ငှက်တကောင်ရဲ့ဆောင်းရာသီ

နှင်းခါးမိုး
By Sue Casson

ငါထင်ထားတာလောက်
ဒီဆောင်းက မဆိုးပါဘူး
ငါထင်ထားတာထက်
ဒီဆောင်းက ပိုဆိုးတယ်
ငါ့အိပ်မက်နဲ့
ငါထူလိုက်တဲ့တအိုးတအိမ်ဟာ
တိမ်ပြာသောနေ့လည်းဖြစ်ခဲ့သလို
မုန်တိုင်းကျသောညလည်းဖြစ်ခဲ့တယ်
ပြီးခဲ့တဲ့ဆောင်းဟာ
ရေကန်ထဲမှာအရည်ပျော်သွားတဲ့အခါ
နောက်တဆောင်းမတိုင်ခင်
ဘယ်ရီသီးလေးတွေဟာ ချစ်ရေးဆိုချင်စရာ
မင်းသားလေးရဲ့အပြာရောင်မျက်လုံးတစုံကို
ငတ်ပြတ်နေတဲ့ပြဇာတ်ရေးဆရာလေးနဲ့
အိမ်မပြန်ရဲတဲ့ဆင်းရဲသူမလေးကိုပေးခဲ့ပြီ
နောက်ဆုံးတော့ မြို့လည်ကဖြိုချပစ်ခဲ့တဲ့
နှလုံးလှမင်းသားလေးရဲ့ခြေရင်းမှာ
ပျံလွှားငှက်အသေလေးတကောင် သူတို့တွေ့ရှိခဲ့ကြတယ်
အဲဒီကြမ်းတမ်းတဲ့ဆောင်းက သူ့ကိုသတ်ပစ်ခဲ့တာလား
မမျှတတဲ့လောကကြီးက သူ့ကိုသတ်ပစ်ခဲ့တာလား
ချစ်တဲ့ကျုရိုးပင်လေးဆီ
ဘယ်တော့မှသူမပြန်နိုင်တော့ပါ
မီးလောင်သွားပေမယ့်
နှလုံးသားဟာနှလုံးသားအတိုင်း
သူမရှိတော့ပေမယ့်
သူ့သီချင်းဟာသီချင်းအတိုင်း
ဒါ ဘယ်လိုဆောင်းရာသီမျိုးလဲ
ငှက်တကောင် မရပ်မနားပျံသန်းတယ်။

Ref: The Happy Prince by Oscar Wilde

Kommentarer

Populære innlegg fra denne bloggen

စပါတာကပ် (ပထမပိုင်း)

နှစ်သစ်

နှင်းဆီပွင့်ပေါ် ဆရာ အိပ်ပျော်အုန်းမှာမဟုတ်ဘူး