အရင်ဘ၀ကရော်ဘင်ဟု
ပန်းပွင့်တွေကအတုဖြစ်ချင်ဖြစ်မယ် သံဆူးကြိုးကတော့စစ်တယ်၊ အိုးလေးခွက်လေးမှကိုယ့်မှာမရှိရင် မိုးရွာတုန်းဘယ်လိုရေခံမလဲ၊ တည်နေတုန်းမီးပြတ်သွားတော့ ပေါင်းအိုးထဲကဆန်တွေခမျာ ထမင်းဖြစ်ခွင့်မရတော့ဘူး၊ မင်းအပေါ်ဆိုးခဲ့သမျှ ကမ္ဘာကြီးအပေါ်ကောင်းပါမယ်။ နှင်းခါးမိုး ၁၉၊ ဇူလိုင်၊ ၂၀၁၈