Innlegg

Viser innlegg fra februar, 2009

ရင်မောတယ်

Bilde
အနော်မာ ဆားတထုပ်နဲ့နယ်ပြီး အိမ်မှာ ကြက်သားပြုတ်ကြော်စားတယ်၊ ……. စားနေရင်း ကမ္ဘာပေါ်မှာ အစားတလုပ်မဲ့လို့ ငိုယိုရင်း လူးလူးလိမ့်လိမ့် ကိုယ့်ဗိုက်ကိုယ်ပုတ်နေကြရတဲ့သူတွေ ဘယ်လောက်များပါလိမ့် …… ရင်မောတယ်။ ထီးတချောင်းထုတ်ပြီး အလှုအိမ်ဘက်လျောက်သွားတယ် လမ်းမှာ အ၀တ်ဆိုင်ထဲဝင်ပြီး တိုက်ပုံအကျီတထည် ၀င်ရွေးဝတ်တယ်၊ …….. ရွေးနေရင်း ကမ္ဘာပေါ်မှာ အ၀တ်ဗလာမဲ့လို့ မွေးရာပါအရေပြားချုပ်ဝတ်ကြရတဲ့သူတွေ ဘယ်လောက်များပါလိမ့် ……. ရင်မောတယ်။ ညနေစောင်းနေကို ထီးအရိပ်နဲ့ကွယ်လို့ …….. လျှောက်နေရင်း ကမ္ဘာပေါ်မှာ အရိပ် အမိုးအကာမဲ့လို့ လွင်တီးခေါင်မှာ ပုဆိုးခြုံအိပ်ကြရသူတွေ ဘယ်လောက်များပါလိမ့် …….. ရင်မောတယ်။ အမှတ်မထင် သူတောင်းစားလေးတယောက် ရောက်လာပြီး အကိုကြီးရယ် တကျပ်တပြားလောက်စွန့်ကြဲခဲ့ပါ၊ ဒီခေတ်မှာ တကျပ်က ရွှေထက်ရှားတယ် တပြားက စိန်ထက်ရှားတယ် လိုချင်ရင် ရော့တရာ ဆိုပြီး စုတ်ပြတ်ရိနွမ်း ဒါဏ်ရာဗရပွနဲ့ အမျိုးသားပြတိုက် ပို့ရလောက်တဲ့ တရာတန်ထုတ်ပေးတယ် နှာခေါင်းရှုံ့မနေနဲ့ တရာတန်တိုင်း ဒီလိုပဲ …… ရင်မောတယ်၊ ငွေစက္ကူထုတ်စက်ရှိရင် တရာတန်အသစ်ကလေးတွေထုတ်ပါတယ်။ ရုတ်တရက် စာအုပ်တိုက်ရှေ့ရောက်လာလို့ စာရေးဆရာရီရရဲ့ တော်လှန်မလား… ကျုပ်ဟာကျုပ

တောင်ယာ ရိုက်ကွင်း

Bilde
မြားအိမ် ပဲမှမသီးရသေးဘူး၊ ပဲစင်ပေါ်တက်မှာများ၊ ပဲနွယ်ပင် ပဲများနေပုံ၊ ရင်သားဖေါ်ထားတဲ့ပန်းမုံလာမလေး၊ အပွင့်တစ်ရာနဲ့ မြူဆွယ်ချိန်မှာ၊ ကြက်ဟင်းခါးပင်ကသွေးဆုံးနေခဲ့ပါပြီလေ၊ ခမျာမှာ လင်စိတ်သားစိတ်တွေကုန်၊ နံနက်ခင်း နံဘေးကဖြတ်သွားမိတိုင်း၊ သူ့ကိုယ်သင်းနံ့ကရင်ခုန်ချင်စရာ ပါ ခရမ်းပင်များ၊ ကလေးတွေတပြွတ်ပြွတ်မွေးကောင်းတု န်း၊ မုန်ညင်းပင်တွေကိုယ်တိုင်၊ ဆတ်စလူးပင်တွေကိုယ်တိုင်၊ ဆတ်စလူးထနေ မှတော့၊ စာကလေးတွေရဲ့အထိုးအဆိတ်ကိုခံလိုက်ယုံ၊ ကဲခုတော့ ကောင်းကြသေးရဲ့လား၊ အသက်မပြည့်ခင်ခိုးရာလိုက်သွားတဲ့  ခါးကျဉ်ကျဉ်တင်ကားကား ဗူးသီးလေးတစ်လုံး။ (မန္တလေးထောင်မှာ နေသား၁၀နှစ်ကျော်ဖြတ်သန်းနေဆဲ ကဗျာဆရာတစ်ယောက်ရဲ့ကဗျာဖြစ်ပါတယ်။)

စေတသိက

Bilde
နှင်းခါးမိုး လူသွားလမ်းပေါ်မှာ ကြယ်ကလေးတပွင့်တွေ့တယ် မနေ့ကပွဲတော်ညမှာ ကြွေကျခဲ့တာဖြစ်မယ် ငါ မနင်းရက်ခဲ့ဘူး။