Innlegg

Viser innlegg med etiketten စိတ်ကြိုက်စာ

ခရမ်းပြာနိဒါန်း

တက္ကသိုလ်ကျော်ဝင်းမောင် (အခန်း - တစ်) နာရီသံစက်၊ ချက်ချက်ဒေါင်ဒင် ငါ၏အသက်၊ ခွဲဝက်ယူငင် ဖော်မဲ့ညများ၊ ခြောက်ခြားဖွယ်ပင် မီးအိမ်လေး၊ ညှိပေးစမ်းပခင်။ ဖန်ပုတီးစေ့၊ လေဝှေ့ချိန်မှာ သံသာခန်းဆီး၊ ဖယ်ပြီးသောခါ တရုတ်ကပ်များ၊ ပိတ်ထားလိုက်ပါ ကဗျာများ၊ ငါ့နားလာဖတ်ပါ။ အမှောင်သိပ်သည်း၊ နက်မည်းကောင်းကင် ညည့်ခရီးသွား၊ ကြယ်များပင်လျှင် မမြင်မစမ်း၊ လမ်းမဆက်ချင် နေအထွက်၊ စောင့်လျက်အိပ်ပြီထင်။ တံစက်မြိတ်များ၊ ဆွဲထားငှက်အိမ် တေးသံလည်းတိတ်၊ ဆိတ်ဆိတ်ငြိမ်ငြိမ် ခိုနားပျံပြေး၊ ဟိုရှေးတစ်ကြိမ် နိုင်တင်ဂေး၊ ငှက်လေးကိုလူလိမ်။ ယခင်ချိန်များ၊ ရွှေငါးပျော်ရာ ဆေးအပြာဆိုး၊ ဖန်အိုးရေမှာ မှော်ပင်မှော်ရွက်၊ ကျောက်ခက်ချည်းသာ ရေခန်းလှ၊ သဲနုသောင်ထွန်းကာ။ မီးလင်းဖိုနား၊ ထင်းများစုပုံ ပင့်ကူမျှင်ယှက်၊ အေးစက်ပြာပုံ ဂွမ်းနုစောင်ကြား၊ ခြေဖျားမှာပုံ ရာသီမေ့၊ ကိုယ်ငွေ့မျှဝေလှုံ။ အိပ်ရာဝင်တေး၊ ငြိမ့်လေးသံစဉ် ခေတ်ဟောင်းဓါတ်ပြား၊ အပ်ဖျားတုံးတင် နွမ်းကြေတွန့်လိပ်၊ တိပ်ကြိုးခွေဆင် စိတ်ကစား၊ ထောင်နားနာလှည့်ခင်။ တုံးမောင်းကုလားတက်၊ လေးချက်နှိုးဆော် ဗရင်ဂျီကျောင်း၊ ခေါင်းလောင်းညံသော် မှန်ပြတင်းဖွင့်၊ မိုးမြင့်ဆီမျှော် နဂါးငွေ့၊ မှိန်ရွေ့ဖြူ...

မသိနားမလည်မှုကို ကျော်လွှားရေး

(အတွေးအမြင်ခေါင်းကြီး) ၂၁ ရာစုနှစ်သည် တစ်ဖက်စွန်းရောက်မှုတွေ များလာသောရာစုနှစ် (century of Extremes) ဖြစ်သည်ဟု ၂၁ ရာစုကို လေ့လာသူ ပညာရှင် ဂျိမ်းမာတင်က ဆိုသည်။ ဤရာစုတွင် စိတ်ကူးစိတ်သန်း အသစ်တွေ အများကြီး ပေါ်လာသည်။ ထိုစိတ်ကူးစိတ်သန်းတို့ကို ၂၁ ရာစု လူသားများက လွယ်လွယ်နှင့် လက်မခံကြချေ။ ယနေ့ခေတ် လူသားတို့သည် အရာရာကို စမ်းသပ်ကြည့်ပြီးမှ လက်ခံသည်။ ၂၁ ရာစု လူသားတို့သည် သူများပြောတိုင်း ယုံသည့် မလိမ်မိုး မလိမ္မာခေတ်ကို ကျော်လွှားခဲ့ပြီဟု အတွေးအခေါ် ပညာရှင်များက ကောက်ချက်ချသည်။ ယင်းအဆင့်သို့ ရောက်လာခြင်းမှာ အိုင်တီခေါ် သတင်း ပြန်ကြားရေး နည်းပညာ၏ ကျေးဇူးတရား ဖြစ်သည်ဟု လက်ခံထားကြသည်။ အတွေးအခေါ် သမိုင်းပညာရှင် အာနက်စ်ဂဲလ်နာက သမိုင်းတွင် စခန်းသုံးဆင့် ရှိခဲ့သည်ဟု ညွုန်းဆိုသည်။ (၁) Sword ဓား၊ (၂) Plough ထယ်နှင့် (၃) Book စာအုပ်တို့ဖြစ်သည်။ ဤသုံးစခန်းကို (၁) အမဲလိုက်ခြင်း၊ အစာရှာစုဆောင်းခြင်း (၂) ထွန်ယက်စိုက်ပျိုးခြင်းနှင့် (၃) အသိပညာ တိုးချဲ့ခြင်း ဟူ၍ ဖွင့်ဆိုနိုင်သည်။ သူများပြောတိုင်း ယုံခြင်း၊ ခြောက်တိုင်းကြောက်ခြင်း၊ မြှောက်တိုင်းမြောက်ခြင်း၊ တမတ်ဖိုးလောက် သိသည်ကို တကျပ်ဖိုးလောက် ထင်နေခြင်း၊ ကျွဲခြေရ...