ကော်ဖီ

နှင်းခါးမိုး

ပူနွေးတယ်
မွှေးပျံ့တယ်
ရင်ကိုခုန်စေတယ်။

မနက်စောစောကို
မင်္ဂလာပါလို့မပြောမီ
ညကမှပွင့်တဲ့သစ်ခွအိုးကလေးကို
ငေးရင်း
တစိမ့်စိမ့်သောက်ဖြစ်ခဲ့တယ်
ကြိမ်စားပွဲကလေးအပေါ် နေရောင်နဲ့အတူ။

နောက်တခွက်မလိုဘူး
နောက်တဘ၀ပဲလိုတယ်။   ။





Kommentarer

  1. ဒီကဗျာလေးကို သိပ်သဘောကျတယ်...း)

    SvarSlett
  2. သောက်လက်စကော်ဖီခွက်ကိုငေးမိတယ်

    SvarSlett

Legg inn en kommentar

Populære innlegg fra denne bloggen

စပါတာကပ် (ပထမပိုင်း)

နှစ်သစ်

နှင်းဆီပွင့်ပေါ် ဆရာ အိပ်ပျော်အုန်းမှာမဟုတ်ဘူး