Innlegg

Viser innlegg fra oktober, 2008

စက္ကူနဲ့လုပ်တဲ့ကောင်

Bilde
နှင်းခါးမိုး ငှက်တွေလိုပဲ လေမှာပျံဝဲတယ် ကိုယ်ပိုင်အတောင်ပံတော့ မရှိပေဘူး ကြိုးဆွဲရာအတိုင်းသာ...။ ။ (ကျနော့်ကဗျာတွေမှာ ဆက်တွေးစရာလေးတွေ ပါခဲ့တယ်ဆိုရင် အဲဒါဟာ ကဗျာရေးသူရဲ့ မိမိကိုယ်မိမိ ဝေဖန်ရေးအပေါ်မှာသာ အခြေခံခဲ့ပါကြောင်း ၀န်ခံပါရစေ)

အိပ်ယာဝင်

Bilde
နှင်းခါးမိုး ရေနည်းငါးတစ်ကောင်ရဲ့  ခြောက်ခြားပူလောင်ပုံမျိုး စိုးရိမ်မှုတွေက ငါ့အပေါ်ပြိုကျ ခြေထောက်အောက်မှာ ကမ္ဘာ သဒ္ဒါစည်းကျဉ်းကျဉ်းနဲ့ ချစ်ခြင်းမေတ္တာကိုဖွဲ့  ချစ်သူတို့ခွဲခွာချိန် အနောက်ဘက်တိမ်နီနီမှာ အိမ်ပြန်ငှက်တို့ခြေရာ အထီးကျန်မှုဆာလောင်လွန်းသမို့ အမှောင်ဆီတိုးလို့ဝင်ခဲ့.. ဘယ်တော့မှပြန်ရနိုင်တော့မည်မဟုတ် ရုပ်ရှင်တစ်ပွဲကို ချစ်သူရင်ခွင်ထဲကကြည့်သလို ဘ၀ကိုရင်ဖိုချင်ရဲ့  ဒါပေမယ့် အားလုံးပြီးဆုံးခဲ့ပြီမဟုတ်လား ကြိုးတန်းပေါ်ကည ပြုတ်ကျလာတယ်.. မီးရထားလက်မှတ် ဘတ်စကားလက်မှတ် ရုပ်ရှင်လက်မှတ် ထီလက်မှတ် အားလုံးအမှတ်တရပါပဲ.. ခြင်ထောင်တစ်ထပ် စောင်တစ်ထပ်နဲ့ အမှတ်တရတွေကိုခြုံသိပ်လိုက်ရဲ့  စကြ၀ဠာထဲမှာ ကမ္ဘာထဲမှာ ငါ့အတွက်အိပ်ဖို့တစ်နေရာ ငါ့ဖာသာငါရှာခဲ့ မနက်ဖြန်မနက်စောစော ဘ၀ကိုဒုက္ခနဲ့ဆေးကြောရဦးမယ်..။ ဒီကဗျာကို ဘယ်တုန်းက ရေးခဲ့တာလဲ ကျနော် မမှတ်မိတော့ပါ။ အခု ဆရာမ မနော်ဟရီရဲ့ ကျေးဇူးနဲ့ လက်ဝယ်ပြန်ရပါတယ်။ ကဗျာကို ပြန်ဖတ်တော့ ကိုယ့်ကဗျာ ကိုယ်မမှတ်မိနိုင်လောက်အောင်ပါပဲ။ အနောက်ဘက်တိမ်နီနီ၊ အထီးကျန်မှုဆာလောင်လွန်းသမို့၊ ကြိုးတန်းပေါ်ကည၊ ဘ၀ကိုဒုက္ခနဲ့ဆေးကြောရအုန်းမယ် စတဲ့ မှတ်မှတ်ရရဖြစ်ခဲ့ဘူးတဲ့ စကားလုံးတွေကို ပြန

ကုလားအုတ်တွေနေတဲ့မြို့

Bilde
ပန်းချီထိန်လင်း ဒီလိုပဲ ငါတို့ဟာ နေ့ထူးနေ့မြတ်တွေတိုင်း ဆက်သွယ်ရေးတွေပြတ်တောက်လို့ အနှေးပြကွက်နဲ့ ငါတို့ အသေးစိတ် ပြိုလဲကျ သွားပုံများ။ တို့လက်ထဲကဖုန်းတွေဟာ ဆက်သွယ်ရေးဧရိယာပြင်ပလို့၊ အလိုလိုထထဖြေကြ။ ဒီလိုရာသီဥတုမျိုးမှာ လုံခြည်ဝတ်ရင်လဲ ဆင်ဆာလွတ်အောင်၊ ပဲပြုတ်သည်ခေါ်ရင်လဲဆင်ဆာလွတ်အော င်၊ ကလေးချော့ရင်လဲ ဆင်ဆာလွတ်အောင်၊ ယုတ်စွအဆုံး ဘုရားရှိခိုးတာတောင်မှ ဆင်ဆာလွတ်အောင်။ မိုးရွာထဲလမ်းလျှောက်ရင်း၊ ရေချိုးမမှားအောင်၊စဉ်းစားရတဲ့ ဒုက္ခ။ မှောင်ထဲထိုင်ရင်း၊ ကိုယ့်အရိပ်မထွက်အောင်စောင့်ရှောက်ရတဲ့ဒုက္ခ။ ဒါပေမဲ့ ရေငုတ်သမားတွေ ပဲ အဲဒီလို ပုလဲ တွေ ယူယူ လာကြတာ။ သဲကန္တာရကြီးပါပဲ၊ ကုလားအုပ်တွေရဲ့ ခြေထောက်တွေကို သန်မာစေတာ။ Hteinlin စက်တင်ဘာ 2008