Innlegg

Viser innlegg fra mai, 2010

စံပယ်ကြွေတဲ့ည

Bilde
နှင်းခါးမိုး အရင်လိုမမွှေးမြတော့ဘူးရယ်၊ မိုးရေတွေမဟုတ်ဘူး မျက်ရည်တွေပါကိုကို အပွင့်လေးတွေဖြူသလောက် အရွက်တွေဒီလောက်စိမ်းမယ် မထင်ခဲ့မိဘူး၊ သံယောဇဉ်ဆိုတာ ဝေးသွားရင်ညှိးတတ်ခြောက်တတ်သတဲ့လား အခုတော့ အဖူးလေးတွေပါ ကြွေ။ ။

မွေးနေ့စကား

နှင်းခါးမိုး အမေ့ရဲ့နာကျင်မှုတွေကို ငိုသံနဲ့ပြန်အလျော်ပေးခဲ့ပါတယ် ကမ္ဘာကြီးရဲ့နာကျင်မှုတွေကိုကော ဘာနဲ့ပြန်အလျော်ပေးရမလဲ ကျန်ခဲ့မယ့်ပြာတဆုပ်က မြတ်လေးပန်းရုံလေးတရုံလောက်ကိုတော့ မွှေးပျံ့စေနိုင်မယ်ထင်ပါရဲ့ ရေပွက်ပမာ ကိုယ့်ဂယက်ကလေးတွေနဲ့ကိုယ် အလင်းနှစ်တွေဆီခရီးထွက်ခဲ့ကြ ကျန်းမာပျော်ရွှင်ကြပါစေ။ ။ သူငယ်ချင်းတယောက်ရဲ့ နာရေးသတင်းနဲ့ သူငယ်ချင်းတယောက်ရဲ့ မွေးနေ့အမှတ်တရကြားမှာ ဒီကဗျာကိုရေးပါတယ်။