လွမ်းပိုး
အနော်မာ photo by blog.macroart.net ငှက်ပိုး၊ နွားပိုးပြီးတော့ ၀က်ပိုး တဲ့ဗျာ၊ ထပ်တိုးဦးမယ့် ဆုတ်ကပ်တွေ ကပ်စုပ်သွားတိုင်း သန်းနဲ့ ချီ၊ ဘဒ္ဒငိုသံ သြော် သွေးတွေ သွေးတွေ၊ ကျွန်းဆေးသံလိုလို၊ စာရိတ္တလမ်းပျက်တွေပေါ် ဒန်းပင်ကို ပုခက်ဆင်ချိန်ရောက်ပြီလား ငါ့ကလေးတွေ ဘားဆွဲခိုင်းအုန်းမှ၊ သီလညစ်ညစ် ဗွက်တွေရှောင်ရင်း ဒီနေ့ ဘာဝယ်ရရင်ကောင်းမလဲ ဈေးမှာ ကြက်၊ ဘဲ၊ အမဲ၊ ၀က်တော့ သွားရှာပြီ။ မ သာဓု မ သာဓု မ သာဓု သာဓုမရေ.... ရွာနဲ့ နင့်အိမ်နောက်ဖေးက ချဉ်ပေါင်ခင်းတွေ လွမ်းတယ်။ ။ ၂၉.၄.၀၉(၄း၁၅ am)