Innlegg

Viser innlegg med etiketten ပန်းချီထိန်လင်း

အမည်တွေများတဲ့အကြောင်း

ပန်းချီထိန်လင်း ကင်းခြေများတွေက ခြေများမှများစေတော့ သူကကင်းခြေများ။ အမည်များသူများမှာကား အမည်တွေအများကြီးနဲ့ ကားယားကားယား တွားသွားနေရသလို၊ တွားသွားနေရသလို၊ တွားသွားနေရလို့။ ဟိုကွေ့ဟိုတက်နဲ့၊ ဒီကွေ့ဒီတက်နဲ့ ကွေ့တွေများသလောက်၊ တက်တွေလည်းများသလောက်လောက် နာမည်တွေလည်း မှိုလိုပေါက်၊ မြွေလိုပေါက်၊ ရွာရိုးကိုးပေါက်။ အိမ်မှာနေတော့တခု၊ ဧည့်စာရင်းတိုင်တော့တခု မဂ္ဂဇင်းစာမျက်နှာမှာတခု၊ အင်တာနက်စာမျက်နှာမှာတခု၊ ဒီလောက်များတဲ့အထဲကနေမှ တကယ်ခေါ်ရတော့ ဧည့်သည်ကြီးတဲ့၊ အုပ်ကြီးတဲ့၊ ကတုံးကြီးတဲ့၊ သပြေညိုကြီးတဲ့၊ စောင့်ရတယ်၊ မီးစောင့်ရသလို၊ ရေစောင့်ရသလို ဖုတ်သွင်းရထားစောင့်သလိုစောင့်နေတာ ဘာကိုပါလိမ့်၊ စောင့်နေတာကိုပါ စောင့်နေရတာ လှသန်းကို လှသန်းလို့ခေါ်ခွင့်ရဖို့ ဘဂျမ်းကို ဘဂျမ်းလို့ခေါ်ခွင့်ရဖို့ စောင့်၊ စောင့်၊ စောင့်ရင်းစောင့်ရင်း၊ ရေပေါ်မှာ ကိုယ့်အမည်ကိုယ် ရေးကြည့်နေမိတယ် ရေကြည့်နေမိတယ်။ ။

ကုလားအုတ်တွေနေတဲ့မြို့

Bilde
ပန်းချီထိန်လင်း ဒီလိုပဲ ငါတို့ဟာ နေ့ထူးနေ့မြတ်တွေတိုင်း ဆက်သွယ်ရေးတွေပြတ်တောက်လို့ အနှေးပြကွက်နဲ့ ငါတို့ အသေးစိတ် ပြိုလဲကျ သွားပုံများ။ တို့လက်ထဲကဖုန်းတွေဟာ ဆက်သွယ်ရေးဧရိယာပြင်ပလို့၊ အလိုလိုထထဖြေကြ။ ဒီလိုရာသီဥတုမျိုးမှာ လုံခြည်ဝတ်ရင်လဲ ဆင်ဆာလွတ်အောင်၊ ပဲပြုတ်သည်ခေါ်ရင်လဲဆင်ဆာလွတ်အော င်၊ ကလေးချော့ရင်လဲ ဆင်ဆာလွတ်အောင်၊ ယုတ်စွအဆုံး ဘုရားရှိခိုးတာတောင်မှ ဆင်ဆာလွတ်အောင်။ မိုးရွာထဲလမ်းလျှောက်ရင်း၊ ရေချိုးမမှားအောင်၊စဉ်းစားရတဲ့ ဒုက္ခ။ မှောင်ထဲထိုင်ရင်း၊ ကိုယ့်အရိပ်မထွက်အောင်စောင့်ရှောက်ရတဲ့ဒုက္ခ။ ဒါပေမဲ့ ရေငုတ်သမားတွေ ပဲ အဲဒီလို ပုလဲ တွေ ယူယူ လာကြတာ။ သဲကန္တာရကြီးပါပဲ၊ ကုလားအုပ်တွေရဲ့ ခြေထောက်တွေကို သန်မာစေတာ။ Hteinlin စက်တင်ဘာ 2008

တနှစ်ပြီးတဲ့နောက်

Bilde
ပန်းချီထိန်လင်း http://www.hteinlin.com/ ညီမလေး၊ ဆိုင်း(န်)မအင်(န်)ခင် ကထဲက၊ ကြည့်ထားရမှာက ဇောက်တွေကဘယ်မှာ၊ ဒေါက်တွေကဘယ်မှာ၊ ဗျောက်တွေကဘယ်မှာ၊ ပြီးပြီဆိုမှ ကျော်စရာရှိတာတွေကို ကျော်မယ်၊ ချက်စရာရှိတာတွေ ချက်ကြမယ်။ှ မှာချင်တာက ဆိုင်ကယ်တွေကို၊ မျက်နှာမပြနဲ့၊ တို့တာဝန်အရေးသုံးပါးဆို၊ ဆဲတဲ့ အကျင့်ကြီးကိုဖျောက်။ မောရသုတ်ပြီးတိုင်း သစ္စာသာဆို။ ဘယ်လိုလဲခု၊ို မျက်လုံးကို နောက်စေ့မှာတပ်ပြီး လမ်းလျှေက်တတ်နေပြီလား။ နားကအမြဲတမ်း၊ ဒေါက်ဝီ...