ကျွဲတကောင်ရဲ့အနုပညာနဲ့ ကပ္ပိယမေတ္တာ


၂၀၀၃ ခုနှစ်က ရေးဖြစ်ခဲ့တဲ့ မြန်မာပြည်၊ ဂိမ်းသီအိုရီနှင့် ကပ္ပိယမေတ္တာ ဆိုတဲ့

စာတပုဒ်ထဲက လက်ရှိအခြေအနေနဲ့ပတ်သတ်လို့ တခုခုပြောချင်နေတဲ့အချိန်မှာ
ဆိုလိုရာကိုပေါ်နိုင်မယ့် အပိုဒ်ကလေးတခု ဒီမှာတင်ပြိး ဝေငှလိုက်ပါတယ်။
လူပြောသူပြောများတဲ့ ဂိမ်းသီအိုရီဆိုတာကို မိမိနားလည်သလောက်
ကိုးကားထားပေမယ့် တကယ်ပြောချင်တာက မြန်မာပြည်ပြဿနာတွေရဲ့
လက်တွေ့သဘာဝကိုပါ။ ဆောင်းပါးတပုဒ်လုံးပြန်မတင်ဖြစ်တာကတော့
အခုအချိန်မှာ လိုရင်းတိုရှင်းပြောတာသာ အသင့်တော်ဆုံးလို့ ယူဆလို့ပါပဲ။

ချုပ်ပြောရရင် သမာရိုးကျကစားပွဲကို ဆက်ကစားကြမလား။ တိုင်းပြည်ကို မီးပုံထဲ
ပစ်ထည့်ပြီး အသစ်ပြန်မွေးဖွားကြမလား။ ဒါလည်း မလုပ်ကောင်းတဲ့ကိစ္စတော့
မဟုတ်ပါဘူး။ ဘယ်ရောဂါမဆို လိမ်းဆေး ရှုဆေးလေးနဲ့ပျောက်သွားရင်တော့
အကောင်းဆုံးပေါ့။ ဒါမှမရရင် စားဆေး ထိုးဆေးနဲ့ တဆင့်တက်ကုရတာပါပဲ။
နောက်ဆုံးမရတော့ရင် ခွဲစိတ် ဖြတ်တောက် ကုသကြရတာပေါ့။ မကုသရဲလို့
ရောဂါကိုဆက်မွေးထားမယ်ဆိုရင်ဖြင့် မကြာခင် အသက်ကိုနှုတ်ယူသွားမှာပဲ။

တရားပွဲတခုမှာ ဆရာတော်တပါးက အခုလို ဟောကြားခဲ့ဖူးတယ်။
ပုံပြင်လေးတပုဒ်ကို ဥပမာဆောင်ပြီး ဟောတာပါ။ ဘုန်းကြီးတပါးနဲ့ ကပ္ပိယ
တယောက် တခြားရွာဆွမ်းစားသွားပြီး ပြန်လာ ကြတယ်။ လမ်းမှာ
လယ်ကွင်းတွေဖြတ်ပြန်အလာ ကျွဲတကောင်က ဘုန်းကြီးသင်္ကန်းဝါ၀ါ
မြင်တော့ ဝှေ့ဖို့အတင်းပြေးဝင်လာတယ်။
ဒါကိုမြင်တော့ ဘုန်းကြီးက နေရာမှာရပ်ပြီး ကျွဲကြီးကို မေတ္တာပို့တယ်။
မေတ္တာသုတ်တို့ အန္တရယ်ကင်းဂါထာတို့ တဖွဖွရွတ်ပြီး မေတ္တာ ပို့တယ်။
ဒါပေမယ့် ကျွဲကြီးက တုန့်ရပ်မသွားဘူး။ အရှိန်နဲ့ တအားဝှေ့ဖို့ပြေးလာတယ်။
တဖြည်းဖြည်းနီးလာတော့ ကပ္ပိယကြီးက စဉ်းစားတယ်၊ အင်း ကျွဲကြီးကတော့
တကယ်ဝှေ့တော့မှာပဲ။ ဘုန်းကြီးကလည်း နေရာကမရွေ့ မေတ္တာပို့နေပုံနဲ့တော့
ငါ့ဘုန်းကြီး ဒုက္ခ ရောက်ရချည့်ရဲ့ ပေါ့။ အဲဒါနဲ့ ကျွဲကြီးလည်း အနားရောက်
်လာရော ကပ္ပိယကြီးက အနားမှာတွေ့တဲ့ တီကျစ်စာခဲကောက်ကိုင်ပြီး တအား
ထုထည့်လိုက်တယ်။ ဒီတော့မှ ကျွဲကြီးလည်းပြေး၊ ဘုန်းကြီးလည်းဘေးလွတ်
သွားတော့တယ်။
ချုပ်လိုက်တော့ ဘုန်းကြီးပို့တဲ့ မေတ္တာနဲ့မပြေး၊ ကပ္ပိယကြီးပို့လိုက်တဲ့ တီကျစ်စာခဲ
မေတ္တာနဲ့မှ ကျွဲကြီးကပြေးတော့တာကိုး။

တိုင်းပြည်ကိုမငဲ့၊ ကိုယ်လုပ်ချင်ရာဇွတ်လုပ်နေတဲ့ စစ်အစိုးရရဲ့လုပ်ရပ်တွေကို
မြင်တော့ ဒေါ်စုတို့အန်အယ်ဒီတို့ ဘုန်းကြီး မေတ္တာပို့တာလောက်နဲ့တော့ ဒင်းတို့က
ရပ်မယ်မထင်။ ကပ္ပိယမေတ္တာပို့မှသာ ဖြစ်တော့မယ်ထင်တယ်တဲ့။
ငါသေမှ လက်နက်ရမယ်ဆိုတဲ့သူတွေကို ဘုန်းကြီးမေတ္တာပို့နေရင်သိပ်နောက်ကျ
သွားလေမလား။ မေတ္တာသုတ်ကိုရွတ်ရင်း တီကျစ်စာခဲ လက်ထဲကိုင်ထားမှသာ
ငါသေမှလက်နက်ရမယ်ဆိုတဲ့ ဆိုင်းဘုတ်တွေကို ဖြုတ်ချနိုင်လိမ့်မယ်ထင်ပါတယ်။

Kommentarer

  1. နာကျင်မှုတိုင်းမှာ ပန်းတခင်းရှိတယ် ပန်းတခင်းတိုင်းမှာ နာကျင်မှုရှိတယ်..

    SvarSlett
  2. ရနံ့ဟာ ပန်းခင်းထဲမှာ ထုံပျ့ခဲ့။ ယုံကြည်ချက်က နာကျင်မှုထဲ စွဲနစ်ခဲ့။ တပွင့်ကြွေရင် တရာဖူးတာ လောကတရားအစစ်ပေ။ မုန်တိုင်းကြောင့် အာရုဏ်တက် နောက်ကျချင် နောက်ကျမယ်။ မိုးမလင်းပဲတော့ မနေ။
    ကိုယ်စိတ် ကျန်းမာပါစေ ပန်ဒိုရာ

    SvarSlett

Legg inn en kommentar

Populære innlegg fra denne bloggen

စပါတာကပ် (ပထမပိုင်း)

နှစ်သစ်

နှင်းဆီပွင့်ပေါ် ဆရာ အိပ်ပျော်အုန်းမှာမဟုတ်ဘူး