မဟာတံတိုင်းကြီးရဲ့ နံရံပေါ်က ဆေးစက်များ

တရုတ်ပြည်ကြီးထဲမှာ အကျဉ်းကျနေတဲ့ တရုတ်နိုင်ငံရေးအကျဉ်းသားတယောက်ရဲ့
ထောင်တွင်းမှာရေးဆွဲတဲ့ ပန်းချီကားတွေလို့ သိရပါတယ်။
နော်ဝေကျောင်းသူတယောက်က ယူထုတ်လာပြီး ဘာဂမ်မြို့က ပြခန်းတခုမှာ
ပြပွဲတခု ခင်းကျင်းပြသခဲ့တာကို သွားကြည့်ရင်း ရိုက်ယူလာခဲ့တာပါ။ ပုံတွေကို
ကြည့်လိုက်ရုံနဲ့ ဒီကနေ့ တရုတ်ပြည်ကြီးရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို
သိနိုင်ပါတယ်။ ပြပွဲဖွင့်တဲ့နေ့က မြန်မာပြည်ထဲက စက်တင်ဘာအရေးအခင်းကို
အနီရောင်ဝတ်စုံတွေဝတ်ပြီး ထောက်ခံတဲ့ပွဲနဲ့တိုက်နေလို့ ပြခန်းတခုလုံး
နီသွားခဲ့ပါတယ်။ တရုတ်ပြည်မှာ ကွန်မြူနစ်ပါတီ အာဏာရလာတော့
တရုတ်နီလို့ ခေါ်ခဲ့ကြပါတယ်။ အနီအနီချင်း ထိပ်တိုက်တိုးခဲ့တဲ့ နေ့ဆိုပါတော့။
ဒါပေမယ့် အနီချင်းတော့ မတူပါ။
ကျနော်တို့က လွတ်လပ်တဲ့အနီ..။
နှင်းဆီနီတွေပွေ့ပိုက်ထားပေမယ့် ကြောက်လန့်မှုတွေဖိစီးနေတဲ့ လူမျက်နှာပုံ
ပန်းချီကားကို ၀ိုင်ခွက်နောက်ခံထားပြီး ဓါတ်ပုံရိုက်ယူခဲ့မိပါတယ်။
ရင်ထဲက စကားလုံးတချို့အတွက် ဆိုပါတော့။


Kommentarer

Populære innlegg fra denne bloggen

စပါတာကပ် (ပထမပိုင်း)

နှစ်သစ်

နှင်းဆီပွင့်ပေါ် ဆရာ အိပ်ပျော်အုန်းမှာမဟုတ်ဘူး