ငါးပြတိုက်မှာ ပင်ဂွင်းငှက်တကောင်နဲ့ ဒိုင်ယာလော့

နှင်းခါးမိုး

မြေကြီးပေါ်မှာလည်း လူတယောက်လို လမ်းလျောက်တယ်
ဒါပေမယ့်မြေကြီးတွေကိုစစ်တိုက်ပြီးမသိမ်းဘူး၊
ရေထဲမှာလည်း ငါးတကောင်လို ကူးခတ်တယ်
ဒါပေမယ့်ငါးမျှားတံရဲ့ အစာချရာနောက်မလိုက်ဘူး၊
မိုးပေါ်ကိုလည်း ခြေဖျားလေးထောက်ထောက်ပြီး မော့မော့ကြည့်တယ်
ဒါပေမယ့်ကောင်းကင်ကြီးပေါ်တက် မပျော်ပါးဘူး
လေဟုန်စီးပြီးခရီးရှည်လည်းမသွားဘူး၊
ကျောက်ဆောင်ကြီးတွေရဲ့ချစ်ခြင်းမေတ္တာနဲ့
နားလည်ရခက်ပေမယ့်အမြဲတမ်းပြန်အသစ်ဖြစ်ဖြစ်နေတဲ့ ရေခဲပြင်ကြီးတွေရဲ့သံယောဇဉ်ရင်ခွင်မှာ
နွေးထွေးတောက်ပတဲ့နေရောင်ကလွဲရင် ဘာကိုမှ သူမတောင့်တတတ်ခဲ့ဘူး
တိတ်ဆိတ်ငြိမ်သက်စွာ မတ်မတ်ရပ်နေခဲ့တယ်။

Kommentarer

Populære innlegg fra denne bloggen

စပါတာကပ် (ပထမပိုင်း)

နှစ်သစ်

နှင်းဆီပွင့်ပေါ် ဆရာ အိပ်ပျော်အုန်းမှာမဟုတ်ဘူး