Innlegg

Viser innlegg fra februar, 2008

နေဘုန်းလတ်သို့ ….

Bilde
ဘလော့ဂ်ဂါ မောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း "မြို့စားကြီးနေဘုန်းလတ်" လို့ နာမည်တွင်ခဲ့တဲ့သူ။ မနှစ်က ဒီလိုနေ့မှာပဲ "လွတ်ကျခဲ့တဲ့မြို့တော်" ဘလော့ဂ်လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။ ဒီနေ့ တော့ တနှစ်တင်းတင်း ပြည့် သွားပြီပေါ့။ မှတ်မှတ်ရရ သူ့ဘလော့ မှာ ပထမဆုံးတင်လိုက်တဲ့ ပို့စ်နာမည် ကလည်း "လွတ်ကျခဲ့တဲ့မြို့တော်" တဲ့။ လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာ သမားဆိုတဲ့ အမည်နာမတွေအတွက် သူ့ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊ အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော် ခံခဲ့တယ်။ ရက်ပေါင်း ၃၆၅ရက် အတွင်းမှာ သူ့မြို့တော်က စာကောင်းစာသန့် ၁၂၂ ပုဒ်မွေးထုတ် ပေးခဲ့ပြီးပြီ။ ဒီစာတွေကြောင့် ဖတ်သူတွေအတွက် သုတပန်းတွေ လန်းလာခဲ့တယ်၊ ရသလမ်းတွေ ဆန်းလာခဲ့တယ်၊ ပညာမီးတွေ လင်းပလာခဲ့တယ်။ သူကတော့ သတိထားမိချင်မှ ထားမိလိမ့်မယ်။ ဘလော့ဂ်ဂါတွေ အတွက် ပထမဆုံးဆိုတဲ့ စကားလုံး တော်တော်များများမှာ သူနဲ့ လွတ်ကျခဲ့တဲ့မြို့တော်လည်း ရင်းနှီး ကျွမ်းဝင်ခဲ့တယ်။ ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့် စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူ အစွမ်းကုန် ကြိုးစားခဲ့တယ်။ စာအု

ခေတ်ပေါ်ကဗျာဆရာလက်စွဲ (အဆုံးသတ်) ရေးသူ...အိုက်ချင့်(တရုတ်ကဗျာဆရာ)

မုဒအကြောင်း အတွေးများ ပန်းချီမှာလိုပဲ ကဗျာမှာ ဖွဲ့စည်းပုံ၊ ပစ္စည်းရွေးချယ်ပုံ (ကိုယ့်အတွေး၊ ကိုယ့် ခံစားချက်ကို ဖော်ပြဖို့ ဘယ်နည်းလမ်းတွေ သုံးမလဲဆိုတာ) ကို အာရုံ စူးစိုက်ရမယ်။ တနေ့တော့ ကျုပ် ချီပိုက်ရှီကို ခင်ဗျား တခါဖူးမျှ မရေးဆွဲဘူးတာ ကျနော့်ကို ဆွဲပေးစမ်းပါ လို့ ပြောမိတယ်။ အကြောင်းအရာနဲ့ ဖွဲ့စည်းပုံကို သစ် စေချင်တယ်လို့ ဆိုလိုတာပါ။ ကျုပ်လည်း သူ့ပန်းချီကို မြတ်နိုးသမို့ ကနေ့ခေတ်ရဲ့ ထူးချွန်တဲ့ အနုပညာသမား တဦးဟာ ဒီပြဿနာကို ဘယ်လို ကိုင်တွယ်မလဲ မြင်ချင်တာကိုး။ သူ ကျုပ်တောင်းဆိုချက်ကို လိုက်လျောပါတယ်။ သူနာပြုမက သူ့အတွက် မင်ထောင်း၊ စက္ကူကိုဖြန့် သူ့ကိုယ်ပေါ်မှာ အကာအကွယ် အ၀တ်စတွေ တင်၊ သူ့စုတ်တံကို လှမ်းပေးလိုက်တယ်။ ကျုပ် တောင်းခံခဲ့တဲ့အတိုင်း သူ တပေစတုရန်း စာမျက်နှာပေါ် ရေးဆွဲပါတယ်။ သူ ဘာပုံကြမ်းမှ မလောင်းဘူး။ စာရွက်မျက်နှာပြင်ပေါ် ငေးရုံ ငေးကြည့်နေတယ်။ မျက်စိတမှိတ်အတွင်း မင်ရေးပန်းချီ ရေးဆွဲတော့တယ်။ ရေကန်ထဲကို ခုန်ရင်း၊ နောက်ခြေထောက်က မြက်တစမှာ မိနေရတဲ့ ဖားပုံ ရေးဆွဲလိုက်တာပါ။ ရှေ့ ခြေနှစ်ချောင်းကတော့ဖြင့် ရှေ့ကို အငမ်းမရ ဆန့် ထုတ်ထားရဲ့။ နောက်ခြေကို မြက်ကလွတ်အောင် ရုန်းကန်လို့ပ။ ဖားရဲ့ ရှေ့မှ