ပြုံးပါ ရယ်ပါ ၂၀၀၈


ဘ၀မှာ သူငယ်ချင်းက သိပ်ရှိတာ မဟုတ်ဘူး။ ရှိခဲ့တာလေးတွေလည်း အထိမ်းအသိမ်းက မတတ်ဘူး။ ကိုယ့်ချို့ယွင်းချက်တွေလည်း ပြင်မယ်ပြင်မယ်နဲ့ ဘာမှ ထူးမလာဘူး။ တော်တော် အနွံတာခံတဲ့သူလောက်ပဲ သူတို့သူငယ်ချင်းစာရင်းထဲ ကျနော့်ကို ထုတ်မပစ်သေးပဲ ထားကြတာကလား။ တခါတခါကျတော့လည်း တချို့ကို လွမ်းမိပါတယ်။
မေ့လောက်မှ လာလွမ်းတော့လည်း ဘယ်သူက ငဲ့ကြည့်မလဲလေ။ ငဲ့ကြည့်သူနည်းနည်းထဲက အခင်ဆုံးတယောက်ရဲ့ နှစ်ကူးကတ်ကလေးကို မှတ်မှတ်ရရ ဘလော့ပေါ်တင်မယ်လို့ ပြောခဲ့ပြီး မေ့နေခဲ့မိပြန်တယ်။ ဒီည စာတွေ ပြန်စစ်ရင်း တွေ့တာနဲ့ ပြန်မမေ့အောင် တင်လိုက်တယ်။ ရက်တွေ အတော်ကျော်ခဲ့ပေမယ့် ဒီကတ်ကလေးက ကျနော့်စိတ်ကို နှစ်သစ်ဆန်းစေတုန်းလို့ ပြောရမှာပါ။ တကယ်တော့ သူငယ်ချင်းတွေ ဆုံးရှုံးရတာလည်း အသဲကွဲစေတဲ့ ကိစ္စတခုပဲ မဟုတ်လား။

Kommentarer

  1. ဟုတ်တယ်.. သူငယ်ချင်းတွေ ဆုံးရှုံးရတာလည်း အသဲကွဲစေတဲ့ ကိစ္စတခုပါပဲ..။ အချစ်ဆုံးသူငယ်ချင်းရဲ့ စွန့်ပစ်မူကို ခံရတာလည်း ချစ်သူ က စွန့်ပစ်တာမျိုးပဲ ခံစားရမယ် ထင်ပါရဲ့...။

    SvarSlett
  2. အင်း အသဲမကွဲအောင် ရှားရှားပါးပါး သူငယ်ချင်းတွေ မဆုံးရှုံးအောင် ချို့ယွင်းချက်တွေ ပြင်မယ်ဆိုရင်...
    ပြင်တယ် ဆိုတာကလည်း လွယ်တဲ့အလုပ်တော့ မဟုတ်ဘူးပေါ့..

    လတ်ဆတ်နေဆဲ နှစ်သစ်အတွက် ထပ်မံ ဆုတောင်းလိုက်ပါတယ်။

    ကိုယ့်ကို မကြာခဏ ခွင့်လွှတ်ပေးသော အချစ်ဆုံး သူငယ်ချင်းတွေနဲ့ တသက်လုံး ခင်မင် ပျော်ရွှင်နိုင်ပါစေ။

    SvarSlett

Legg inn en kommentar

Populære innlegg fra denne bloggen

စပါတာကပ် (ပထမပိုင်း)

နှစ်သစ်

နှင်းဆီပွင့်ပေါ် ဆရာ အိပ်ပျော်အုန်းမှာမဟုတ်ဘူး