သူကောက်သိမ်းလိုက်တာက နွေဆံမြိတ်ပေါ်က ပန်းနုတိမ်ကလစ်ကလေးတချောင်း


ဒီကနေ့ မိုးရွာမယ် ကြေငြာထား
ပေမယ့်မနက်ပိုင်းကလေး

နေတပြိုက်လောက် လင်းလိုက်
သေးတယ်။ ငယ်ငယ်က ကျောင်း
ပြေးတဲ့အကျင့်က မပျောက်ဘူး။
ဒီမနက်လည်း ကျောင်းမရောက်ပဲ
မြို့ထဲရောက်သွားတယ်။ ကော်ဖီ
သောက်တယ်။ ရေကန်ဘေး
သွားထိုင်ရင်း ဟိုငေး ဒီငေး၊ ဟိုတွေးဒီတွေး၊ FM ရေဒီယိုလေးနားထောင်။


နွေတုန်းကလောက် အရောင်မစုံတော့ပေမယ့် မြို့ကလေးက ပန်းပွင့်တွေနဲ့
ဝေဆာဆဲ။ အစက ပန်းတွေ ဘာလို့ ဒီလောက်ပွင့်ပါလိမ့်လို့ တအံ့တသြ

ဖြစ်ခဲ့မိတယ်။ နောက်တော့မှ ပွင့်မယ့်ဆဲဆဲ
ပန်းတွေ အိုးလိုက်အိုးလိုက်
မြေကြီးထဲ လာစိုက်ကြတာကိုး။
သည်တော့လည်းဧည့်ခန်းထဲ အလှထိုးသလို
ပန်းတွေက အကန့်လိုက်၊ အလွှာလိုက်၊ တထပ်ပြီး တထပ် အရောင်စုံစပ်ပြီး
လှနေတော့တယ်။
သြော် မြို့ကြီးကိုက ပန်းအိုးကြီးတလုံး ဖြစ်နေခဲ့တာကိုး။


အခုတော့ ဆောင်းဦးကျကာစ။
နှင်းတွေမမြင်ရသေးပေမယ့်
အပူချိန်က တဆယ်ဝန်းကျင်
အောက် ကျလာနေပြီ။
တောင်ပတ်လည်ဝိုင်းတဲ့မြို့မို့
တိမ်တွေက တောင်တက်ကော
တောင်ဆင်းပါ မိုးစက်တွေ
သွန်းသွန်းချနေတော့တာပဲ။ ပင်လယ်ဘက်က လေ၊ တောင်ကြားကလေ၊
ရေလက်ကြားတွေထဲက လေ၊ လေက မျက်နှာစုံက လှည့်တိုက်နေသေးတယ်။

လေကော
မိုးရေပါ လက်ဖျားတွေကို အေးစက်စေတာမို့ကဗျာဆန်ဆန်
မိုးရေထဲလမ်းလျောက်ချင်လို့မရ။
လမ်းကြိုလမ်းကြားတွေထဲ တိုးဝင်ကာ
သွားလိုရာသုတ်ခြေတင်ကြရတယ်။

သည်ကြားထဲက အခုလို နေကလေး
ပြန်ပွင့်လာတယ်ဆိုရင် ခွက်ထဲက

လက်ကျန်တစက်ကို အရသာခံ
သလိုမျိုး လမ်းတွေပေါ်မှာလူတွေ

ကိုယ့်ကိုယ်ကိုယ် ဖြန့်ခင်းနေကြ
ပြန်ရော။ သည်လူတွေကြားထဲ
ကိုယ်တိုင်လည်း စိတ်ကလေး
လန်းဆန်းသလိုရှိလာတာနဲ့ နောက်လလောက်ဆို မြင်ခွင့်ရတော့မှာမဟုတ်တဲ့
နွေနှောင်းဆောင်းဦးပုံရိပ်တွေကို သိမ်းဆည်းချင်စိတ်ဖြစ်လာလို့
လက်ကိုင်ဖုန်းကလေးနဲ့ပဲ ဓါတ်ပုံတချို့ ရိုက်လိုက်မိတယ်။
အခုတလော
ပို့စ်အသစ်မတင်ဖြစ်လို့လာလည်တဲ့ ဘလော့ဘော်ဒါ
တွေကို မျက်နှာပူတာ
တွေ
ပြေရာပြေကြောင်း ဥရောပမြောက်ပိုင်းက ဧည့်သည်ပျော်တဲ့
မြို့ကလေးတမြို့ရဲ့ ဆံမြိတ်လည်းပြေ
ပန်းလည်းကြွေစ ကပိုကရိုအလှလေးကို
သည်မှာ တင်ဆက်လိုက်ပါရဲ့။

မကြာခင်မှာ သစ်ရွက်အနီတွေဖြန့်ခင်းထားတဲ့
နှင်းတ၀က် မိုးတ၀က် စိုစက်စက် ဆောင်းဦး
ဆောင်းရဲ့ မြင်ကွင်းကျယ်အလွမ်းရက်များထဲ
ဘ၀ကို စေးစေးပိုင်ပိုင် ဖွင့်ဆိုဖြစ်လေ
အုန်းမလား...။
ဒီစာမျက်နှာတွေကိုတော့ ဆက်ရေးဖြစ်နေအုန်းမှာပါ။

Kommentarer

Populære innlegg fra denne bloggen

စပါတာကပ် (ပထမပိုင်း)

နှစ်သစ်

နှင်းဆီပွင့်ပေါ် ဆရာ အိပ်ပျော်အုန်းမှာမဟုတ်ဘူး