Innlegg

Viser innlegg fra april, 2012

ဘယ်သွားမှာလဲမောင်ရေခဲ

Bilde
နှင်းခါးမိုး မီးရထားကထွက်သွားပြီ လူသူရှင်းလင်းဘူတာစင်္ကြန်ထဲ အထီးကျန်ထိုင်ခုံ ခရီးဆောင်လက်ဆွဲအိတ် လေ့လွင့်ခွေးပိန်တကောင်ကသမ်းဝေလို့ မြေကြွက်တကောင်ကအစာရှာပြေးလွှား ဘူတာနောက်ကလယ်ကွင်းထဲလူသွားလမ်းကလေးပေါ် တခါကအပြာရောင်ထီးနဲ့ မမထားကိုသတိရ အဲဒီတုန်းကယူကလစ်ပင်ကလေးတွေအခုဘယ်မှာလဲ အားလုံးကထားခဲ့ပြီ အားလုံးကိုထားခဲ့ပြီ သုံးမရတော့တဲ့လက်မှတ်ကိုသာ လက်ထဲမှာကျစ်ကျစ်ပါအောင်ဆုပ်မိရဲ့ ဟောဒီမိုးဖွဲကလေးများကိုတော့ဖြင့် မစဲစေချင်သေးပါ။ ။