Innlegg

Viser innlegg fra mai, 2009

မေ၏အပြုံး

Bilde
နှင်းခါးမိုး (၁) သွေ့မြေမှာ ယောင်းရွက်တို့ ရုန်းရင်းဆန်ခတ် ဇွန်မှာရွာဖို့ ဧပြီ အပူငွေ့တွေ အရည်ဖွဲ့ခဲ့ မုန်တိုင်းခြေအကြွ သစ်ရွက်သစ်နံ့ရတယ်။ (၂) ဗောဓိညောင်ခြေ သွန်းတဲ့ရေ လေးသံမြားသံ စဲပါစေ သပြေရွက်ပေါ်မှာတော့ အိပ်မက်မိုးစက်ကလေးတွေ။ (၃) ဖုန်ထူထူ လူသွားလမ်းကလေး ဘေးက သားမွေးမယ့်မြက်တို့ရဲ့ နွေလည်နေ ပုံပြင်များကိုမူ မေသည် စကားဖွဖွ ဆိုလေ၏။ ။

ပန်းစိုက်တဲ့မိုးရေစက်

Bilde
နှင်းခါးမိုး သူများလို စကားလုံးကြီးတွေ ထူထူထဲထဲ မြည်သံစွဲကြီးတွေမပါ “ကိုယ့်အသက်ကလေးကိုယ် ကြံဖန်မွေးရအောင်လို့ ရောက်လာတာပါ”တဲ့။ ရောက်တော့လည်း ရောက်သလို မြင်တော့လည်းမြင်သလို ကြည်ကြည်လင်လင် သူစီးဆင်းခဲ့တယ်၊ ခုတော့ ခမျာ ခြေတလှမ်းနောက်ကျခဲ့ရ။ ပူပူပန်ပန်ဆုပ်ကိုင်ထားရက်က အမှတ်တမဲ့ လွတ်ထွက်သွားခဲ့ပေါ့ သူ့အသက် သူ့လက်ထဲက။ မမြင်ရတဲ့တန်းစီဇယားထဲ ငါ့ရှေ့က ငါ့သူငယ်ချင်းများ ငါတို့ရှေ့က ငါတို့သူငယ်ချင်းများ ခင်မင်မှုကို စကားလုံးတွေနဲ့ဖူးပွင့်မပြခဲ့ပါ ရှင်သန်မှုကိုလည်း ခွက်ရေနဲ့ မတွက်စေခဲ့ပါ။ ဒီလိုတွေးကြည့်တယ် ဘေဘီလုံဥယျာဉ်ကို တရက်တည်းနဲ့ပြီးစီးခဲ့တာမဟုတ်သလို တယောက်တည်းနဲ့တည်ဆောက်ခဲ့တာမဟုတ်။ ဥယျာဉ်တံခါးဖွင့်ရင်တော့ အားလုံးကို ၀င်ခွင့်ပြုပေလိမ့်။ ထိုအခါ ကိုယ်နှစ်သက်ရာသစ်ရိပ်၌ နားခိုနိုင်ကြစေ။ မိုးရွာပြီးစမြက်ခင်းပြင်ပေါ် ကိုယ့်အသက်ကလေးနှင့်ကိုယ် နေစာလှုံဆော့ကစားနိုင်ကြစေ။ ။ ဒီကဗျာက လွန်ခဲ့တဲ့လေးနှစ်ကျော်လောက် ပုသိမ်က ကျောင်းဆရာလို့ ချစ်တဲ့သူတွေကခေါ်ကြတဲ့ ကိုအောင်မျိုးထွေး မထင်မှတ်ပဲ ဆုံးသွားတုန်းက၊ ပေါင်းသင်းခင်မင်ခဲ့ရတဲ့ ကာလတိုတောင်းပေမယ့် ရင်ထဲအမှတ်ထင်ထင်ဖြစ်ခဲ့ရတဲ့ သူရဲ့ တည်ငြိမ်အေးဆေးတဲ့ ဘ၀နေဟန်ပုံစံနဲ့

လွမ်းပိုး

Bilde
အနော်မာ photo by blog.macroart.net ငှက်ပိုး၊ နွားပိုးပြီးတော့ ၀က်ပိုး တဲ့ဗျာ၊ ထပ်တိုးဦးမယ့် ဆုတ်ကပ်တွေ ကပ်စုပ်သွားတိုင်း သန်းနဲ့ ချီ၊ ဘဒ္ဒငိုသံ သြော် သွေးတွေ သွေးတွေ၊ ကျွန်းဆေးသံလိုလို၊ စာရိတ္တလမ်းပျက်တွေပေါ် ဒန်းပင်ကို ပုခက်ဆင်ချိန်ရောက်ပြီလား ငါ့ကလေးတွေ ဘားဆွဲခိုင်းအုန်းမှ၊ သီလညစ်ညစ် ဗွက်တွေရှောင်ရင်း ဒီနေ့ ဘာဝယ်ရရင်ကောင်းမလဲ ဈေးမှာ ကြက်၊ ဘဲ၊ အမဲ၊ ၀က်တော့ သွားရှာပြီ။ မ သာဓု မ သာဓု မ သာဓု သာဓုမရေ.... ရွာနဲ့ နင့်အိမ်နောက်ဖေးက ချဉ်ပေါင်ခင်းတွေ လွမ်းတယ်။ ။ ၂၉.၄.၀၉(၄း၁၅ am)