မိုးရဲ့စတိုင်

မုန်တိုင်းက ၀တ်စုံအပြည့်နဲ့ ညစာစားပွဲထဲ ဝင်လာတဲ့အချိန်မှာ
အနောက်တောင်ထောင့်ဝိုင်းမှာ အပျိုမလေးက ပျောက်သွားတဲ့ကြယ်တွေကို ရေတွက်နေရဲ့၊

သစ္စာအဖောက်ခံရတဲ့ကောင်းကင်ကြီးက တိမ်ဆိုးတွေကို သံကြိုးဖြေလွှတ်လိုက်တဲ့အခါ
တုန်ယင်နေတဲ့ရပ်ကွက်ကလေးဟာ သူ့ပြတင်းပေါက်တွေကို ကမန်းကတမ်းဝှက်ရှာတယ်
လမ်းဘေးရေနှုတ်မြောင်းကလေးတွေကတော့ ရရာလက်နက်စွဲကိုင်ကြရင်း ငါတို့မှာရွေးချယ်စရာမရှိဘူး တဲ့။

ဘက်စကားပေါ်မှာ ကျန်ခဲ့တာလား
လက်ဖက်ရည်ဆိုင်မှာ ကျန်ခဲ့တာလား
လက်ဆောင်ရထားတဲ့ထီးကလေးပေမယ့် သံယောဇဉ်ကကြီးပါတယ်။

တရံတခါက ၀ရန်တာမှာ
ဂမုန်းပင်ကလေး ပြုံးပြုံးရွှင်ရွှင်ရှိပါစေ။ ။

နှင်းခါးမိုး

Kommentarer

Populære innlegg fra denne bloggen

စပါတာကပ် (ပထမပိုင်း)

နှစ်သစ်

နှင်းဆီပွင့်ပေါ် ဆရာ အိပ်ပျော်အုန်းမှာမဟုတ်ဘူး