အရင်ဘ၀ကရော်ဘင်ဟု

ပန်းပွင့်တွေကအတုဖြစ်ချင်ဖြစ်မယ်
သံဆူးကြိုးကတော့စစ်တယ်၊
အိုးလေးခွက်လေးမှကိုယ့်မှာမရှိရင်
မိုးရွာတုန်းဘယ်လိုရေခံမလဲ၊
တည်နေတုန်းမီးပြတ်သွားတော့
ပေါင်းအိုးထဲကဆန်တွေခမျာ
ထမင်းဖြစ်ခွင့်မရတော့ဘူး၊
မင်းအပေါ်ဆိုးခဲ့သမျှ
ကမ္ဘာကြီးအပေါ်ကောင်းပါမယ်။

နှင်းခါးမိုး
၁၉၊ ဇူလိုင်၊ ၂၀၁၈

Kommentarer

  1. ပန်းပွင့်တွေကအတုဖြစ်ချင်ဖြစ်မယ်
    သံဆူးကြိုးကတော့စစ်တယ်....စကားလုံးသုံးထားတာလေးတွေသဘောကျတယ်

    SvarSlett

Legg inn en kommentar

Populære innlegg fra denne bloggen

စပါတာကပ် (ပထမပိုင်း)

နှစ်သစ်

နှင်းဆီပွင့်ပေါ် ဆရာ အိပ်ပျော်အုန်းမှာမဟုတ်ဘူး