Innlegg

Viser innlegg fra oktober, 2007

မဟာတံတိုင်းကြီးရဲ့ နံရံပေါ်က ဆေးစက်များ

Bilde
တရုတ်ပြည်ကြီးထဲမှာ အကျဉ်းကျနေတဲ့ တရုတ်နိုင်ငံရေးအကျဉ်းသားတယောက်ရဲ့ ထောင်တွင်းမှာရေးဆွဲတဲ့ ပန်းချီကားတွေလို့ သိရပါတယ်။ နော်ဝေကျောင်းသူတယောက်က ယူထုတ်လာပြီး ဘာဂမ်မြို့က ပြခန်းတခုမှာ ပြပွဲတခု ခင်းကျင်းပြသခဲ့တာကို သွားကြည့်ရင်း ရိုက်ယူလာခဲ့တာပါ။ ပုံတွေကို ကြည့်လိုက်ရုံနဲ့ ဒီကနေ့ တရုတ်ပြည်ကြီးရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို သိနိုင်ပါတယ်။ ပြပွဲဖွင့်တဲ့နေ့က မြန်မာပြည်ထဲက စက်တင်ဘာအရေးအခင်းကို အနီရောင်ဝတ်စုံတွေဝတ်ပြီး ထောက်ခံတဲ့ပွဲနဲ့တိုက်နေလို့ ပြခန်းတခုလုံး နီသွားခဲ့ပါတယ်။ တရုတ်ပြည်မှာ ကွန်မြူနစ်ပါတီ အာဏာရလာတော့ တရုတ်နီလို့ ခေါ်ခဲ့ကြပါတယ်။ အနီအနီချင်း ထိပ်တိုက်တိုးခဲ့တဲ့ နေ့ဆိုပါတော့။ ဒါပေမယ့် အနီချင်းတော့ မတူပါ။ ကျနော်တို့က လွတ်လပ်တဲ့အနီ..။ နှင်းဆီနီတွေပွေ့ပိုက်ထားပေမယ့် ကြောက်လန့်မှုတွေဖိစီးနေတဲ့ လူမျက်နှာပုံ ပန်းချီကားကို ၀ိုင်ခွက်နောက်ခံထားပြီး ဓါတ်ပုံရိုက်ယူခဲ့မိပါတယ်။ ရင်ထဲက စကားလုံးတချို့အတွက် ဆိုပါတော့။

လူသတ်သမားရဲ့ ညစာ

လူသတ်သမားက သွေးအေးတယ်။ သွေးမခြောက်သေးတဲ့လက်နဲ့ စီးကရက်ကိုမီးညှိပုံ၊ သူသတ်ထားတဲ့အလောင်းရဲ့ အင်္ကျီရင်ဘတ်ကြယ်သီးတွေကိုဆွဲစေ့ပေးပုံ၊ ကော်ဖီဆိုင်ထဲကထလာသလို လေကလေးချွန်ပြီးလျောက်သွားလိုက်သေးသတဲ့။ ဥသြသံတွေဆူညံ ရဲတွေရောက်လာ သတင်းစာမျက်နှာဖုံးမှာ ခေါင်းကြီးစာလုံးမဲကြီးနဲ့ပါလာ အသတ်ခံရသူရဲ့ အပြစ်ကင်းစင်တဲ့မျက်နှာလေးကို တီဗွီကမကြာမကြာထုတ်လွှင့်နေ တမြို့လုံးလည်း ဒီအမှုအကြောင်းပဲပြောနေကြ။ ရွှေကိုလိုလို့သတ်သလား လူကိုလိုလို့သတ်သလား တခါကရန်ညှိးလား စိတ္တဇလူသတ်သမားလား။ အသေဆိုးလေခြင်းလို့ စုတ်သပ်သူကသပ် အတင့်ရဲလေခြင်းလို့ ဒေါကန်သူကကန် ရှေ့ကလမ်းချိုးအကွေ့အမှောင်ရိပ်ထဲ လူသတ်သမားစောင့်နေမလားလို့ ကြောက်လန့်သူတွေလည်းရှိရဲ့၊ ( ဒီလိုနဲ့ ) မြို့ကလေးထဲ ညအမှောင်ထုကတွားသွားဝင်လာ တံခါးတွေစောစောပိတ် မီးတွေစောစောမှိတ်ကြ စောစောတော့အိပ်မပျော်နိုင်ကြ။ လူသတ်သမားကော ဒီအချိန်ဆိုညစာစားနေလောက်ပြီ ၀ိုင်ကလေးသောက်လိုက် စပျစ်သီးလေးမြုံ့လိုက်နဲ့လေ ပြီးတော့ မနက်ကသွေးစွန်းခဲ့တဲ့သူ့လက်ကို ဆုပ်လိုက်ဖြန့်လိုက်နဲ့စိုက်ကြည့်ရင်း ငွေ့ငွေ့ကလေးပြုံးမယ်၊ သူတွေးမိမှာက တယောက်ကိုသတ်လိုက်ရုံနဲ့ တမြို့လုံးသေဆုံးသွားခဲ့တဲ့အကြောင်း၊ နှင်းခါးမိုး

ဒစ်ဂျစ်တယ်အနုပညာဝါဒနှင့် သိ င်္ဂီတ၀က် မြတ၀က်

Bilde
သိ င်္ဂီတ၀က် မြတ၀က်ဟုပင် ဖွဲ့ရမည်လား။ ထင်းရူးတောအုပ် မြက်ခင်းနှင့် အခြားစိမ်းစိုဆဲ မြင်ကွင်းထဲ ၀ါရွှေရွက်ခြောက်တို့ တသောသော လွင့်ကြွေကြပုံက ဆောင်းဦးဆောင်းရဲ့ သရုပ်ကိုဖေါ်နေသည်။ တချို့သစ်ပင်တို့ ခပ်တဲတဲ ရွက်ကြွင်းကျဲကျဲဆင်ကာ မလုံ့တလုံဖြင့် အိနြေ္ဒပျက်စပြုနေပြီကော။ နေရောင်စပ်စပ်ရှိနေပေမယ့် လေကအေးစက်နေသည်။ မိုးပြေးကလေး တပြိုက်လောက် သော့နှင်သွားခဲ့လျင်တော့ သဘာဝလောကပန်းချီက လွမ်းရိပ်ဆင်မှိုင်းလို့နေပြန်သည်။ သည်လိုနှင့် သည်တဆောင်းကိုတော့ ဖြတ်ကြရပြန်အုန်းတော့မည်။ လက်ကိုင်ဖုန်းကလေးဖြင့် သဘာဝပုံတွေကို သိမ်းဆည်းနေမိသည်။ နည်းပညာခေတ်မှာ လက်ကိုင်ကိရိယာလေးတခုက အတော်စုံစုံ စွမ်းဆောင်နေနိုင်တာတွေးမိတော့ လူသားတို့၏ တီထွင်ဖန်တီးနိုင်စွမ်းကို အံ့မောရသည်။ တဆက်တည်း အနုပညာနှင့် နည်းပညာ၏ ပေါင်းစပ်မှုကို အတွေးချဲ့နေမိသည်။ တခါကတော့ ပန်းပု ပန်းချီ စာပေ ဂီတ တို့သည် လူသား၏ရုပ်ခန္ဒာကို ကြားခံကိရိယာအဖြစ်ထား၍ မွေးဖွားခဲ့ကြသည်။ အနုပညာနှင့် လုပ်အားတို့ ပေါင်းစည်းခဲ့ကြသည်။ နည်းပညာက အခုလောက် အကောင်မထွားသေး။ ကျောက်ကို ထွင်းသည်။ သစ်သားကို ထုသည်။ ပေရွက်ကို ပရပိုဒ်ပြုကာ ကညစ်ဖြင့်ရေးခြစ်သည်။ သားရေကြက်ဗုံတို့ကို တီးခတ်သည်။ ကညင်ဆီမ

FREE BURMA

Bilde
RIGHT TO FREE INTERNET RIGHT TO FREE BLOG FREE BURMA FREE BURMA FREE BURMA FREE BURMA FREE BURMA FREE BURMA FREE BURMA FREE BURMA FREE BURMA FREE BURMA FREE BURMA FREE BURMA FREE FREE BURMA FREE BURMA FREE FREE BURMA FREE BURMA FREE BURMA FREE BURMA FREE BURMA FREE BURMA FREE BURMA FREE BURMA FREE BURMA FREE BURMA FREE BURMA FREE BURMA FREE BURMA FREE BURMA FREE RIGHT TO FREE INTERNET RIGHT TO FREE BLOG

ကျွဲတကောင်ရဲ့အနုပညာနဲ့ ကပ္ပိယမေတ္တာ

၂၀၀၃ ခုနှစ်က ရေးဖြစ်ခဲ့တဲ့ မြန်မာပြည်၊ ဂိမ်းသီအိုရီနှင့် ကပ္ပိယမေတ္တာ ဆိုတဲ့ စာတပုဒ်ထဲက လက်ရှိအခြေအနေနဲ့ပတ်သတ်လို့ တခုခုပြောချင်နေတဲ့အချိန်မှာ ဆိုလိုရာကိုပေါ်နိုင်မယ့် အပိုဒ်ကလေးတခု ဒီမှာတင်ပြိး ဝေငှလိုက်ပါတယ်။ လူပြောသူပြောများတဲ့ ဂိမ်းသီအိုရီဆိုတာကို မိမိနားလည်သလောက် ကိုးကားထားပေမယ့် တကယ်ပြောချင်တာက မြန်မာပြည်ပြဿနာတွေရဲ့ လက်တွေ့သဘာဝကိုပါ။ ဆောင်းပါးတပုဒ်လုံးပြန်မတင်ဖြစ်တာကတော့ အခုအချိန်မှာ လိုရင်းတိုရှင်းပြောတာသာ အသင့်တော်ဆုံးလို့ ယူဆလို့ပါပဲ။ ချုပ်ပြောရရင် သမာရိုးကျကစားပွဲကို ဆက်ကစားကြမလား။ တိုင်းပြည်ကို မီးပုံထဲ ပစ်ထည့်ပြီး အသစ်ပြန်မွေးဖွားကြမလား။ ဒါလည်း မလုပ်ကောင်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဘယ်ရောဂါမဆို လိမ်းဆေး ရှုဆေးလေးနဲ့ပျောက်သွားရင်တော့ အကောင်းဆုံးပေါ့။ ဒါမှမရရင် စားဆေး ထိုးဆေးနဲ့ တဆင့်တက်ကုရတာပါပဲ။ နောက်ဆုံးမရတော့ရင် ခွဲစိတ် ဖြတ်တောက် ကုသကြရတာပေါ့။ မကုသရဲလို့ ရောဂါကိုဆက်မွေးထားမယ်ဆိုရင်ဖြင့် မကြာခင် အသက်ကိုနှုတ်ယူသွားမှာပဲ။ တရားပွဲတခုမှာ ဆရာတော်တပါးက အခုလို ဟောကြားခဲ့ဖူးတယ်။ ပုံပြင်လေးတပုဒ်ကို ဥပမာဆောင်ပြီး ဟောတာပါ။ ဘုန်းကြီးတပါးနဲ့ ကပ္ပိယ တယောက် တခြားရွာဆွမ်းစားသွားပြီး ပြန်လာ ကြတယ

သပြေခက်တွေကို တွက်ရေလို့စောင့်ပေတော့ ..

Bilde
အာဏာက လူကို ရူးသွပ်စေတယ်။ မေတ္တာတရားက လောကကြီးကို ပွင့်ဖူးစေတယ်။ အိုလူကြီးမင်း.... ဒီသေးကွေးတဲ့လက်ကလေးထဲက အရှိန်အဟုန်နဲ့စီးကျလာတဲ့ ကြီးမားတဲ့မေတ္တာတရားကို ခင်ဗျား သယ်ဆောင်သွားပါ။ ပြီးတော့ သွေးမခြောက်သေးတဲ့လက်တွေကို ခင်ဗျားဆွဲရမ်းနှုတ်ဆက်တဲ့အခါ အဲဒီ့မေတ္တာတရားနဲ့ သူတို့ရဲ ဆောက်တည်ရာမဲ့နေရှာတဲ့စိတ်တွေကို ငြိမ်းသတ်ပေးနိုင်ပါစေသတည်း။

သစ္စာလမ်းဆုံမှာ ချစ်ခြင်းရဲ့ဗုံသံတွေနဲ့

ဇီမာဆိုတာ ဆိုက်ဘေးရီးယားက မီးရထားလမ်းဆုံ မြို့သေးကလေးပါ။ ကောက်ထွက်မကောင်းတဲ့နှစ်တွေကိုသာ သစ္စာတရားလို့သိသွားရရှာတဲ့ သူ့ဘိုးဘေးတွေအတွက် ယက်ဖ်တူရှင်ကိုဟာ ဒီကဗျာကိုရေးပါတယ်။ ဒီခေတ်မှာ တကယ်ချစ်မိတဲ့သူဟာ ဘာမှ သုံးစားမရတော့ဘူး လို့ သူက ဆိုညည်းခဲ့ပေမယ့် ဒီကဗျာမှာတော့ မယုံကြည်ခြင်းတရားမရှိ ပြင်းထန်တဲ့အချစ်စိတ်အပြည့်နဲ့ သူ့ရင်ထဲကခံစားချက်တွေကို ထုတ်ဖေါ်ကြေငြာခဲ့ပါတယ်။ ကြီးမြတ်ခြင်းက သူ့ကိုခေါ်နေတဲ့အတွက် ကဗျာဆရာဟာ အသေအချာစဉ်းစားပြီး တရားမျှတစွာ ပြန်ထူးခဲ့ပါတယ်။ သူက တခုတည်းသောသစ္စာတရားရဲ့ ရိုးသားတဲ့မီလျှံထဲမှာ နောက်ပြန်မလှည့်ပဲ ရဲရဲချီနိုင်ဖို့သာ ငါ ဆုတောင်းတယ်လို့ ဆိုလိုက်ပါသေးတယ်။ သူ့ရဲ့ ဇီမာလမ်းဆုံ ကဗျာရှည်ကြီးထဲက အောက်ပါကဗျာစာကြောင်းတွေဟာ ဒီကနေ့ ကျနော်တို့ရဲ့ ရင်နဲ့ဘ၀ကို တိုက်ရိုက်ထိမှန်စေပါတယ်။ ဒါပေမယ့် ဒီခေတ်ကြီး ငါတို့ခေတ်ကြီးရဲ့ အကြောင်းအရာတွေကို ဘယ်မှာမတွေးပဲ နေနိုင်ပါ့မလဲ ငါချစ်ခင်စွာတွေးပါတယ်။ စိတ်မပျက်ပါနဲ့ ဒီအခြေအနေဟာ မင်းတယောက်တည်းရဲ့ သီးခြားတဲ့အခြေအနေမဟုတ်ပါဘူး။ မင်းတယောက်တည်းသာ ဒီလို ရှာဖွေတာ တည်ဆောက်တာ ပဋ္ဋိပက္ခဖြစ်တာမဟုတ်ပါဘူး၊ ထာဝရမေးခွန်းအတွက် အဖြေမထွက်သေးပေမယ့် စိတ်မပျက်ပါနဲ့။ ဆက်လု