Innlegg

Viser innlegg fra januar, 2009

ခရမ်းပြာနိဒါန်း

တက္ကသိုလ်ကျော်ဝင်းမောင် (အခန်း - တစ်) နာရီသံစက်၊ ချက်ချက်ဒေါင်ဒင် ငါ၏အသက်၊ ခွဲဝက်ယူငင် ဖော်မဲ့ညများ၊ ခြောက်ခြားဖွယ်ပင် မီးအိမ်လေး၊ ညှိပေးစမ်းပခင်။ ဖန်ပုတီးစေ့၊ လေဝှေ့ချိန်မှာ သံသာခန်းဆီး၊ ဖယ်ပြီးသောခါ တရုတ်ကပ်များ၊ ပိတ်ထားလိုက်ပါ ကဗျာများ၊ ငါ့နားလာဖတ်ပါ။ အမှောင်သိပ်သည်း၊ နက်မည်းကောင်းကင် ညည့်ခရီးသွား၊ ကြယ်များပင်လျှင် မမြင်မစမ်း၊ လမ်းမဆက်ချင် နေအထွက်၊ စောင့်လျက်အိပ်ပြီထင်။ တံစက်မြိတ်များ၊ ဆွဲထားငှက်အိမ် တေးသံလည်းတိတ်၊ ဆိတ်ဆိတ်ငြိမ်ငြိမ် ခိုနားပျံပြေး၊ ဟိုရှေးတစ်ကြိမ် နိုင်တင်ဂေး၊ ငှက်လေးကိုလူလိမ်။ ယခင်ချိန်များ၊ ရွှေငါးပျော်ရာ ဆေးအပြာဆိုး၊ ဖန်အိုးရေမှာ မှော်ပင်မှော်ရွက်၊ ကျောက်ခက်ချည်းသာ ရေခန်းလှ၊ သဲနုသောင်ထွန်းကာ။ မီးလင်းဖိုနား၊ ထင်းများစုပုံ ပင့်ကူမျှင်ယှက်၊ အေးစက်ပြာပုံ ဂွမ်းနုစောင်ကြား၊ ခြေဖျားမှာပုံ ရာသီမေ့၊ ကိုယ်ငွေ့မျှဝေလှုံ။ အိပ်ရာဝင်တေး၊ ငြိမ့်လေးသံစဉ် ခေတ်ဟောင်းဓါတ်ပြား၊ အပ်ဖျားတုံးတင် နွမ်းကြေတွန့်လိပ်၊ တိပ်ကြိုးခွေဆင် စိတ်ကစား၊ ထောင်နားနာလှည့်ခင်။ တုံးမောင်းကုလားတက်၊ လေးချက်နှိုးဆော် ဗရင်ဂျီကျောင်း၊ ခေါင်းလောင်းညံသော် မှန်ပြတင်းဖွင့်၊ မိုးမြင့်ဆီမျှော် နဂါးငွေ့၊ မှိန်ရွေ့ဖြူ

ဖော်. . .ဝေး

နေနွယ် စက်.၀၈ အို သူမသေသေး ငါ့အရေးကို ဖတ်ပ ၁၉၇၈ ခုနှစ်များ နှစ်များ အနှစ်များ အခု ဘယ်နှခုနှစ်လဲ နှစ်ပြီး စဉ်းစားလိုက်ပါ အဲဒါ ကိုဖော်ဝေး ရက်စက်သောဂီတရဲ့ အဆိုတော်တေးရေး အို သူမသေသေး ဒီမှာ အနှေးပြကွက်လို မြင်နေရ ခပ်လျားလျား နောက်ဆုံးစီးသွားတဲ့ သုံးဘီးကား ၀ါကျင်ကျင် အခိုးငွေ့ငွေ့ အင်ဂျင်သံ တမောမောပေါ်မှာ... ဟိုး မမြင်ရထိ သူ လက်ပြနှုတ်ဆက်သွားခဲ့ ငါငိုခဲ့ရ သူစခဲ့တဲ့ အစမှာကိုပါပဲ။ မသောက်ချင်လို့ကို သောက်နေခဲ့ အချိန်ဟာ ထွန့်ထွန့်လူးနေခဲ့ တယောက်ပြာကျသွားပြန်ပတဲ့ ခင်ဗျားရဲ့ လျှာပေါ်က ထွန်ကြောင်း ခင်ဗျာ့ ရိုးသားမှုကို သောက်သုံးခဲ့ရပါကြောင်း ပြိုင်မြင်းတကောင် မဟုတ်ရပါကြောင်း မမှန်မတရားမှာ သင်္ချိုင်းရှိကြောင်း ကြားနေကြကြောင်းတွေနဲ့ ခြားစွာ ဒါ ခင်ဗျား အချိန်မှားခဲ့တဲ့ လည်ရှည်ဖိနပ်တရံမဟုတ် အသင်မှားခဲ့တဲ့ ရုရှားဘာသာစကားမဟုတ် ဒါခင်ဗျာ့ ဖန်ခုန်တမ်းကစားနည်းဖြစ်တယ် နှုတ်ခမ်းနီးစွေး မေတ္တာစာဖြစ်တယ် ဒါခင်ဗျာ့ အပိုအလိုမရှိ တိကျ သချာင်္ဆန် ဂီတကမ္ဗည်း ခင်ဗျားစပ်ခဲ့တဲ့ ညနေခင်းဟင်းတစ်ခွက် ခင်ဗျားသိုထားတဲ့ အဂ္ဂါအလန်ပိုး ဒါခင်ဗျားပေးခဲ့တဲ့ နှစ်ပေါင်းသုံးဆယ် ဘယ်မေ့လျော့နေခွင့် ရှိလေလိမ့်မလဲဗျာ အပ္ပမာဒေနသမ္ပာ ဒေထ။ ကျမ်းကိုး။

မနက်ခင်းဒိုင်ယာလော့

Bilde
တစုံတယောက်က သင့်ဆီ မနက်ခင်းလေးတခု ပို့လိုက်မည် ဆိုပါစို့။ ဘယ်လောက်ပျော်စရာကောင်းလိုက်မလဲ။ သိမ်းထားမည်။ အဲဒီမနက်ခင်းလေးကို တမြတ်တနိုးသိမ်းဆည်းထားမည်။ ရှင်းသန့်တဲ့မနက်ခင်းလေး။ လန်းဆန်းတဲ့မနက်ခင်းလေ။ အေးမြတဲ့မနက်ခင်းလေး။ မျှော်လင့်ချက်တွေနဲ့ မနက်ခင်းလေး။ အားမာန်တွေနဲ့ မနက်ခင်းလေး။ ဒီမနက်ခင်းလေးမှာ အပြုံးစစပါမည်။ နုပျိုသောအလှပါမည်။ ဖေါ်ရွေနှစ်သိမ့်မှုများပါမည်။ ပြီးတော့ ဒီမနက်ခင်းလေးက ပန်းချီကားတချပ်ဆိုပါစို့။ ကဗျာတပုဒ်လည်းဖြစ်သည်ဆိုပါစို့။ မျဉ်းတွေကို စကားလုံးတွေဖြင့် ဖလှယ်ယူမည်။ အရောင်တွေကို အသံတို့ဖြင့် ဖလှယ်ယူမည်။ နှလုံးသားကိုတော့ နှလုံးသားဖြင့်သာ ဖလှယ်ယူမည်လေ။ ကျနော့်မျက်ခွံတွေက လေးလံကျလာချင်သည်။ ဒီအချိန်ကျမှ ဘယ်အိပ်လို့ဖြစ်ပါတော့မလဲ။ မိုးလင်းပြီလေ။ မီးဖိုခန်းထဲဝင်ကာ ထမင်းကြော်ဖို့စဉ်းစားသည်။ ကော်ဖီကျကျတခွက်သောက်မည်။ သိပ်အိပ်ချင်လာပြီဆိုလျင်တော့ နေလည်စာစားပြီချိန်ကျမှ တရေးလောက်မှေးလိုက်မည်။ ခုတလော အိပ်လို့မပျော်ဘူးဗျာ။ သူငယ်ချင်းဖြစ်သူက ကျနော့်မျက်နှာကို တိတ်ဆိတ်စွာဖတ်ရှုနေသည်။ တရေးနိုးရင် လန့်လန့်နိုးတယ်။ ပြီးတော့ ရင်တွေတဒုန်းဒုန်းတုန်ပြီး ပြန်အိပ်လို့မရတော့ဘူး။ ပြောရင်း အသက်ရှုရသည်ပ