Innlegg

Viser innlegg med etiketten ၀တ္ထုတို

လွမ်းနှင်းမှုန်မှုန်

Bilde
(၀တ္ထုတို) နှင်းခါးမိုး မြက်ခင်းပြင်ကျယ်ထဲမှာ တပင်တည်း မားမားစွင့်စွင့် ရှိနေသည့် ယူကလစ်ပင် မြင့်မြင့်က အပြာရောင် ကောင်းကင်ကို နောက်ခံထားလျက် ယိမ်းနွဲ့လို့နေသည်။ သင်တန်းခန်းမထဲမှာတော့ ဆရာ့စကားကို နားစိုက်ကာ တိတ်ဆိတ် ငြိမ်သက်လျက်။ ပန်ကာနှစ်လုံး၏ လည်ပတ်သံ မတိုးမကျယ်လေး ထွက်ပေါ်နေတာ ကြားရသည်။ ...မတရားမှုတွေကို ဖျက်သိမ်းပြီး တရားမျှတမှုရှိတဲ့ သစ်လွင်တဲ့ လူ့အဖွဲ့အစည်း တခုကို တည်ဆောက်ဖို့ ဦးတည်ထားတဲ့ အကူးအပြောင်း ကာလတခုမှာ ကျနော်တို့တွေ မလွဲမသွေ လုပ်ရမယ့် အလုပ်တခုကတော့ ကျနော်တို့ လူ့အဖွဲ့အစည်းရဲ့ အတိတ်နဲ့ ပစ္စုပန် အဖြစ်အပျက်တွေအပေါ်မှာ တရားမျှတမှုကို ပြန်လည် ရှာဖွေတာဖြစ်တယ်။ မတရားမှုတွေကို ဆိုးဆိုးဝါးဝါး ခံစားခဲ့ရတဲ့ သူတွေဟာ သူတို့ရဲ့ အိပ်မက်ဆိုးကို ဘယ်တော့မှ မမေ့နိုင်ကြဘူး။ အဲဒီလို မမေ့နိုင်ပဲ ပြန်ပြန် သတိရနေတဲ့ အခါတိုင်းမှာလည်း စိတ်မှာ နာကျင်ရပြန်တယ်။ ခံခဲ့ရတဲ့အပေါ်မှာ တခုခု ပြန်မတုန့်ပြန်နိုင်သေးသရွေ့၊ ပြန်မရသေးသရွေ့ ဒီကိစ္စကို မမေ့နိုင် ဖြစ်နေကြရတယ်။ ဒါကို မမေ့နိုင်ပဲနဲ့ ရှေ့ကို ဆက်သွားလို့ မရ ဖြစ်ကြရပြန်တယ်။ ဆက်သွားပြန်ရင်လည်း စိတ်မှာ မရှင်းဘူး ဖြစ်နေတတ်တယ်။ တကယ်တန်းကျတော့ အတိတ်ဆိုတာ အတိတ်...

နှလုံးသားထဲမှာနေတဲ့ တစ္ဆေ

Bilde
( ၀တ္ထုတို ) နှင်းခါးမိုး ၁။ ရနံ့က သင်းပျံ့လှသည်။ သူ့ရင်မှာ လှိုက်မောလာသည်။ သေချာတာကတော့ သနပ်ခါးရနံ့ဖြစ်သည်။ မိန်းမတယောက် သနပ်ခါး ခြေဆုံးခေါင်းဆုံးလိမ်းကာ သူ့အနားမှာ လာထိုင်နေသလို ခံစားရသည်။ ပထမတော့ ရနံ့မှာ သာယာသလို ရှိခဲ့သေးသည်။ သူ့မိန်းမကလည်း အိပ်ယာဝင်ကာနီးဆိုလျင် ရေမိုးချိုးကာ သည်လို သနပ်ခါးရနံ့ သင်းပျံ့စွာ နေတတ်သည်လေ။ အိမ်ကိုပင် လွမ်းမိသေးတော့။ အိမ်လွမ်းသည့် စိတ်ကြောင့်ပင် သနပ်ခါးရနံ့ကို ရလေသည်လား။ အလွန်ငတ်ပြတ်ကာ ဆာလောင်နေသူတို့သည် နှာခေါင်းမှာ ဟင်းနံ့ကျွေးနံ့တွေ ရလာလိုက်၊ မျက်စိထဲမှာ ထမင်းပွဲ ဟင်းပွဲကြီးတွေ မြင်လိုက် ဖြစ်တတ်သည်ဟု သူကြားဖူးသည်။ ယခုလည်း အိမ်ကမိန်းမကို သတိရကာ သည်လို ဖြစ်နေတာများလား။ ကိုယ့်စိတ်ကိုယ် အရင် စစ်ကြောမိသည်။ သိုပေမယ့် သနပ်ခါးရနံ့က ပျောက်မသွား။ အခန်းထဲမှ အတူနေ နှစ်ဦးကို မေးကြည့်တော့ တဦးက အေး.. သနပ်ခါးနံ့လိုလိုပဲဟု ပြောပြီး၊ တဦးကတော့ ကိုယ်တော့ ဘာနံ့မှ မရပါဘူးဟု ပြောလေသည်။ ခက်တော့ နေချေပြီ။ ဘေးခန်းက တယောက်ယောက်များ စိတ်ရူးထကာ သနပ်ခါး လိမ်းလေသလား။ ဒါလည်း သေချာတွေးကြည့်တော့ မဖြစ်နိုင်။ ခုခေတ် လူငယ်တချို့သာ သနပ်ခါးလိမ်းကျင့် ရှိတတ်ကြသည်။ ဘေးခန်းမှာက လူကြီးတေ...

ခြင်သုံးကောင် လူသုံးယောက်နှင့် မေတ္တာတရား

( ၀တ္ထုတို ) နှင်းခါးမိုး အခန်းထဲတွင် လူသုံးယောက်ရှိသည်။ အေ၊ ဘီ၊ စီဟု ဆိုပါစို့။ အခန်းမှာ တံခါးပေါက် တပေါက်ရှိသည်။ ဖျာသုံးချပ်ရှိသည်။ အခန်းပေါက်ဝမှာ ရေအိုး တလုံးရှိသည်။ အခန်းကလေးမှာ ဆယ့်နှစ်ပေ၊ ရှစ်ပေ အကျယ်ရှိသည်။ သူတို့သုံးယောက် ကျောဆန့်လိုက်လျင် အခန်းကလေးမှာ ပြည့်သွားမတတ် ဖြစ်သည်။ အခန်းထောင့်မှာတော့ အညစ်အကြေးစွန့်ရာ အင်တုံနှစ်ခုရှိသည်။ ဖွဲပြာအိတ် တအိတ်ရှိသည်။ သူတို့ ဖျာသုံးချပ်ထဲက ဟောင်းစုတ်နေသော ဖျာတချပ်မှာ အလေးအပေါ့ စွန့်စဉ်သုံးသည့် အကာအရံဖြစ်သည်။ ယောင်္ကျား လေးများချည်း ဖြစ်သော်လည်း တယောက်ကိုတယောက် မျက်နှာပူကြသည်။ မြင်ကွင်းကို ကာရံ၍ရသော်လည်း အနံ့အသက်ကတော့ အခန်းကလေးထဲမှာ ရှောင်ပြေး၍ မရ။ ပထမတော့ သည်ချောင်လေးထဲ ၀င်ရမှာ တခြားလူတွေကို အားနာနေတတ်သည်။ အန္တရယ် အလွယ်ခက်သည်ကို ဖြေရှင်းရင်း နောင်တော့ တဖြည်းဖြည်း အသားကျ သွားသည်သာ။ အလေးစွန့်သည့်အခါ သန့်ရှင်းရေး အတွက် အပြင်မှာတော့ ရေနှင့် စက္ကူ၊ တုတ်ချောင်း စသည်တို့ကို သုံးစွဲခဲ့ဖူး သော်လည်း သည်ထဲမှာတော့ ပိတ်စကို ဖြဲကာ သုံးစွဲကြရသည်။ အ တွေ့အကြုံ သစ် တခုပင်။ မနက်တခါ ညနေတခါ ဇလား လာချပေးသည်။ ဇလားဆိုတာက ထို အညစ်အကြေး အင်တုံတွေကို ခေါ်ခြင်းဖြစ်သည်...