Innlegg

Viser innlegg fra august, 2008

တခါက စင်တင်ခဲ့ဘူးတဲ့ ပြဇာတ်တပုဒ်

Bilde
နှင်းခါးမိုး ငိုချပစ်လိုက်တယ် မိုးတွေရွာချလိုက်တယ်။ စကားလုံးတွေ မျက်ရည်တွေ ရှိုက်ရှိုက်တက်လာသံတွေ။ စိတ်ထဲမှာရှိတာတွေ ရင်ထဲမှာရှိတာတွေ ကုန်သွားတဲ့အထိ..။ ကမ္ဘာကြီးကိုဘုရားသခင်က ရေနဲ့မီးနဲ့ ဆေးကြောပစ်ခဲ့ဘူးတယ်မဟုတ်လား။ ဘ၀ကိုအသစ်တခုလဲလိုက်သလို မုန်တိုင်းပြီးဆုံးသွားသလို ရုပ်ရှင်ရုံတရုံထဲကထွက်လာသလို အ၀တ်အစားတွေဘာတွေတောင်ဆွဲဆန့်လိုက်သေး ပြီးတော့ ပထမဆုံး မျက်နှာချင်းဆိုင်တွေ့တဲ့လူတယောက်ကို အားရပါးရပြုံးပြလိုက်တယ်။ နှလုံးသားဆိုသည် ဘူတာရုံတခုမျှသာ။ ။ ( ကြာပါပြီ။ စာအုပ်ကြားက ပြန်တွေ့လို့ တင်လိုက်တာ။ နုစဉ်တုန်းက ဆိုပါတော့။ အဟတ် )

မနက်စာ

Bilde
နှင်းခါးမိုး မနက်ခင်းက မင်းပါးပြင်ပေါ်မှာ မင်းဆံစတွေပေါ်မှာ ၀ါဝင်းတဲ့နဖူးပြင်ပေါ်မှာ မင်းရဲ့ရွှေလည်တိုင်ပေါ်မှာ။ မနက်ခင်းကို ငါငေးနေမိတယ် မင်းဟာ ငါ့ရဲ့မနက်ခင်းလေးပါကွယ် ငါဒီလိုပြောခဲ့ဘူးတယ်မဟုတ်လား။ မနက်ခင်းမှာ နုပျိုတဲ့နေရောင်ပါတယ် သန့်ရှင်းတဲ့လေပြည်ပါတယ် အတွေးသစ်အမြင်သစ် ဗီတာမင်သစ်တွေပါတယ် မြင်သူကိုကြည်နူးစေတဲ့ စိတ်ကူးရွရွလေးတွေပါတယ် မနက်ခင်းဟာ ကော်ဖီပူပူလေးတခွက်ဆိုလည်း မမှားဘူး။ မနက်ခင်းဟာ နေ့တိုင်းအသစ်ပြန်မွေးဖွားတယ် မနက်ခင်းဟာ ကိုယ်တို့အိမ်ခန်းထဲကို မီးဖိုချောင်ဘက်က၀င်လာပြီး ၀ရန်တာလေးပေါ်ကပြန်ထွက်သွားတယ် အိပ်ယာကနိုးတဲ့အခါ မနက်ခင်းဟာ ကော်ဖီစားပွဲပေါ်မှာစောင့်နေတယ် သတင်းစာတစောင်နဲ့ ကော်ဖီတခွက်နဲ့ ထမင်းကြော်တပန်းကန်နဲ့ အိပ်ပုတ်ကြီးတဲ့သားကလေးနဲ့ အသံစာစာသမီးကလေးနဲ့ မျက်နှာသစ်ပြီးစ အိမ်ရှင်မရဲ့အပြုံးနဲ့။ အိမ်ကလေးကတော့ မနက်ခင်းလိုမဟုတ်ဘူး နေ့တိုင်းအသစ်ပြန်မမွေးဖွားနိုင်ဘူး ဥတုရာသီထဲ နံရံတွေရေနံမ၀ခဲ့ ပျဉ်ပြားကြမ်းတွေကျိုးပေါက်ခဲ့ အိမ်တိုင်တချို့ယိုင်ခဲ့၊ အခုတော့ သားကိုလည်း နှိုးမယ့်သူရှိခဲ့ပြီ ကိုယ်ပိုင်မနက်ခင်းတခုနဲ့ သမီးကလည်း သူ့တေးသူသီတတ်ခဲ့ပြီ အိမ်ရှင်မရဲ့ပါးကွက်ကြားအောက်မှာလည်း ပက်ကြားအက်က

စကားလက်ဆောင်

လူ့ဘ၀ရဲ့ ညအသင်္ချေမှာ အိပ်မက်နှောက်ယှက်မှုကင်းတဲ့ အိပ်စက်ခြင်းဆိုတာ ဘယ်ခါကမှ မရှိခဲ့ပါ။ သေခြင်းရဲ့အဆုံးစွန် တမလွန်ရှိသည်ဆိုလျင် ငါ့ရဲ့သေဆုံးခြင်းဟာ အလင်းရောင်သစ္စာရှာတဲ့ ကဗျာဆရာဟိုးမားတို့နှင့် သွားရောက်တွေ့ဆုံဆွေးနွေးခြင်းပင်၊ သေခြင်းရဲ့အဆုံးစွန် တမလွန်မရှိဘူးဆိုလျင် ငါ့ရဲ့သေဆုံးခြင်းဟာ အိပ်မက် အနှောက်အယှက်ကင်းတဲ့ အိပ်စက်ခြင်းပင်။ သေရမှာကို ငါဘယ်လိုမှ မကြောက်တကား၊ ငါကြောက်တာက ကိုယ်ယုံကြည်တာကို အချိုးဖျက်ခံပြီး ပြောရေးဆိုခွင့်မဲ့စွာအသက်ရှင်နေရမယ့် သီလကြောင်ဒီလောကရဲ့ နေ့ လ ရက်များ။ ။ အောင်ချိမ့် တနေ့က သူငယ်ချင်းတယောက်နဲ့ အိပ်မက်အကြောင်း စကားစပ်မိရာကနေ ဒီကဗျာလေးကို သွားသတိရမိပါတယ်။ မြန်မာမော်ဒန်ခေတ်ဦးက ၁၉၇၀ နှောင်းပိုင်း မိုးဝေစာပေမဂ္ဂဇင်းမှာ ဖတ်ခဲ့ဘူးတဲ့ ကဗျာလေးပါ။ ကဗျာတွေကို အလွတ်ရလေ့မရှိတဲ့ ကျနော်ဟာ ဒီကဗျာကိုတော့ စိတ်ထဲ စွဲမြဲနေခဲ့ပါတယ်။ ကျနော့်ရဲ့ အလုပ်လမ်းညွုန်ကဗျာလို့ဆိုလည်း မမှားပါဘူး။

မောင်တို့ရွာ သာပါစမေး

အသက်ရှင်နေတဲ့ လူတွေရဲ့ မျက်နှာအသေတွေကို သင်တို့ မြင်ဘူးပါသလား။ ကျနော့်ကွန်ပြူတာမှာ မုန်တိုင်းတုန်းက တန်းစီနေတဲ့ ဒုက္ခသည်တစုကို ရိုက်ထားတဲ့ ဓါတ်ပုံတပုံကို အွန်လိုင်းပေါ်မှာ တွေ့ရာက သတိထားမိပြီး စက်ပေါ်ဆွဲချ မျက်နှာဖုံးအဖြစ် တင်ထားလိုက်တာ ဒီနေ့အထိပါပဲ။ ကွန်ပြူတာ ဖွင့်လိုက်တာနဲ့ သူတို့တစု မျက်နှာတွေကို တန်းတွေ့ရတာပါ။ အစားအသောက်၊ ပစ္စည်း ပစ္စယ ဝေတဲ့နေရာမှာ တန်းစီနေပေမယ့် သူတို့မျက်နှာတွေပေါ်မှာ လိုချင်မှု၊ မျှော်လင့်ချက် စတာတွေ မတွေ့ရသလို မုန်တိုင်းရဲ့ ဒုက္ခတွေ ဖိစီးထားပေမယ့်လည်း သောကတွေ၊ ကြေကွဲမှုတွေ၊ တခုခုအပေါ် ဒေါသ၊ အလိုမကျမှု စတာတွေလည်း မတွေ့ရပါဘူး။ ပြောရရင် ဘာခံစားချက်မှ ဖွင့်ဆိုကြည့်လို့ မရနိုင်တဲ့ တကယ့် မျက်နှာအသေတွေပါ။ တခါတခါ ကျနော်လည်း သူတို့မျက်နှာတွေကို စေ့စေ့ထိုင်ကြည့်ရင်း ဘာကိုမှ မတွေးမိ၊ မခံစားမိတော့ပဲ ငူငူကြီး ဖြစ်ဖြစ်သွားမိပါတယ်။ စာစကားနဲ့ပြောရရင် တကယ်တော့ အဲဒီနေရာမှာ လူသားရဲ့ ဖြစ်တည်မှုဟာ ပျောက်ဆုံးသွားတော့တာပါပဲ။ အခု ရှစ်လေးလုံး နီးလာတော့ လွန်ခဲ့တဲ့ အနှစ် ၂၀ ကို ပြန်တွေးကြည့်ရာက မှတ်မှတ်ရရ ဖြစ်ခဲ့တာလေးတွေထဲက ပြုံးပျော် အော်ဟစ်နေခဲ့ဘူးတဲ့ ကျနော်တို့ ပြည်သူတွေကို သတိရလိုက်မိတယ်။ မြ

တိမ်ကိုငေးမော

Bilde
နှင်းခါးမိုး လွတ်လပ်တယ်၊ ပေါ့ပါးတယ် ဖြူစင်တယ်၊ မြင့်မားတယ်၊ သန့်ရှင်းတယ် အသွင်အမျိုးမျိုး.. အဆင်အမျိုးမျိုး.. ဘယ်တော့မှမရိုးဘူး ကိုယ့်စိတ်ကူးနဲ့ကိုယ် လိုရာပုံဖော်နိုင်သေး..၊ တခါတလေ ညို ပြိုချင်ပြိုချလိုက် ငါ့စိတ်တွေစိုစိုရွှဲပါစေတော့ကွယ်။ ။

တပါတီအာဏာရှင်စံနစ်အလွန် မြန်မာ့နိုင်ငံရေးလေဟာနယ်နှင့် စီမံခန့်ခွဲပိုင်ခွင့်

ဝေလင်း လွန်ခဲ့သော အနှစ် ၂၀က မြန်မာလူထုသည် အောင်ပွဲခံခဲ့ကြသည်။ သည်တုန်းက အတိုက်အခံလည်း မရှိ၊ လူထုခေါင်းဆောင်လည်း မရှိ၊ ရွေးကောက်ခံပါတီလည်း မရှိ၊ အဝေးရောက် အစိုးရလည်း မရှိ၊ ပြည်ပ မီဒီယာလည်း မရှိ၊ ဒိုနာလည်း မရှိ။ ခါးစည်းခံနေရသည့် ဒုက္ခတွေကို ကုလသမဂ္ဂကလည်း မသိ၊ လုံခြုံရေးကောင်စီကလည်း မသိ၊ နိုဘယ်ဆု ကော်မတီကလည်း မသိ။ ရာဇလီလည်း မရှိခဲ့၊ ဂမ်ဘာရီလည်း မရှိခဲ့။ ကိုယ့်ခံစားချက်နဲ့ကိုယ် လူထုတရပ်လုံး အိမ်ပြင် ထွက်ခဲ့ကြသည်။ လယ်သမားတွေက မြို့ပေါ် တက်လာသည်။ အလုပ်သမားတွေက စက်ရုံအလုပ်ရုံတွေထဲက ထွက်လာသည်။ ၀န်ထမ်းတွေက ရုံးထဲက ထွက်လာသည်။ ကျောင်းသားတွေက ကျောင်းဝင်းအပြင် ထွက်လာသည်။ ယူနီဖောင်းဝတ်တွေပင် လူထုရှေ့က အလံကိုင်ခဲ့ကြသည်။ လူထုသည် ငြိမ်းချမ်းစွာ၊ စည်းကမ်းပြည့်စွာ၊ အင်အားရှိစွာဖြင့် လွန်ခဲ့သော အနှစ်၂၀က အောင်ပွဲခံခဲ့ကြသည်။ ထိုအချိန်က နိုင်ငံရေးလုပ်ခွင့်လိုင်စင်ကို လမ်းစဉ်ပါတီက ကိုင်ထားသည်။ တေဇလူငယ်၊ ရှေ့ဆောင်လူငယ်၊ လမ်းစဉ်လူငယ်။ မိတ်ဆွေ၊ အရံ၊ တင်းပြည့်။ ကလပ်စည်း၊ အမြုတေ၊ ကေဒါ။ ယူနစ်၊ ဒေသ၊ ဗဟို။ နိုင်ငံရေး တက္ကသိုလ်၊ ညီလာခံ ဆုံးဖြတ်ချက်၊ ဥက္ကကြီး စသည်တို့မှာ ကျနော်တို့ နေ့စဉ် ထိတွေ့နေရသော နိုင်ငံရေး