ခရီးရှည်
နှင်းခါးမိုး
ကြည့်လိုက်တိုင်း အမြဲတမ်း ကူးခတ်နေတာပဲ
ဘယ်ကိုမှတော့ မရောက်ဘူး
ဧည့်ခန်းမှန်ကန်ထဲက ရွှေငါးလေးတွေ..။ ။
Kommentarer
  1. ခရီးရှည်ကဗျာ ဖတ်သွားပါတယ်ဗျ။
    ကဗျာဓာတ်သွင်းသွားတယ်။
    ဆရာရေ ရိုးရိုးရှင်းရှင်းလေးနဲ့ သိပ်လှတဲ့ကဗျာလေးကို
    အားကျနှစ်သက်စွာ ဖတ်သွားပါတယ်။
    ပျော်ရွှင်ပါစေ...။
    SvarSlett
  2. တိုတိုလေးနဲ့ထိထိမိမိရှိလှတဲ့ကဗျာလေးတစ်ပုးပါဘဲ
    အနှစ်သာရပြည့်ဝတဲ့ကဗျာလေးဆိုလည်းဟုတ်တယ်
    SvarSlett
  3. အလုပ်ကနေ ကားအကြာကြီးမောင်းပြီး အိမ်ပြန်ရောက်လာတာ မောမောနဲ့ ဖတ်မိလိုက်တာ ပိုမောသွားပြီဗျို့။
    SvarSlett
  4. ဒီကဗျာဖတ်ပြီးတော့ ကိုယ်ကိုယ်တိုင် ရွှေငါးလေး ဖြစ်သွားတယ်…
    တခုသွားတွေးမိတာက ဧည့်ခန်းမှန်ကန်ထဲက ရွှေငါးလေးတွေဘ၀က Live Seafood ဆိုင်က မှန်ထဲက ငါးလေးတွေ ဘ၀ထက်စာရင် ငါးဖြစ်ရကျိုးနပ်သေးတယ်လေ… ဒီငါးလေးတွေ ခရီးရှည်သွားနေချိန်မှာ ဟိုငါးလေးတွေ သေမယ့်ရက်ကို လက်ချိုးရေနေရတာ…
    SvarSlett
  5. ကဗျာဖတ်သွားတယ်အစ်ကိုရေ..
    SvarSlett
  6. ကဗျာဖတ်ပြီး အတွေးတွေ တစ်လှေကြီး ပွါးသွားတယ်ဗျာ။
    SvarSlett
  7. Nemo ရုပ်ရှင်ကားထဲကလို ငါးကန်ထဲ ကနေ လွတ်မြောက်အောင် တွေးကြည့်တာပေါ့
    တကယ်တော့ လွတ်မြောက်ချင်တာလူတွေရဲ့ အသက်ရှင်ခြင်းတခုလား
    SvarSlett
  8. ကျနော်တို့သွားတဲ့ ခရီးက
    သူတို့လို ဖြစ်နေပြီလား...
    စဉ်းစားစရာပဲ...
    တကယ် အနှစ်သာရပြည့်တဲ့
    ကဗျာတပုဒ်ပါ...
    SvarSlett
  9. ဘယ်ခရီးကိုရယ်လို့ အထူး မဆိုလိုပါ။ လူ့ဘ၀အကြောင်း စဉ်းစားကြည့်ထားတာပါ။
    SvarSlett
Legg inn en kommentar
Populære innlegg fra denne bloggen
စပါတာကပ် (ပထမပိုင်း)
နှစ်သစ်
နှင်းဆီပွင့်ပေါ် ဆရာ အိပ်ပျော်အုန်းမှာမဟုတ်ဘူး