Innlegg

Viser innlegg fra mars, 2008

ဥခွံလေးတွေကို အိမ်လုပ်နေခဲ့တဲ့အရွယ်

Bilde
အီစတာကာလ အမှတ်အသားအနေနဲ့ နော်ဝေစာမျက်နှာတခုပေါ်မှာတွေ့တဲ့ ဥခွံက ပေါက်လာကစ ကြက်ကလေးတွေပုံကို ဘန်နာအဖြစ် တင်ခဲ့ပါတယ်။ ကြက် ကလေးတွေက အရုပ်ကလေးတွေလား၊ အကောင်လေးတွေလား သေချာမသိ ပေမယ့် ချစ်စရာကောင်းတာကတော့ အမှန်ပါ။ တကယ့်အကောင်ကလေးတွေကို ဥခွံထဲ ၀င်ထိုင်ခိုင်းဖို့ဆိုတာကတော့ ဘယ်လွယ်ပါ့မလဲ။ ဥထဲက ဖေါက်ထွက်ပြီး တဲ့နောက်မှာ ဥခွံဆိုတာ သူတို့အတွက် မလိုအပ်တော့ဘူးလေ။ မြို့ကလေးတမြို့မှာ တကိုယ်တည်းနေထိုင်ခဲ့စဉ် ကျနော့်မှာ အိမ်ခန်းကျဉ်းကလေး တခု ရှိခဲ့ပါတယ်။ တနေ့မှာ သူငယ်ချင်းတယောက်က ကျနော့်ကို လက်ဆောင်တခု ပေးပါတယ်။ တခုဆိုတာက ထည့်လာတဲ့ ခြင်းကလေးကို ဆိုလိုတာပါ။ ခြင်းထဲ မှာက ကြက်ပေါက်ကလေးတွေ၊ မြင်မြင်ချင်း ကျနော် တအံ့တသြ ဖြစ်ရပါတယ်။ ကြက်ပေါက်ကလေးတွေက ဘာမှ အံသြစရာမရှိပေမယ့် တကောင်ကို တရောင် ဖြစ်နေတာကတော့ တကယ့်ချစ်စရာ။ ဖြူ နီ ပြာ ၀ါ စိမ်း.. ငါးရောင် ငါးကောင်။ ဘာသတ္တ၀ါကိုမှ အနွံတာခံမွေးလေ့မရှိတဲ့ ကျနော် ဒီလက်ဆောင်ကို လက်ခံလိုက် ပါတယ်။ အဲဒီနေ့ကစလို့ ကျနော့်အိမ်ခန်းကျဉ်းကလေးဟာ ကြက်ခြံဖြစ်သွား တော့တာပါပဲ။ ဒီမှာ အီစတာကာလ ကြက်ဥရောင်စုံလေးတွေတွေ့တော့ ကျနော့်ကြက်ကလေး တွေကို လွမ်းလိုက်တာ။ သူတို့နဲ့ ကျနော် ဘယ်နှစ်ပတ် အတူေ

နွေဦးကြိုနေ့ရက်များ

Bilde

ကမ်းခြေ

နှင်းခါးမိုး သဲပြင်ပေါ် လှဲအိပ်လိုက်တယ် လှိုင်းသံတွေက ရင်ကိုဆောင့်တယ် ကောင်းကင်မှာ ကမ်းခြေရှာမိသူပါ ထွက်ပြေးသွားတာလား တိုးဝင်လာတာလား တိမ်တွေကို မယုံရဲဘူး ခြေရာများ ရေးခြစ်ခဲ့သောအရုပ်များ ပင်လယ်ရေကသိမ်းဆည်းသွား... ခရုခွံလှလှလေးတွေသာ အမှတ်တရ အိမ်ပါခဲ့တယ်။

အိမ်ရှေ့ကသစ်ပင်

နှင်းခါးမိုး အဖွားကစိုက်ပြီး ကျနော်က ရေလောင်းခဲ့တယ်။ သူ သီးတော့ပွင့်တော့ အဖွားက ဘ၀တပါးမှာ သူ့အရိပ်ဖားဖားဝေတော့ ကျနော်က ရေခြားမြေခြားမှာ..။ သစ်မြစ်တွေက အချိန်ကာလထဲတိုးဝင်တယ် သူ့ကိုမှီပြီး မရှိတော့တဲ့အိမ်လေးကို ငေးကြည့်နေမယ် တနေ့ကျရင်။ ။