ တင်၊ သူ့စုတ်တံကို လှမ်းပေးလိုက်တယ်။ ကျုပ် တောင်းခံခဲ့တဲ့အတိုင်း သူ တပေစတုရန်း စာမျက်နှာပေါ် ရေးဆွဲပါတယ်။ သူ ဘာပုံကြမ်းမှ မလောင်းဘူး။ စာရွက်မျက်နှာပြင်ပေါ် ငေးရုံ ငေးကြည့်နေတယ်။ မျက်စိတမှိတ်အတွင်း မင်ရေးပန်းချီ ရေးဆွဲတော့တယ်။ ရေကန်ထဲကို ခုန်ရင်း၊ နောက်ခြေထောက်က မြက်တစမှာ မိနေရတဲ့ ဖားပုံ ရေးဆွဲလိုက်တာပါ။ ရှေ့ ခြေနှစ်ချောင်းကတော့ဖြင့် ရှေ့ကို အငမ်းမရ ဆန့် ထုတ်ထားရဲ့။ နောက်ခြေကို မြက်ကလွတ်အောင် ရုန်းကန်လို့ပ။ ဖားရဲ့ ရှေ့မှ...

ခေတ်ပေါ်ကဗျာဆရာလက်စွဲ (အပိုင်း ၈) ရေးသူ...အိုက်ချင့်(တရုတ်ကဗျာဆရာ)

ကဗျာအတွက် ဥပဒေသ မရှိ အနုပညာ ဥပဒေသကို ဘ၀ ဥပဒေသရဲ့ လက်အောက်မှာ ထားရမြဲ ဖြစ်တယ်။ ကဗျာဖွံဖြိုးမှုဟာ ဘ၀နဲ့ ရှေ့ကို ချီတက်နေတဲ့ လူ့အဖွဲ့အစည်းနောက်က လိုက်ရမြဲ။ ဘ၀ပြောင်းလဲမှု ရှေ့တိုးလာတာကို ဘယ်သူမှ မတားနိုင်ဘူး။ ဘ၀ပြောင်းလဲတာနဲ့အမျှ အနုပညာက လိုက်ပြောင်းတယ်။ ဘ၀ရဲ့ ဥပဒေသများဟာ ထာဝရ မဟုတ်သလို၊ အနုပညာ ဥပဒေသများဟာလည်း ထာဝရ မဟုတ်ဘူး။ ခေတ်အသီးသီးဟာ မိမိ လိုအပ်ချက်နဲ့အညီသာ တွေ့ကြုံနေရတဲ့ ပြဿနာများကို ဖြေရှင်းနိုင်တယ်။ နောင်တခေတ်ရဲ့ ပြည်သူတွေ ဘယ်လိုနေကြလိမ့်မယ်ဆိုတာကို ဘယ်သူမှ ကြိုမပြောနိုင်ဘူး။ ကဗျာဆရာရဲ့ အလုပ်က ဖန်ဆင်းမှုပဲ။ အခြားသူများတွေ ဖန်ဆင်းပြီးသားကို ထပ်ကြော့တာ မဟုတ်ဘူး။ ဘ၀ရဲ့ မျက်နှာအသစ်နဲ့ လိုက်လျောညီထွေတဲ့ အနုပညာသစ်ကို အင်မတန် တဦးချင်းဆန်တဲ့ ဟန်နဲ့၊ ဖော်ပြပုံ နည်းတွေကို အလှယ်လှယ်ပြောင်းကာ၊ သစ်လွင် အနုပညာဆန်တဲ့ ဖွဲ့စည်းမှုနဲ့ ဖန်ဆင်းရပေလိမ့်မယ်။ ကဗျာဆရာမှာ သူမတူတဲ့ ကိုယ်ပိုင် အလှဗေဒ အမြင် မရှိခဲ့ရင် အခြားသူများရဲ့ ကဗျာများနဲ့ ကွဲပြားခြားနားတဲ့ ကဗျာတွေ ရေးနိုင်လိမ့်မယ် မဟုတ်ပေဘူး။ ကဗျာတပုဒ်ဟာ လက်နက်တခုလို၊ ကိရိယာတခုလို ချွန်မြတယ်။ ဒါပေမဲ့ ကဗျာဆရာဟာ ဖန်ဆင်းမှုက ဖဲခွာရင်တော့ ကိုယ့်အလုပ် ကို...

ခေတ်ပေါ်ကဗျာဆရာလက်စွဲ (အပိုင်း ၇) ရေးသူ...အိုက်ချင့်(တရုတ်ကဗျာဆရာ)

ခါးသီးတဲ့နှစ်များ ၁၉၃၇ မှာ ဂျပန်ခုခံရေးစစ်ပွဲ မတိုင်ခင်နေ့ကြ ပန်လည်ရှင်သန်တဲ့မြေကြီး မှာ ကျုပ်က ပူဆွေးတဲ့ ကဗျာဆရာငဲ့၊ ခင်ဗျားလည်း အတိတ်က ကြေကွဲဖွယ်ကို ခါချရမယ် လို့ ရေးခဲ့တယ်။ အဲဒီနှစ်မှာပဲ ကျုပ်ဟာ တရုတ်မြေပေါ် မိုးနှင်းကျတယ် ကို ရေးခဲ့ရာမှာ ငါ့လူငယ်ဘ၀ရဲ့ အဖိုးတန်ဆုံး အချိန်အများစုကို လှည့်လည် ရင်းမှာ ထောင်ထဲမှာ ဆုံးရှုံးခဲ့ရတယ် လို့ တသခဲ့တယ်။ နှစ်ခုစလုံးဟာ ကျုပ်ရဲ့ ခံစားချက် အမှန်တွေကို ဖေါ်ပြနေကြတာပါပဲ။ တချို့လူများက ကျုပ်ဟာ အလွမ်းအဆွေး ကဗျာတွေကိုသာ ရေးနိုင်စွမ်းတယ်လို့ ထင်ကြတယ်။ ကျုပ် ပြောခဲ့ဘူးပါတယ်။ ကျုပ်ကဗျာ အတော်များများဟာ ကျုပ်အကြောင်းတွေပါ။ ဒါပေမယ့် ဒီလို ကျုပ်အကြောင်း သရုပ်ဖော်ချက်ဟာ ကဗျာတွေကို ရေးစဉ် ခေတ်ကာလနဲ့ တရင်းတနှီး ဆက်စပ်နေပါတယ်။ ပစ္စုပ္ပန်က ခွာလိုက်ရင် ကျုပ်အရိပ်ကို ကျုပ် မတွေ့နိုင်တော့ဘူး။ (၁၉၈၁၊ ကဗျာလေ့လာမှု အမှတ် ၁ ကို ရှု) လူတယောက်က တဆင့် ခေတ်ကိုရေးရာမှာ ခေတ်ကတဆင့် လူကို ရေးရသလိုပဲ။ လူနဲ့ သူ့ခေတ်ကို ခွဲလို့ မရပါဘူး လို့။ ကျုပ်ရဲ့ ကဗျာသဘောတရားများမှာ ကျုပ် ယူဆတာက ခါးသီးမှုကို တရင်းတနှီး ရှိကြရ။ စိတ်ချမ်းသားမှုဆိုတာ တစိမ်းပြင်ပြင် ဖြစ်ကြရတဲ့ ဒီခေတ်ကြီးမှာ ရွှန်းလန...

ခေတ်ပေါ်ကဗျာဆရာလက်စွဲ (အပိုင်း၆).. ရေးသူ..အိုက်ချင့်(တရုတ်ကဗျာဆရာ)

ဖွဲ့စည်းမှုနဲ့ဈာဉ်ဝင်မှု ကိုယ့်လက်ရာထဲမှာ ရောင်ပြန်ဟပ်ထားတဲ့ ကိုယ့်ဖွဲ့စည်းမှုဟာ စာဖတ်သူကို ဖမ်းစားနိုင်ရမယ်။ ဖန်ခွက်တခုကို ဖုံးအုပ်ထားတာ အတွင်းမှာ ဘာများ ရှိပါလိမ့်လို့ (အတွင်းမှာ တစုံတရာ ရှိများရှိခဲ့ရင်ပေါ့လေ) ခန့်မှန်းချင်လာအောင် ဆွဲဆောင် နိုင်တဲ့ မျက်လှည့်ဆရာရဲ့ လက်ကိုင်ပုဝါလို ဖြစ်ရမယ်။ စာဖတ်သူကို ကိုယ်နဲ့အတူ လိုက်လျောက်အောင် လုပ်ပါ။ လမ်းအဆုံးမှာ ဘာရှိရှိ မမှုပါနဲ့။ ကျောက်စိမ်းတတုံးနဲ့ ကြုံခဲ့ရင် စဉ်းစားမိမှာက ဘာများ ထွင်းထုယူရပါ့။ အစိတ်စိတ် ကွဲမသွားအောင် ဘယ်လို ထိမ်းရပါ့။ စဉ်းစားစရာ ကြံဆရမှာ အလုပ်က တည်နေတယ်။ ရေးတာထက် ပိုတွေးရမယ်။ အတွေးဟာ လိပ်ပြာပဲ။ လိပ်ပြာတကောင်မှ မမိပဲ တနေကုန် တွေးချင်လည်း တွေးနေရမှာပဲ။ သေသေချာချာ ဖွဲ့စည်းထားတဲ့ လက်ရာမှ စာဖတ်သူကို ထိခိုက်နိုင်တယ်။ ပဋ္ဋိပက္ခရဲ့ ညူကလယာ့စ်ကို ဘယ်လို ရှာရမလဲ။ ပဋ္ဋိပက္ခကို တိုက်ရိုက်အကျဆုံး ဘယ်လို ဖော်ကျုးရမလဲ စဉ်းစားပါ။ အနုပညာသန္ဓေဟာ ဖွဲ့စည်းမှုနဲ့ စတယ်။ တကယ့်ဘ၀ဟာ ထွေပြားလွန်းသမို့ သစ်ပင်တပင်တည်းမှာတောင် သစ်သီးနှစ်လုံး တူတာကို တွေ့နိုင်လိမ့်မယ် မဟုတ်ဘူး။ ရှေ့ရောနောက်ပါ စစ်ဆေးပြီးတဲ့နောက် အသေးစိတ် ထပ်ကြည့်ပါဦး။ ပိုနက်နက် နဲနဲ တွေးပါဦး။...

ခေတ်ပေါ်ကဗျာဆရာလက်စွဲ (အပိုင်း ၅) ရေးသူ...အိုက်ချင့်(တရုတ်ကဗျာဆရာ)

လိရိကကဗျာနဲ့ ဇာတ်လမ်းပြောကဗျာ ကဗျာဟာ ခံစားမှုရဲ့ နိုင်ငံဖြစ်တယ်။ လိရိက ကဗျာရဲ့ အရေးအကြီးဆုံး အင်္ဂါရပ်က သူဟာ စိတ်အခြေအနေကို ဖော် ပြနေတယ် ဆိုတာပါပဲ။ သူ့ရဲ့ ရှောင်မရဆုံး လိုအပ်ချက်က ခံစားမှု သန့်စင်ခြင်း ပါပဲ။ ကဗျာဟာ ပြင်းထန်တဲ့ စိတ်လှုပ်ရှားမှု ပါရှိရမယ်။ သာမန် ရိုးရိုးခံစားမှုမျိုးနဲ့ ရေးတဲ့ ကဗျာများဟာ လူတွေကို မထိခိုက် စေနိုင်ဘူး။ လိရိက ကဗျာဟာ မိမိကိုယ် ဒါမှမဟုတ် မိမိဝန်းကျင် ကမ္ဘာကို ဆင်ခြင် ကြည့်မနေရပဲ ကဗျာဆရာရဲ့ ခံစားသိမြင်ပုံကို ဖော်ကျုးထားတာ ဖြစ်ရမယ်။ လိရိက ကဗျာဟာ စိတ်လှုပ်ရှားမှုကို ဘယ်တော့မှ မစွန့်ပယ်နိုင်ဘူး။ ကြည်နူးမှု၊ ဒေါသ၊ ပူဆွေးမှု၊ ၀မ်းသာမှု ဘာပဲဖြစ်ပေ့စေ စိတ်လှုပ်ရှားမှု မပါတဲ့ ကဗျာဟာ အမြုံပဲ။ လိရိက ကဗျာမှာ ဇာတ်လမ်း ဇာတ်အိမ် ပြတ်ပြတ်သားသား မရှိဘူး။ ရိုက်ပုတ် နေတဲ့ စိတ်လှုပ်ရှားမှု လှိုင်းတွေကို တုံ့ပြန်ရင်းသာ ဇာတ်လမ်းဟာ ပေါ်လာလိုက် ပြောင်းလဲလိုက်ပဲ။ စိတ်လှုပ်ရှားမှုဟာ ကဗျာဆရာ့ နှလုံးသားရဲ့ လှုပ်ရှားမှု ဖြစ်တဲ့အတွက် ဖော်ပြပုံ ဘယ်လိုပုံ ဖြစ်ပစေ စိတ်လှုပ်ရှားမှုကို ဘယ်တော့မှ မစွန့်ရဘူး။ ဒီလို စိတ်လှုပ်ရှားမှု ရှိနေခြင်းက လိရိက ကဗျာလို့ ဆိုတဲ့ဟာရဲ့ အတွင်းအနှစ်ကို နားလည်ဖို့ ပု...

ခေတ်ပေါ်ကဗျာဆရာလက်စွဲ (အပိုင်း ၄) ရေးသူ...အိုက်ချင့်(တရုတ်ကဗျာဆရာ)

ကဗျာရဲ့ ဘာသာစကား ကဗျာဆိုတာ ဘာသာစကားရဲ့ အနုပညာ၊ ဒီတော့ အနုပညာရဲ့ ဘာသာစကား လိုတယ်။ သာမန်ပဲ၊ တုံးတုံးပဲ ထင်ရပေမယ့် ကြွယ်ဝမှု ပြည့်နေတဲ့ ဘာသာစကားကို ဖွေရှာပါ။ ဘာသာစကားဟာ မျိုးရိုးသဘာဝ ဆောင်သလို ခေတ်ရဲ့စိတ်ဓါတ်လည်း ဆောင်တယ်။ အကောင်းဆုံး ဘာသာစကားဟာ တကယ့်ဘ၀က လာတယ်။ ဘ၀က ခွာလျှင် ဘာသာစကား မဲ့သွားတော့တာပဲ။ အထိခိုက်ဆုံး ဘာသာစကားဟာ ဘ၀ကို ပီပီပြင်ပြင် သရုပ်ဖော်တဲ့ ဘာသာ စကားဖြစ်တယ်။ ကိုယ်စားပြုပေမယ့် သိမ်မွေ့တဲ့ အရာများ၊ လှုပ်ရှားမှုများ၊ ခံယူချက်များကို ဖော်ပြဖို့ ရိုးရိုးနဲ့ ဆီလျော်တဲ့ ဘာသာစကားကို သုံးပြီးတော့သာ အနုပညာ မြောက်တဲ့ စွမ်းပကားကို ရရှိနိုင်တယ်။ အရာဝတ္ထုတိုင်းရဲ့ ညုကလိယာစ်ကို ဆုပ်ကိုင်နိုင်စွမ်းဟာ ကဗျာဆရာရဲ့ အရေးကြီးဆုံး အရည်အသွေး ဖြစ်သင့်တယ်။ ခေတ်သုံး၊ လူထုသုံး ဘာသာစကားနဲ့ ပြောပါ။ ကဗျာရဲ့ ဘာသာစကားကို ပြည်သူလူထုက နားလည်ရမယ်။ ဟောင်းလွန်းတဲ့ အဖွဲ့အနွဲ့များကို အသိရှိရှိနဲ့ ပစ်ပယ်ပါ။ လတ်လတ်ဆတ်ဆတ် အစားအစာမှ ခံတွင်းတွေ့နိုင်တယ်။ ကလီရှေး ဆိုတာ ပုပ်သိုးနေတဲ့ အစာပါပဲ။ သူများတွေ အကြိမ်ထောင်သောင်း သုံးပြီးသား နာမ၀ိသေသနများ၊ အီဒီယမ် များကို ရှောင်ပါ။ အရာတခုစီကို ဖော်ပြဖို့ ကိုယ်ပိုင် နာမ၀ိသေသနများ ရှ...

ခေတ်ပေါ်ကဗျာဆရာလက်စွဲ (အပိုင်း၃) ရေးသူ..အိုက်ချင့်(တရုတ်ကဗျာဆရာ)

ကဗျာအရည်အသွေး ကဗျာအရည်အသွေးဆိုတာ ဘာလဲ။ လူများဟာ ကဗျာအရည်အသွေးနဲ့ လိရိကသဘော ဝေါဟာရတွေကို ရေထွေးပစ်လေ့ရှိတယ်။ ဒါကြောင့် ရှုမျှော်ခင်းတို့ မေတ္တာတို့ကို ဖေါ်ပြမှုပါတဲ့ ကဗျာမှန်သမျှ ကဗျာအရည်အသွေး ရှိတယ်လို့ ထင်မှတ်တဲ့လူတွေ ရှိနေတယ်။ တချို့လူများက ကဗျာမှာ လေ၊ ပန်း၊ နှင်း၊ လ ပါလာမှ လိရိက ကဗျာ ခေါ်နိုင်တယ်။ လိရိက ကဗျာတပုဒ် ရေးချင်တဲ့ ကဗျာဆရာဟာ ကဗျာကို မွမ်းမံအလှဆင်ဖို့ မြက်တဆုပ် ပန်းတဆုပ် လှမ်းဆုပ်ကိုင်လိုက်ရမယ်လို့ ထင်တတ်ကြတယ်။ လေတို့၊ ပန်းတို့၊ နှင်းတို့၊ လတို့ကို လူတွေရဲ့ ပြောင်းလဲတတ်တဲ့ မုဒ (စိတ်အခြေအနေ) တွေအတွက် ရူပကများအဖြစ် အသုံးပြုတာ ဘာအပြစ်မှ မရှိဘူးပေါ့။ ဒါပေမယ့် လေ၊ ပန်း၊ နှင်း၊ လ တို့လောက်ပဲပါတဲ့ လိရိက ကဗျာဟာ တကယ်တော့ နည်းနည်းရိုးစင်း လွန်းလှတယ်။ ရှုခင်းကဗျာ၊ ခရီးသွားကဗျာ၊ အချစ်ကဗျာ၊ အသည်းကွဲကဗျာ.. ကိုယ့်ခံစား ချက်နဲ့ကိုယ် ရေးကြပါစေလေ။ ကောင်းကောင်းရေးတာသာ ဖြစ်ခဲ့လျှင် တယောက်ယောက်ကတော့ သဘောကျမှာပါပဲ။ ကဗျာအရည်အသွေးဆိုတာ ကိုယ်ဖော်ကျုးထားတဲ့ အရာဝတ္ထုတွေကို ကဗျာ ဆရာက ပိုင်ပိုင်နိုင်နိုင် စီစဉ်ထားတတ်ခြင်း အရောင်သွေးတတ်ခြင်းရဲ့ ရလဒ်ဖြစ်တယ်။ ကဗျာအရည်အသွေးဟာ ကဗျာဆရာရဲ့ ဖွဲ့စည်းမှုထဲက စိတ်ကူးထ...

ခေတ်ပေါ်ကဗျာဆရာလက်စွဲ ( အပိုင်း ၂ ) ရေးသူ...အိုက်ချင့် (တရုတ်ကဗျာဆရာ)

နိမိတ်ပုံတွေနဲ့တွေးတာဟာ အနုပညာရဲ့အခြေခံ စိတ်ကူးခြင်း-အဓိကအကျဆုံး အနုပညာအစွမ်း။ စိတ်ကူးခြင်း-တကယ့်အရှိနဲ့ သဏ္ဌာန်ကို ဆုပ်ကိုင်မိစေကာ တကယ့်လောကရဲ့ ကြွယ်ဝမှုနဲ့ လှုပ်ခါမှုတို့ရဲ့ ရုပ်ပွားကို စိတ်ဝိညာဉ်ပေါ်မှာ စွဲထင်စေနိုင်တဲ့ ဖမ်းယူတတ်စွမ်း၊ ခံစားတတ်စွမ်း၊ နိမိတ်ပုံတွေနဲ့ တွေးခြင်းရဲ့ ရည်ရွယ်ချက်က မိမိအတည်ပြုလို ငြင်းဆိုလိုတဲ့ အရာဝတ္ထုများနဲ့ အံဝင်ခွင်ကျဖြစ်မယ့် ရူပကတွေကို ရှာဖွေဖို့ဖြစ်တယ်။ ကိုယ်ခံစားဖူးတဲ့ ခံစားမှုများ (ကိုယ်တွေ့ဘ၀ကဖြစ်ဖြစ်၊ စာပေထဲကဖြစ်ဖြစ်) ကိုယ်သိနေတဲ့အရာများမှာသာ ရူပကများကို ရှာနိုင်ကြတယ်။ စိတ်ကူးပုံ ကြွယ်ဝမှုကို ဘ၀အတွေ့အကြုံ ကြွယ်ဝမှုက ဆုံးဖြတ်တယ်။ တကယ့်လောကရှိ အရာဝတ္ထုများက ထုတ်လုပ်လိုက်တဲ့ ကတ္တားပိုင်း (ကဗျာဆရာရဲ့ စိတ်ပိုင်း) ဆက်နွယ်ကြည့်တတ်မှုမှာ စိတ်ကူးမှုရဲ့ဇာစ်မြစ်ကို တွေ့နိုင်တယ်။ ဆက်နွယ်ကြည့်တာမရှိလျှင် စိတ်ကူးမှု မရှိဘူး။ ဒီတော့ ကဗျာ မရှိဘူး။ ဆက်နွယ်ကြည့်ခြင်းနဲ့ စိတ်ကူးခြင်းဟာ ကဗျာရဲ့ တောင်ပံတွေပါပဲ။ ဆက်နွယ်ကြည့်ခြင်းနဲ့ စိတ်ကူးခြင်းတို့က ထုတ်လုပ်လိုက်တဲ့ ရူပကတွေဟာ ရုပ်ဒြပ်နဲ့ စိတ္တဇအကြား ပေါင်းကူးတံတားပါပဲ။ အရာဝတ္ထုများအကြောင်း ရုပ်ဒြပ်ကျကျ တွေးပါ။ ဒီနောက...

ခေတ်ပေါ်ကဗျာဆရာလက်စွဲ ရေးသူ...အိုက်ချင့်(တရုတ်ကဗျာဆရာ) ဘာသာပြန်သူ...မောင်သာနိုး

အမှာစကားများ တရုတ်ကဗျာဆရာကြီး အိုက်ချင့်ဟာ ကဗျာအကြောင်း စာတမ်းကို ၁၉၃၉ က ရေးခဲ့တာပါ။ အင်မတန် တွင်ကျယ်ခဲ့ပါတယ်။ ဒီခေါင်းစဉ်နဲ့ပဲ ၁၉၈၇ နှစ်ဦးပိုင်းမှာ အသစ်ရေးပြန်တယ်။ ခေတ်သစ်အတွက် အတွေးသစ်တွေ ဖြည့်စွက်ပါလာတယ်။ အခု ဒီစာတမ်းကို ဘာသာပြန် တင်ဆက်လိုက်တယ်။ မောင်သာနိုး တရုတ်ကဗျာဆရာကြီး အိုက်ချင့် ရဲ့ ကဗျာအကြောင်း စာတမ်းကို ၁၉၈၈ ဖေဖေါ် ၀ါရီ၊ မတ်၊ စံပယ်ဖြူမဂ္ဂဇင်းမှာ ဘာသာပြန် ဖေါ်ပြခဲ့ပါတယ်။ အဲဒီဘာသာပြန် မှုကိုပဲ အခြေအနေ အားလျော်စွာ အရှိန်မြှင့်ကာ ခေတ်ပေါ်ကဗျာဆရာလက်စွဲ အမည်ဖြင့် ထုတ်ဝေလိုက်ခြင်း ဖြစ်ပါကြောင်း။ အလင်းတိုက် ၁၉၉၅ ခုနှစ်က ပထမအကြိမ်အဖြစ် အလင်းတိုက်စာပေက ထုတ်ဝေခဲ့တဲ့ ဒီစာအုပ် ကို ဒီအချိန်မှာလည်း လိုအပ်မယ်လို့ ယုံကြည့်တဲ့အတွက် ဒုတိယအကြိမ်အဖြစ် ထပ်မံထုတ်ဝေလိုက်ပါတယ်။ ဒီအတွက် ပထမအကြိမ်စီစဉ်သူ အလင်းတိုက်စာပေနဲ့ အထူးသဖြင့် ထုတ်ဝေဖြန့်ချီဖို့ ခွင့်ပြုတဲ့ ဆရာမောင်သာနိုးကို လေးစားစွာ ကျေးဇူးတင်ရပါတယ်။ နှစ်ကာလများ ဒီစာအုပ်ကလေးကို ကဗျာချစ်သူ တော်တော်များများ ဖတ်ရှုပြီး ဖြစ်ကောင်းဖြစ်ပါ လိမ့်မယ်။ ဒါပေမယ့် အွန်လိုင်းပေါ်မှာ အီးဘုတ်အဖြစ်တော့ ကျနော် လက်လှမ်း မီသလောက် မတွေ့မိသေးပါဘူး။ ရေးသူ ထုတ်သူ စာအုပ် ...