Innlegg

Viser innlegg fra desember, 2007

ချောင်းဆိုးသံ

Bilde
ရင်ထဲက ကလီစာတွေအားလုံး ထွေးထုတ်လိုက်တာတောင် ဒီချောင်းဆိုးက ရပ်ပါ့မလား ညညလည်းအိပ်မရဘူး အိပ်ယာပေါ်ကျောမချရဲအောင် ချောင်းကဆိုးတယ်ဝယ်လာတဲ့ချောင်းဆိုးပျောက်ဆေးကလည်း တနေ့ ၅ ခါသောက်ပါတဲ့ ဘာမှထူးမလာဘူး ကျောတွေရင်တွေ ပရုပ်ဆီလူးတယ် ရေနွေးပူပူ မှုတ်သောက်တယ် ခဏတော့သက်သာလာသား ခဏလောက်အိပ်လိုက်ရတယ် ပြီးတော့ ချောင်းဆိုးပြီး ပြန်နိုးလာတယ် ထွေးထွေးထုတ်လိုက်တဲ့ ချွဲဖတ်တွေကိုကြည့်ပြီး အံသြတယ် ဒီအညစ်အကြေးတွေက မကုန်တော့ဘူးလား ဒီခန္ဒာကိုယ်ထဲမှာ ဒီအညစ်အကြေးတွေ ဘယ်တုန်းထဲကရှိနေတာလဲ အော် ဒီအညစ်အကြေးတွေနဲ့ နေထိုင်ခဲ့ရတာပါလား အခုတော့ ပင်ပင်ပမ်းပမ်းထွေးထုတ်နေရ လည်ချောင်းတွေတောင် ပူတယ် လူဆိုတာ အညစ်အကြေးထည့်တဲ့အိတ်ကြီးပဲ ချောင်းဆိုးနေရင်းက တွေးမိတယ် ဒါက မြင်ရတဲ့အညစ်အကြေးတွေ မမြင်ရတဲ့အညစ်အကြေးတွေကကော လူတယောက်မှာ ဘယ်လောက်များနေပြီလဲ လူတချို့အရက်မူးပြီး ရန်လိုတာ အဲဒီအညစ်အကြေးတွေကို ထွေးထွေးထုတ်တာလား သလိပ်ဖတ်တွေကို လူရှေ့ထွေးမထုတ်ချင်သလို မမြင်ကွယ်ရာမှာ အညစ်အကြေးတွေ စွန့်ကြ ဆိတ်ကွယ်ရာမှာ မကောင်းမှုတွေ ပြုကြ ဒါပေမယ့် အညစ်အကြေးတွေက ကုန်မသွားဘူး မကောင်းမှုတွေက ကုန်မသွားဘူး အညစ်အကြေးထုတ်တဲ့ စက်ရုံကြီး ခပ်တိုးတိုး ရေရွတ်မိတ

ကဗျာဆရာတယောက်ရဲ့ ဘုရားရှိခိုး

Bilde
သံဃံ သရဏံ ဂစ္ဆာမိ နေဇော်နိုင် အမှောင်သားပေါ် လွှတ်ချလိုက်တဲ့ ရွှေဝါရောင်မေတ္တာဓာတ်တွေ မြေကမ္ဘာရဲ့ရင်အုံကို လင်းလက်တုန်ခါစေခဲ့ပေါ့ အဲဒီ သင်္ကန်းစတွေပေါ်က သမိုင်း ညတိုင်း ဦးချနေမိတော့တယ်။ ၁၂ ဒီဇင်ဘာ ၂၀၀၇

ကျနော်တို့ရေးခဲ့တဲ့အရုပ်များ

နှလုံးသမားအတွက်တော့ ဆေးလိပ်ထက် ဆေးတံက ပိုသင့်တော်တယ်ဗျ အေးဗျာ ကျေးဇူးပဲ ဒါနဲ့ ကျုပ် ခင်ဗျားအိမ်မှာ တညနှစ်ညလောက် နေအုန်းမယ်ဗျာ နော့် ခင်ဗျားသဘောပေါ့ဗျာ အိမ်ရှင်က လက်ဆောင်ရတဲ့ ဆေးတံအသစ်ကလေးကိုဖွာရင်း ဧည့်သည်ဖြစ်တဲ့ သူ့သူငယ်ချင်း မျက်နှာကို မီးခိုးငွေ့တွေကြားက ပြုံးကြည့်နေလိုက်တယ်။ ပြီးမှ အင်း ဒီမှာ ခင်ဗျားကိုပြောရအုန်းမယ် ဆိုပါအုန်းဗျ လူတယောက်မှာ ငှားလို့မရတဲ့အရာ ၂ ခု ရှိတယ်တဲ့ အင်း တခုက ဆေးတံ၊ နောက်တခုက ကိုယ့်မိန်းမ ဟားဟား မီးဖိုခန်းလေးထဲက အဖိုးကြီး ၂ ယောက်ရဲ့ ကော်ဖီဝိုင်းဟာ နည်းနည်း ပေါ့ပေါ့ပါးပါးရှိသွားတယ်။ တကယ်က သူတို့ ၂ ယောက်စလုံး မုဆိုးဖိုတွေ။ အိမ်ရှင်အဖိုးကြီးက သားသမီး ၃ ယောက်ရှိတယ်။ အကြီးမက နေချင်သလိုနေ၊ လုပ်ချင်ရာလုပ်တဲ့ အနုပညာသမား။ လူနားမလည်တဲ့ ပန်းချီတွေဆွဲတယ်။ ကဗျာရေးတယ်။ မိန်းမအချင်းချင်း အတူတူနေတယ်။ အလတ်ကောင်က အောင်မြင်စ စီးပွားရေးသမား။ ငွေရှာတာ တခုပဲ နားလည်တယ်။ မိန်းမကြောက်ရတယ်။ အငယ်ဆုံးသမီးကတော့ အမေမရှိတော့လို့ မျက်စိသူငယ်ဖြစ်ကျန်ခဲ့တဲ့ မအူမလည်ကလေး။ အလုပ်လုပ်ရင်း အဖေကို ပြုစုစောင့်ရှောက်တတ်ပေမယ့် လောကအကြောင်း ဘာမှ နားမလည်။ ကဲ ဘယ်လိုလဲ အဖေ။ ကိုယ့်ကိုယ်ကိုယ် သင်ချိုင်းဆက်ပု

ဆောင်းတွင်းမီးလင်းဖိုနံဘေး နှင်းခဲပျော်ချိန်အကြိုကာလ မြန်မာကဗျာလေ့လာချက်

မြန်မာကဗျာကို ကိုလိုနီမတိုင်မီခေတ်၊ ကိုလိုနီခေတ်၊ လွတ်လပ်ရေး အကြိုကာလ၊ လွတ်လပ်ရေး နောက်ပိုင်းကာလ၊ မဆလ တပါတီခေတ်နဲ့ စစ်အာဏာရှင် ခေတ်ဆိုပြီး ခေတ်အလိုက် ပိုင်းခြားလေ့လာနိုင်တယ်။ အခုနောက်ပိုင်း ပြည်ပ မီဒီယာတွေပေါ်က အဝေးရောက် မြန်မာကဗျာများကိုလည်း အပိုင်းတပိုင်း အဖြစ် ခွဲလေ့လာသင့်ပါတယ်။ ကိုလိုနီမတိုင်မီ မြန်မာကဗျာဟာ ပဒေသရာဇ် ဆွေတော် မျိုးတော်တွေနဲ့ လူပညာရှိ၊ ဘုန်းကြီးပညာရှိတို့ရဲ့ လေ့လာလိုက်စားရာ ဘာသာရပ် တခုသာဖြစ်တယ်။ အကြောင်းအရာအရလည်း မှန်နန်းရာဇ၀င်ရဲ့ အစိတ်အပိုင်း တခုထက် မပိုဘူး။ ဖွဲ့နည်း စပ်နည်းအရ၊ အကြောင်းအရာအရ ကဗျာ အမျိုးအစားများ ကွဲပြားတည်ရှိခဲ့တယ်။ နန်းမြို့ရိုး အပြင်ဘက်က သာမန်ပြည်သူလူထုထဲမှာ နွားကျောင်း ကောက်စိုက် တေးထပ်တွေရှိခဲ့ပေမယ့် ပေပေါ်ရေးမှတ် နန်းပြသာဒ်မရောက်ခဲ့ဘူး။ ၀န်ဇင်းရာဇာတို့ ဦးပုညတို့လို မှန်နန်းဆောင်အပြင်ဘက် ထွက်ရေးခဲ့သူတွေ ရှိခဲ့တာ တွေ့ရပေမယ့် သေချာတာက ပဒေသရာဇ် ခေတ်မှာ ကဗျာဟာ လူထုအသုံးအဆောင် မဟုတ်သလို လူထုထုတ်ကုန်လည်း မဖြစ်ခဲ့ဘူး။ ကိုလိုနီခေတ်မှာ မြန်မာပဒေသရာဇ်တွေ ကျဆုံးခဲ့တယ်။ မြန်မာ လူထုဟာ ခေတ်သစ်တခုနဲ့ စတင်ထိတွေ့ရတယ်။ လူမျိုးခြား၊ ဘာသာခြားတွေရဲ့ လွှမ်းမိုးမှုမှ

နွေဦးခေါ်သံ

Bilde
နေဇော်နိုင် ဟောဒီ ကမ္ဘာပေါ်မှာ နာနာကျင်ကျင်ဘ၀ ရှိသူတိုင်း သမိုင်းကို ပြောင်းလဲပစ်ခဲ့ကြတယ်၊ လူဟာ ချွေးတစက် ရင်းနှီးရင် အပွင့်အသီး ညီညီမျှမျှပြန်ရနေဖို့၊ လူတဦးတယောက်ရဲ့ အသက်ရှူသံ သူ့ကြမ္မာနဲ့ ယုံကြည်ချက်တွေအပေါ် ဘယ်သူမှ မကျူးကျော်နိုင်ဖို့၊ အသိ အသက် ရှိတာခြင်း တူရင် ဘယ်လူမျိုးကမှ အခွင့်အရေး ပိုမယူကြဖို့၊ စစ်ဖိနပ်ထဲ ထိုးသွင်းထားတဲ့ အဟောင်းအမြင်း မှန်သမျှကို ခေါင်းရင်းကနေ ကန်ချပစ်ကြရမယ်၊ ကျနော်တို့ဟာ သမိုင်းရဲ့ ထုတ်ကုန်ပါပဲ လူထုကို ယုံတယ်၊ ဒီမိုကရေစီကို ချစ်တယ်၊ အမျိုးသားသွေးစည်းညီညွတ်ရေးကို မြတ်နိုးတယ်။ ပြည်တွင်းစစ် အနှစ် (၅၀)ကြီးထဲက ကြေကွဲ သွေး ဘ၀ အသက်တွေ ဒီမိုကရေစီ အရေးတော်ပုံကြီးထဲက သူရဲကောင်းတို့ရဲ့ ၀ိဥာဉ်တွေကို ဦးညွတ် အမျိုးသားထု လွတ်မြောက်ရေးအတွက် စစ်အာဏာရှင် အဆက်ဆက် ညက်ညက်ကြေနေတဲ့ နှလုံးသားပေါ်မှာ တော်လှန်ရေးကို စိုက်ပျိုးပစ်ခဲ့ကြတယ်။ စစ်အာဏာရှင်တို့ ခင်ဗျားတို့ ဒိုင်ယာရီ စာအုပ်ထဲက အဆီတရွှဲရွှဲ စာရင်းဇယားတွေဟာ တိုင်းပြည် သယံဇာတများပဲ ဖြစ်တယ်၊ ခင်ဗျားတို့ နှုတ်ခမ်းက အပြုံးစဟာ လူထု သက်ပြင်းချသံတွေ ဖြစ်တယ်၊ ခင်ဗျားတို့ မျက်လုံးထဲက အလင်းစဟာ ကလေးတွေ ချွေချွေချခဲ့ရတဲ့ သွေးစ သွေးနများပဲ ဖြစ