Innlegg

Viser innlegg fra september, 2008

အဲဒီညနေက ကားမှတ်တိုင်မှာ

ကျနော် ဘက်စကား စောင့်နေသည်။ သည်ဝါကျမှာ အပိုင်းသုံးပိုင်းပါသည်။ ကျနော်..ဘက်စကား..စောင့်နေသည်။ ကျနော်သည် ပြုလုပ်သူဖြစ်သည်။ ဘာလုပ်သလဲ။ စောင့်နေသည်။ ဘာကိုစောင့်နေသလဲ။ ဘက်စ်ကားကို စောင့်နေသည်။ ဘက်စ်ကားသည် စောင့်နေခြင်း ခံရသူဖြစ်သည်။ ကျနော် ပြန်စဉ်းစားသည်။ ကျနော်က ပြုလုပ်သူဆိုလျင် အခြေအနေကို ဖန်တီးခွင့် ကျနော့်မှာ ရှိရပေမည်။ ကျနော်စောင့်နေလျင် ဘက်စ်ကားက လာကိုလာရမည်။ ဘက်စကားသည် ကျနော့်စေခိုင်းရာအတိုင်း လုပ်သူဖြစ်ရမည်။ သူက ပြုလုပ်ခံရသူဟု ဆိုထားသည် မဟုတ်လား။ မှတ်တိုင်မှာ ကျနော်ရပ်နေပုံကလည်း ဘက်စ်ကားကို လာကိုလာရမည်ဆိုသည့် ဟန်ပန်ဖြင့် စောင့်နေပုံမျိုးဖြစ်သည်။ အမှန်တကယ်ကျတော့ သည်လိုမဟုတ်ပါ။ ဘက်စ်ကားက ကျနော်စောင့်နေသည့်အတွက် လာမည်ဆိုသည့်သဘော မဟုတ်ပါ။ အကြောင်းတစုံတရာကြောင့် အချိန်အကြာကြီးကြာမှ လာချင်လာပါလိမ့်မည်။ ဒါမှမဟုတ် အကြောင်းတစုံတရာကြောင့် မလာပဲလည်း နေချင်နေပါလိမ့်မည်။ သေချာသည်မှာ ဘက်စ်ကားလာမှ ကျနော်သွားလိုရာကို သွားနိုင်မည်ဖြစ်သည်။ သည်ခရီးကို အခြားနည်းလမ်းများထက် ဘက်စ်ကား စီးသွားမှ ဖြစ်နိုင်သောကြောင့် ကျနော် ဘက်စ်ကားကို စောင့်နေခဲ့ခြင်းဖြစ်သည်။ ကျနော်က စောင့်နေရသူ ဖြစ်ပါသည်။ စောင့်နေသောကြောင

ခရီးရှည်

Bilde
နှင်းခါးမိုး ကြည့်လိုက်တိုင်း အမြဲတမ်း ကူးခတ်နေတာပဲ ဘယ်ကိုမှတော့ မရောက်ဘူး ဧည့်ခန်းမှန်ကန်ထဲက ရွှေငါးလေးတွေ..။ ။

တနှစ်ပြီးတဲ့နောက်

Bilde
ပန်းချီထိန်လင်း http://www.hteinlin.com/ ညီမလေး၊ ဆိုင်း(န်)မအင်(န်)ခင် ကထဲက၊ ကြည့်ထားရမှာက ဇောက်တွေကဘယ်မှာ၊ ဒေါက်တွေကဘယ်မှာ၊ ဗျောက်တွေကဘယ်မှာ၊ ပြီးပြီဆိုမှ ကျော်စရာရှိတာတွေကို ကျော်မယ်၊ ချက်စရာရှိတာတွေ ချက်ကြမယ်။ှ မှာချင်တာက ဆိုင်ကယ်တွေကို၊ မျက်နှာမပြနဲ့၊ တို့တာဝန်အရေးသုံးပါးဆို၊ ဆဲတဲ့ အကျင့်ကြီးကိုဖျောက်။ မောရသုတ်ပြီးတိုင်း သစ္စာသာဆို။ ဘယ်လိုလဲခု၊ို မျက်လုံးကို နောက်စေ့မှာတပ်ပြီး လမ်းလျှေက်တတ်နေပြီလား။ နားကအမြဲတမ်း၊ ဒေါက်ဝီ

မသိနားမလည်မှုကို ကျော်လွှားရေး

(အတွေးအမြင်ခေါင်းကြီး) ၂၁ ရာစုနှစ်သည် တစ်ဖက်စွန်းရောက်မှုတွေ များလာသောရာစုနှစ် (century of Extremes) ဖြစ်သည်ဟု ၂၁ ရာစုကို လေ့လာသူ ပညာရှင် ဂျိမ်းမာတင်က ဆိုသည်။ ဤရာစုတွင် စိတ်ကူးစိတ်သန်း အသစ်တွေ အများကြီး ပေါ်လာသည်။ ထိုစိတ်ကူးစိတ်သန်းတို့ကို ၂၁ ရာစု လူသားများက လွယ်လွယ်နှင့် လက်မခံကြချေ။ ယနေ့ခေတ် လူသားတို့သည် အရာရာကို စမ်းသပ်ကြည့်ပြီးမှ လက်ခံသည်။ ၂၁ ရာစု လူသားတို့သည် သူများပြောတိုင်း ယုံသည့် မလိမ်မိုး မလိမ္မာခေတ်ကို ကျော်လွှားခဲ့ပြီဟု အတွေးအခေါ် ပညာရှင်များက ကောက်ချက်ချသည်။ ယင်းအဆင့်သို့ ရောက်လာခြင်းမှာ အိုင်တီခေါ် သတင်း ပြန်ကြားရေး နည်းပညာ၏ ကျေးဇူးတရား ဖြစ်သည်ဟု လက်ခံထားကြသည်။ အတွေးအခေါ် သမိုင်းပညာရှင် အာနက်စ်ဂဲလ်နာက သမိုင်းတွင် စခန်းသုံးဆင့် ရှိခဲ့သည်ဟု ညွုန်းဆိုသည်။ (၁) Sword ဓား၊ (၂) Plough ထယ်နှင့် (၃) Book စာအုပ်တို့ဖြစ်သည်။ ဤသုံးစခန်းကို (၁) အမဲလိုက်ခြင်း၊ အစာရှာစုဆောင်းခြင်း (၂) ထွန်ယက်စိုက်ပျိုးခြင်းနှင့် (၃) အသိပညာ တိုးချဲ့ခြင်း ဟူ၍ ဖွင့်ဆိုနိုင်သည်။ သူများပြောတိုင်း ယုံခြင်း၊ ခြောက်တိုင်းကြောက်ခြင်း၊ မြှောက်တိုင်းမြောက်ခြင်း၊ တမတ်ဖိုးလောက် သိသည်ကို တကျပ်ဖိုးလောက် ထင်နေခြင်း၊ ကျွဲခြေရ

ချစ်ခြင်းရဲ့ပုလွေသံကလေး

အသက် ၈၀ ကျော် အဖွားအိုတဦးက ငယ်တုန်းက ချစ်ပုံပြင်ကို ပြန်ပြောရင်း မျက်ရည်ကျတဲ့ အခန်းနဲ့ ဇာတ်သိမ်းလိုက်တဲ့အခါ အတ္တလန်တိတ် သမုဒ္ဒရာအောက်က ဇာတ်ခုံကြီးတခုံ ပြန်လည် နိုးထလာခဲ့ဖူးတယ်။ အခုနေတဲ့ ဥရောပမြောက်ပိုင်း ဆိပ်ကမ်းမြို့ကလေးကနေ ကမ်းခြေကို ရိုက်ခတ်လာတဲ့ ရေလှိုင်းကလေးတွေထဲ ခြေထောက်တွေကို နှစ်ရင်း ရေပြင်အဝေးတနေရာမှာ တရွေ့ရွေ့ လှော်ခတ်သွားလာနေတဲ့ ပုလေသံကလေးကို ကျနော် မြင်ယောင်ကြည့်မိပါတယ်။ ဒီကဗျာကို ဘလော့မှာ တင်ပြီးပြီလို့ ထင်ခဲ့တာပါ။ ဒီည ပြန်ဖတ်ရင်း မတွေ့တော့မှ ဖိုင်ကြိုဖိုင်ကြားမှာ ပြန်ရှာခဲ့ရတယ်။ ဒါကော နုစဉ်တုန်းကလားလို့ မေးရင် မကျတ်တကျတ်တုန်းကလို့ ဖြေရမှာပဲ။ ဆိုတော့ ခုကော ကျတ်ပြီလားဆိုတော့... ဟင့်အင်း ချက်တုန်းပြုတ်တုန်းပါပဲဗျာ။ တိုက်တန်းနစ် နှင်းခါးမိုး ၁၊က၊ ဒီသဘောင်္ကြီးပေါ်မှာပဲ တွေ့ခဲ့ကြ ချစ်ခဲ့ကြ၊ ဒီသဘောင်္ကြီးပေါ်မှာပဲ ပြေးခဲ့ကြ ပုန်းခဲ့ကြ မျက်လုံးတွေကို ရှောင်ကွင်းခဲ့ကြ၊ ဒီသဘောင်္ကြီးပေါ်မှာပဲ ကခဲ့ကြ မျက်ရည်ကျခဲ့ကြ မျက်လုံးတွေစုံမှိတ်ပြီး လေမှာစိတ်ကိုဆန့်တန်း တောင်ပံယှက်ပျံသန်းခဲ့ကြ၊ ဒီတုန်းကတော့ ဒီသဘောင်္ကြီးဟာ ဒီရေပြင်ကျယ်ကြီးထဲ ဒီလို နစ်မြုပ်သွားလိမ့်မယ်လို့ မထင်ခဲ့ဘူး။ ကံကြမ္မာကရက်စက်တယ် လ

လိုက်လိုက်ကောက်ရတဲ့ ညနေခင်းလေးများ

Bilde
နှင်းခါးမိုး လမ်းပေါ်ကျော်ကျလာတဲ့ဘောလုံးကို လှည့်ကြည့်ရင်း ငါဆက်လျောက်တယ်၊ မင်းတို့က အားလို့ ကစားနေတာ ငါက ကိစ္စတခုရှိလို့ သုတ်သုတ်သွားနေတာ ငါ့ရှေ့တည့်တည့်ကျတာမဟုတ်တော့ ငါက ပြန်လှည့်ပြီး ကောက်မပေးနိုင်ဘူး၊ တခါတလေ ဒီလိုပဲ ငါတို့ကန်တဲ့ဘောလုံးတွေက ကွင်းပြင်ထွက်ထွက်သွားတတ်တယ်၊ ငါ့ဘောလုံး ငါကောက်ခဲ့ရပေါင်းများပြီ သူများဘောလုံးတွေလည်း ကောက်ပေးဘူးခဲ့။ ကန်ကြ ကန်ကြ ပျော်ပျော်ပါးပါးကန်ကြ အားထည့်ကန်ကြ အာရုံထည့်ကန်ကြ မှော်ထည့်ကန်ကြ၊ ကန်ကြ ကန်ကြ ဂိုးဝင်အောင်ကန်ကြ နိုင်အောင်ကန်ကြ ရွှေဖိနပ်ရအောင်ကန်ကြ။ ကန်ချက်မမှန်တော့ ဘောလုံးက ကွင်းပြင်ထွက်တယ် ဒီဘောလုံးကလေး လမ်းပေါ်မှာ ကားကြိတ်သွားမလား မြောင်းထဲပဲကျမလား သံဆူးကြိုးနဲ့ငြိလေမလား၊ ငါကိုယ်တိုင်ကော ကွင်းပြင်ထွက်သွားတဲ့ဘောလုံးကလေးလား ငါတို့ဟာ ဘောလုံးကလေးများလို တလိမ့်လိမ့် ဘယ်လိုကန်ချက်မျိုးနဲ့ကြုံခဲ့ကြရတယ်။ ညနေညနေ ငါဖြတ်လျှောက်ပြီးပြန်လာနေကျ ဘောလုံးကွင်းဘေးလမ်းကလေးပေါ်မှာ ငါ့အတွေးတွေကို ငါဆွဲပြေးတယ် အပေးအယူလုပ်တယ် အမြောက်ထောင်တယ် ခေါင်းနဲတိုက်တယ် အဝေးကလှမ်းကန်တယ် ငါ့အတွေးတွေကို ငါဂိုးသွင်းတယ်။ ဘောလုံးဆိုကတည်းက အလုံးကြီးလေ ဘာမှအသေအချာမပြောနိုင်ဘူး မကောက်ပေးဖြစ်ခ