Innlegg

Viser innlegg fra august, 2007

လွမ်းလိုက်တာ စိတ္တရလေခါ

Bilde
..သြဂုတ်လ ၃၁ ရက်နေ့ လွန်ခဲ့တဲ့ဆယ်နှစ်က အခုလိုအချိန် ပါရီမြို့ရဲ့ ညချမ်းတခုမှာ ကားတိုက်မှု တခုဖြစ်ခဲ့တယ်။ ပြောစရာတွေ တပုံကြီးကျန်ခဲ့တဲ့ ကမ္ဘာကျော်မတော်တဆမှု ဟာ စိတ်ထိခိုက်လွယ်တဲ့လူတွေအတွက် ကြေကွဲစရာ လွမ်းပုံပြင်တပုဒ် ဖြစ်ကျန်ခဲ့တယ်။ တနေကုန်ထုတ်လွှင့်ခဲ့တဲ့ လွန်ခဲ့တဲ့ဆယ်နှစ်က ပန်းဈာပနမှာ လေရူးရင့်အိုထဲက မီးဖယောင်းတိုင်ငယ် ဆိုတဲ့ အယ်တန်ဂျွန်ရဲ့အလွမ်းမှာ နစ်မျောခဲ့ဘူးတယ်။ အင်္ဂလန်ရဲ့နှင်းဆီ ဘာ့ကြောင့် ကြွေလွင့်ခဲ့တာလဲ။ သူမဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးအမေတဦးပါပဲ တဲ့။ မင်းသားဟယ်ရီက သူ့အမေကိုရည်စူးပြီး တကမ္ဘာလုံးကြားအောင် မြည်တမ်းလိုက်တာပါ။ တကယ်တော့ သားတိုင်းအတွက် သူတို့အမေတွေဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးအမေ ဖြစ်နေမှာပါ။ ကျနော်ဟာ အမေ့ကို သတိရမိတယ်။ အမေက ကျနော့်ကို အဖေ့ဆီထားခဲ့တယ်။ အဖေကလည်း ကျနော့်ကို အဖိုးအဖွားဆီမှာ ထားခဲ့တယ်။ အစမှာတော့ အမေနဲ့ တလခြားတခါ၊ နှစ်လခြားတခါ တွေ့ခွင့်ရပေမယ့် နောက်တော့ အမေ မလာတော့ဘူး။ ကျနော်လူပျိုပေါက်လောက်ဖြစ်တော့မှ အမေ့ကို ထုံ့ပိုင်းထုံ့ပိုင်း ပြန်ဆုံဖြစ်တယ်။ ကျနော်ဟာ အမေ့ကို ချစ်ရကောင်းမှန်းလည်းမသိ၊ လွမ်းရကောင်းမှန်းလည်း မသိခဲ့ဘူး။ ဆွေမျိုးအရင်းကြီးမှန်း သိမှတ်ရုံထက် မပိုဘူး။

အဝေးကမီးရောင်ကို လှုံကြ

တနေ့က ဘီဘီစီ သတင်းမှာ လူအုပ်နှစ်အုပ်ကို တွေ့လိုက်ရသည်။ တအုပ်က မီးပွိုင့်တွေကို ရိုက်ချိုးသည်။ ကားတွေကို မီးရှို့သည်။ ရဲတွေကို ခဲနဲ့ပေါက်သည်။ ဒေါသတကြီးအော်ဟစ်ကြ၊ ပြေးကြလွှားကြ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြို့လည် လမ်းမတွေပေါ်ထိ ပျံနှံ့လာသည့် ကျောင်းသားဆန္ဒပြပွဲသတင်းဖြစ်သည်။ သည်ပုံရိပ်တွေက ဂဂ ခုနှစ် ရန်ကုန်မြို့လည်လမ်းမတွေပေါ်က မေ၊ ဇွန် အခြေအနေတွေကို သတိရစေသည်။ သည်တုန်းက လုံထိန်းကားတွေ မီးရှို့ခံရ၊ အချုပ်ကားထဲ အပြစ်မဲ့သူတွေ လူမဆန်စွာ သေကြရ၊ လူမမယ်ကျောင်းသားလေး တွေ ကားနဲ့တိုက်သတ်ခံရ။ သတင်းထဲက နောက်လူတအုပ်ကတော့ သေ၀ပ်ဆိတ်ငြိမ်စွာ၊ သို့သော် တည်ငြိမ်ခိုင်မာစွာ စီတန်းလမ်းလျောက်လာကြသည်။ ပိုစတာတွေမပါ။ ကြွေးကြော်သံတွေ လှိုင်းမထ။ ခရီးဝေးတခုမှန်းသိရက် လမ်းဆုံးထိရောက်ဖို့ ဆုံးဖြတ်ထားသည့် ငြိမ်းချမ်းတည်ကြည်သော မျက်နှာများပေါ်မှာ အမှန်တရားပီတိဖြင့် လင်းပွင့်နေသော အပြုံးကလေးများကိုပင် တွေ့နေရသည်။ တကယ်က သည်လို ကမ္ဘာ့သတင်းဌာနကြီးများပေါ် နေ့စဉ်မြင်တွေ့နေရသည့် က အကြမ်းဖက်မှုများ၊ စစ်ပွဲများ၊ သဘာဝကပ်ဘေးများ၊ ပြန်ပေးဆွဲမှုများ။ သည်သတင်းဌာနကြီးများ၏ ခေါင်းစီးသတင်းထဲပါလာလျင် တကမ္ဘာလုံးက အာရုံစိုက်မိသွားတတ်သည်။ တခါတလေ ကိုယ်

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဖမ်းဆီးခံရပြန်ပြီ

Bilde
တမြို့တည်းနေ သူငယ်ချင်းတဦးက ဖုန်းဆက်ပြောသည့်အတွက် လတ်တလော လောင်စာဆီဈေးကြောင့် အခြေအနေတွေ ရှုတ်ထွေးနေသည့် ရန်ကုန်မြို့က နောက်ဆုံးထွက်ပေါ်လာသည့် ညတွင်းချင်း အဖမ်းအဆီးသတင်း တွေကို သိလိုက်ရသည်။ ဖုန်းပြောနေစဉ်မှာပင် အော်စလိုမှာနေသည့် ၈၈ ကျောင်းသားခေါင်းဆောင် တဦးဖြစ်သည့် ကိုမိုးမောင်မောင်ဆီမှ အီးမေးလ်ဝင်လာလေသည်။ ( အီးမေးကို မူရင်းအတိုင်း ပြန်တင်ပေးလိုက်ပါသည်။ ) ရန်ကုန်တွင် သြဂုတ်လ ၂၁ ရက် ညသန်းကောင်၌ စတင် အဖမ်းခံရသူများမှာ ၈၈ ကျောင်းသားခေါင်းဆောင်များဖြစ်သည့် ကိုဂျင်မီ၊ ကိုပြုံးချို၊ ကိုမြအေး နှင့် ကိုအံ့ဘွယ်ကျော်တို့ ဖြစ်ကြောင်း သိရသည်။ နောက်ဆက်တွဲ မေးမြန်းစုံစမ်းချက်များအရ မင်းကိုနိုင်နှင့် ကိုကိုကြီးတို့ကို လည်း ဖမ်းဆီးသွားပြီဖြစ်ကြောင်း အတည်မပြုနိုင်သေးသည့် သတ င်းများ ထပ်မံရရှိခဲ့သည်။ မင်းကိုနိုင်ကို ကျိုက္ကဆံ စစ်ကြောရေးစခန်းသို့ ခေါ်ဆောင်သွားကြောင်း နောက်ထပ်စာတစောင် ထပ်ဝင်လာပါသည်။ ကိုမိုးမောင်မောင်ထံမှ ၀င်လာသည့် မူရင်းစာ.. Hi All comrades The bastard SPDC arrested the 4 8888students' leaders, Mya Aye, Jimmy,Pyone Chi and Ant Bwe Kyaw in this midnigh. We must prepare for the interna

ရွာငယ်ဇနပုဒ် မီးကလေးမှိတ်တုတ်

( အတွေးခဲခြစ် ) ဘလော့ကို လူတယောက်၏ ဒုတိယ ဥပဓိဟု ခေါ်ရမည်လား မသိ။ ဘလော့တခုဆီ သွားလည်လျင် လူတယောက်နှင့်တွေ့ဆုံရသလို အရသာမျိုး ရသည်ဟု ကျနော် ခံစားရသည်။ စိတ်ကူးတွေ ဖွင့်အံမှုတွေ၊ လေ့လာမှုတွေ အားထုတ်မှုတွေ၊ အရယ်အပြုံး အလွမ်းအဆွေး၊ ၀မ်းမြောက်မှု စိတ်ညစ်ညူးမှု စသဖြင့် တွေ့မြင်နိုင်သည်။ ဘလော့အပြင်အဆင်၊ အပြောင်းအလဲ၊ နေရာချထားမှုတွေကနေ ထိုသူ့ အတွင်းသဘောကို အကဲခတ်နိုင်သည်။ စီဘောက်၊ ကွန်မန့်စသည် တို့မှာ ထိုသူနှင့် အခြားသူများ၏ ဆက်ဆံရေး၊ သူ ဘယ်လိုတုန့်ပြန်သလဲ ခံစားသလဲ စသဖြင့်လည်း တွေ့နိုင်သေးသည်။ ဘလော့ပေါ်မှာ အပေါ်ယံ လောက၀တ်တွေ၊ တမင်ရုပ်ဖျက်ထားမှု၊ ပိရိစွာသရုပ်ဆောင်မှုတို့ ရှိနိုင် သော်လည်း တချက်မဟုတ် တချက်မှာတော့ အတွင်းသရုပ်တွေကို ဖွေတတ်လျင် လှစ်ကနဲ တွေ့ရလိမ့်မည်။ ထို့ကြောင့် ဘလော့တခု သက်တမ်း ကလေး ရလာပြီဆိုလျင် လူတယောက်လို အသက်ဝင်လာသည်ဟု ကျနော် ဆိုချင်သည်။ အသက်ဝင်လာလျင်တော့ ထုံးစံအတိုင်း ကိုယ်က သိပ် ၀င်ရောက်စွက်ဖက်ဖို့ မလွယ်တော့။ အနည်းနှင့် အများ သူသဘော သူဆောင်လာနိုင်သည်။ စာရေးဆရာတွေ ကိုယ့်ဝတ္တုထဲက ဇာတ်ကောင်တွေ ကိုယ်မနိုင်တော့သည့် သဘောမျိုး ဖြစ်လာတတ်သည်။ ကိုယ်ရေး ကိုယ်တင် ဆိုပေမယ့် ကိုယ် တည်းဖြတ်ချင်တ

တောင်ကုန်းပေါ်က အိမ်ကလေး

( စာတမ်းငယ် ) ၁။ အုတ်လှေကားလေးက ခပ်မတ်မတ် နှစ်ဆစ်ချိုးမို့ အတန်မြင့်သည်၊ မော်လန်ပရစ်လှေကားဟု နော်ဝေလိုရေးထားသည်ကို ကျနော်က ဟာသကလေးစွက်ပြီး မော်လန်ပရစ်စောင်းတန်းလို့ မြန်မာမှုပြုလိုက် သည်၊ အပေါ်မှာ ရွာဦးစေတီမရှိပေမယ့် ရင်ပြင်တော်ကလေးတခုတော့ ရှိသည်၊ လူ့အခွင့်ကအရေး ရင်ပြင်ငယ်လေးဖြစ်သည်၊ အလံတိုင်ထိပ်မှာ ကုလသမဂ္ဂအလံက လွင့်ဝဲနေသည်၊ အလံတိုင်ခြေရင်းမှာ ဒူးဆစ်တုပ် ထိုင်နေသည့်မိန်းမတယောက်။ မျက်နှာက ကြည်လင်အေးချမ်းစွာ၊ ဘီးစပတ်ကလေးနှင့်မို့ မျက်နှာပုံပမ်းမပီပြင်သော်လည်း ဒေါ်အောင်ဆန်း စုကြည်ဟု ကျနော့်ရင်က သိနေသည်၊ အို လွတ်လပ်မှု၏ မိခင်။ ငြိမ်းချမ်းရေး. အမေ၊ ကျနော်တို့ ဒီည ဒီနေရာလေးမှာ စုဝေးကြမယ်၊ ကမ္ဘာပေါ်က လူသားအားလုံးရဲ့ ရပိုင်ခွင့်တွေ အတွက်။ မွေးရာပါ လူသားအခွင့်အရေး တွေအတွက်။ အတိဒုက္ခ အမှောင်ထုထဲက ငြိမ်းချမ်းရေးမီးအိမ်အတွက် ကျနော်တို့ အာရုံပြုကြမယ်၊ ဒီနေ့၊ အောက်တိုဘာ ၂၄ ရက်နေ့၊ ကမ္ဘာ့ကုလသမဂ္ဂနေ့၊ ၂။ ရင်ပြင်နှင့်တဆက်တည်း လမ်းကြားလေးထဲချိုးဝင်လိုက်လျင်ပင် ရင်းနှီးပြိးသားမျက်နှာတွေက ဆီးကြိုနေသည်၊ တမြေတည်း ကလာပြီး တမြို့တည်းနေကြသူတွေ။ ဒုက္ခတူ။ ဘ၀တူတွေ၊ တခြားအချိန်တွေ မှာဆို အခုလို အားလုံးဆုံဖို့ ခက်သည်၊ ဒီ

မြန်မာတကျပ် ကရင်တကျပ်

Bilde
မနေ့က သြဂုတ် ၁၂ ရက်နေ့ဟာ ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး ကျဆုံးခဲ့ရတဲ့ ၅၇ ကြိမ်မြောက် ကရင်အာဇာနည်နေ့ပါ။ ကျနော်တို့ ဘာဂမ်မြို့ ကလေးရဲ့ အောင်ဆန်းစုကြည်ရုံးခန်းရှိရာ ရပ်ဖတို လူ့အခွင့် အရေးအဖွဲ့ရဲ့ ခန်းမဆောင်လေးမှာ ထိုင်းမြန်မာနယ်စပ်ကနေ ပြောင်းရွေ့အခြေချလာတဲ့ ကရင်အမျိုးသား တွေ စုစည်းပြီး အခမ်းအနားလေးတခု ကျင်းပခဲ့ကြပါတယ်။ စကားတွေပြောကြ၊ အောင်းမေ့ဖွယ်သီချင်းတွေ ဆိုကြနဲ့ပေါ့။ အုန်းနို့ခေါက်ဆွဲနဲ့ ဧည့်ခံတာမို့ ကျနော့်အကြိုက်ပါပဲ။ မိသားတစု ကလေးသုံးလေးယောက်ပါတာမို့ မျိုးဆက်သစ် အင်အားကလည်း အတော်တောင့်ပါတယ်။ ကရင်လူငယ်တဦးက သဘာပတိအဖြစ် စကားပြော ရာမှာ ကရင်အမျိုးသားရေးကို ဂန္နီကြီးတို့၊ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ လမ်းစဉ်အတိုင်း အကြမ်းမဖက် နှလုံးရည်နည်းနဲ့ တိုက်ပွဲဝင်ရင် အောင်မြင်နိုင်မယ်လို့ သူယုံကြည်ကြောင်း ပြောသွားတာကို ထူးထူးခြားခြား သတိ ထားမိခဲ့ပါတယ်။ ပြီးတော့ နက်ပေါ်မှာလိုက်ရှာရင်း သမာရိုးကျမဟုတ်တဲ့ အတွေးအမြင်များ unconventional thoughts and commentaries ဆိုတဲ့ အင်္ဂလိပ်လိုရေးထားတဲ့ ကရင်ရေးရာ ဘလော့တခုတွေ့တာနဲ့ လင့်တင်ပေးထားလိုက်ပါတယ်။ စိတ်ဝင်စားစရာ ဖတ်စရာ မှတ်စရာ ဘလော့တခုပါ။

တခါက ဘူတာရုံလေးတခုမှာ မီးရထားကြီးကိုစောင့်မျှော်ခဲ့စဉ်

မိုးရွာမလား နေပူမလား မသိနိုင်တဲ့မနက်။ မျှော်လင့်ခြင်းရယ် စိုးရွံ့မှုတွေရယ် အုံ့ဆိုင်းနေတဲ့မနက်။ ဘက်စကားအိုကြီးတွေတောင် အသံမထွက်အောင်ထိန်းမောင်းနေတဲ့မနက်။ ကျောင်းတက်ပြီး စာမသင်ဖြစ်တဲ့မနက်။ ရုံးတက်ပြီး လက်ဖက်ရည်ဆိုင်မထိုင်ဖြစ်တဲ့မနက်။ ဈေးသွားပြီး ဟင်းမချက်ဖြစ်သေးတဲ့မနက်။ အိမ်ကြိုအိမ်ကြားထဲအစာရှာထွက်တဲ့ ရပ်ကွက်ထဲကခွေးတွေတောင် တကောင်နဲ့တကောင်တွေ့ရင် မဟောင်မိတဲ့မနက်။ တာဝန်လက်ပတ်တွေ တုတ်တွေ ဒိုင်းတွေ သံဆူးကြိုးတွေ လော်စပီကာတင်ထားတဲ့စစ်ကားတွေ ကိုယ့်အိမ်ထဲကိုယ်နေကြပါတဲ့ လမ်းပေါ်ထွက်ရုံနဲ့ နိုင်ငံတော်ပုန်ကန်မှုဖြစ်သွားနိုင်တဲ့မနက်။ နှစ်ဆယ့်ခြောက်နှစ်လုံးလုံး ကိုယ်ဝန်ဆောင်ထားခဲ့ရတဲ့မနက်။ တမိနစ်ချင်း သံပတ်တင်းတင်းလာတဲ့မနက်။ သမိုင်းလှည်းဘီးကို ဘယ်သူကတွန်းပြီး ဘယ်သူကရပ်တန့်နိုင်ပါသလဲ အဲဒီ့မနက်က လှည်းလမ်းကြောင်းမှာ ဖုန်းတထောင်းထောင်းထခဲ့တယ်၊ နှင်းခါးမိုး ၂၀၀၅

အမေ့ကို မလိမ်ကြပါနဲ့

တခါက မဆလခေတ် အစိုးရထုတ် မြ၀တီ၊ ငွေတာရီစသည့် မဂ္ဂဇင်းများတွင် နေ့ကြီးရက်ကြီးတွေနီးလာလျင် အထိမ်းအမှတ်ကဗျာတွေ ရေးကြသည်။ အလုပ်သမားနေ့နီးလာလျင် အလုပ်သမားကဗျာ၊ လယ်သမားနေ့နီးလာလျင် လယ်သမားကဗျာ၊ တော်လှန်ရေးနေ့နီးလာလျင် တော်လှန်ရေးကဗျာ စသဖြင့်။ ကြာတော့ လူတွေက သည်ကဗျာတွေကို ညည်းငွေ့လာကာ ကျော်ဖတ်ကြသည်။ ကျနော်တို့ကဗျာရေးစက ထိုကဗျာရေးသူများကို အထင်မကြီး။ ပုံစံကျများဟု ဝေဖန်ပြစ်တင်ခဲ့သည်။ အခုတော့ ကိုယ်အပြောခံရမည့် အလှည့်ထင်သည်။ ဒီမိုကရေစီရေး အထိမ်းအမှတ်ကဗျာတွေ တော်တော်ရေးဖြစ်ခဲ့သည်။ တခုတော့ ပြောရဲတာရှိသည်။ မိမိတိုးတိုက်မိခဲ့သည့် သမိုင်းရက်စွဲများကို ရင်ဖြင့် ခံစားရေးဖွဲ့ ဖြစ်အောင် ကြိုးစားခဲ့ခြင်းပင်။ ကျနော်တို့ လူ့ဖြစ်ရသည့်တိုင်းပြည်၏ ၁၃၅၀ ပြည့်သည် ရွှေဘောင်ကွပ်ဖို့ မလိုအပ်လောက်အောင် ခမ်းနားပြည့်စုံပြီးသား လူထုပန်းချီကားတချပ်ဖြစ်ခဲ့သည်။ ယခု ကျနော်၏ ပါဝင်ဖွဲနွဲ့မှုသည် ခဲခြစ်ရာတကြောင်းမျှသာ။ ညီမလေး ခဏနေပြန်လာမှာပါ အိမ်ရှေ့မှာ လူအုပ်ကြီးက လမ်းအတိုင်း စီးဆင်းနေတယ်။ တူညီဝတ်စုံ ကြွေးကြော်သံစာရွက် အလံကိုင်တပ်ဖွဲ့ ညွှန်ကြားကြီးကြပ်သူ ဘာတခုမှမပါ တချို့ဆို ဖိနပ်ေ

နာကျင်မှုတိုင်းမှာ ပန်းတခင်းရှိတယ်

(ကဗျာခံစားမှု) တိုက်ဆိုင်တိုင်း ကျနော်ဖတ်ခဲ့ဘူးသော တရုတ်ဝတ္တုတိုလေးတပုဒ်ကို သွားသွားသတိရသည်။ ဥက္ကဌမော်လက်ထက်က တရုတ်ပြည်မှာ ယဉ်ကျေးမှုတော်လှန်ရေးဖြစ်သည်။ ထိုတော်လှန်ရေးကာလအတွင်း ပညာတတ်တော်တော်များများအပါအ၀င် တရုတ်ပြည်သူတွေ၏ဘ၀ ဗရုတ်ဗရက် ဖြစ်ခဲ့ရသည်။ နောက်တော့ ယဉ်ကျေးမှုတော်လှန်ရေး ကျဆုံးသွားသည်။ ထိုအခါကျမှ အခြေအနေတွေက ပြန်တည်ငြိမ်သွားသည်။ သို့သော် တရုတ်ပြည်သူများသည် ထိုကာလများကို ဘယ်တော့မှမမေ့။ ထိုကာလများသည် သူတို့ဘ၀အတွက် ဆုံးရှုံးခဲ့ရသောကာလများအဖြစ် သတ်မှတ်ကြသည်။ ထိုဝတ္တုတိုလေးထဲမှ ဇာတ်ကောင်များသည် သူတို့အသက်ကိုပြောသောအခါတိုင်း ၈ နှစ်လျော့၍ ပြောတတ်ကြသည်။ ထို ၈ နှစ်သည် ယဉ်ကျေးမှုတော်လှန်ရေး ကာလဖြစ်သည်။ သူတို့ဘ၀ထဲတွင် ထို ၈ နှစ်ကို ထည့်မတွက်ကြ။ ၈၈ ခုနှစ်က ကျနော့်အသက် ၂၅ နှစ်မပြည့်တတ်သေး။ ကျနော်က ၆၃ ခုဖွား ဖြစ်သည်။ ကျနော့်ထက်တနှစ်စော၍ ၆၂ ခုနှစ်တွင် လူဖြစ်သော ကျနော့် သူငယ်ချင်းတယောက်ကတော့ ကိုယ်တို့က ဒီမိုကရေစီနဲ့လူ့အခွင့်အရေးကို ချက်ကြိုးနဲ့အတူအဖြတ်ခံခဲ့ရတဲ့ကောင်တွေ ဟု ပြောလေ့ရှိသည်။ ထို့ကြောင့်ပင် ၈၈ ခုနှစ်ကကျနော်တို့တွေ လမ်းမတွေပေါ် ရောက်ခဲ့ခြင်းဖြစ်သည်။ အခုတော့ ဆယ်စုနှစ် ၂ စုနီးပါး ကြာညောင်း