ဟက်ပီးဝါး
သူရဲကောင်းတွေကလည်း သူရဲကောင်းမဟုတ်တော့ဘူး
ဗီလိန်တွေကလည်း ဗီလိန်မဟုတ်တော့ဘူး၊
ဗီလိန်တွေကလည်း ဗီလိန်မဟုတ်တော့ဘူး၊
ဆဲတာက ချစ်လို့ဆိုရင်
ကန်တော့တာက ဆဲနည်းတမျိုးလား၊
ကန်တော့တာက ဆဲနည်းတမျိုးလား၊
လှပေမဲ့ ဆင်းရရှာတဲ့မိန်းကလေးလို
လူတကာပစ်မှားတာ ခံနေရတဲ့တိုင်းပြည်၊
လူတကာပစ်မှားတာ ခံနေရတဲ့တိုင်းပြည်၊
စစ်ပွဲတွေက စီးပွားဖြစ်တော့
လူ့အသက်တွေက ချက်လက်မှတ်ဖြစ်ရ၊
လူ့အသက်တွေက ချက်လက်မှတ်ဖြစ်ရ၊
အဲဒီတကမ္ဘာလုံးကိုတင်ပို့နေတဲ့ မူးယစ်ဆေးဝါးတွေဟာ
ကျုပ်တို့သားသမီးတွေရဲ့ အသွေးအသားတွေနဲ့ ချက်လုပ်ထားတာ၊
ကျုပ်တို့သားသမီးတွေရဲ့ အသွေးအသားတွေနဲ့ ချက်လုပ်ထားတာ၊
ကုလသမဂ္ဂဆိုတာကြီးကိုသာ
ခုံရုံးတင်လိုက်ကြပါလေ။
ခုံရုံးတင်လိုက်ကြပါလေ။
နှင်းခါးမိုး
၁၆၊ ဇန်နဝါရီ၊ ၂၀၁၉
Kommentarer
Legg inn en kommentar