ဇာတ်လိုက်

နှင်းခါးမိုး

လှသန်းရေ
သေတာတောင်
မင်းနဲ့ ကဒါဖီမတူဘူး၊

မင်းက ရှင်တုန်းက
ကုန်သေတ္တာထဲ နေခဲ့ရဘူးတယ်
ဒီတုန်းက ကဒါဖီက သူ့နန်းတော်ထဲမှာ၊

အခု ကဒါဖီက ကုန်သေတ္တာထဲပိုးစိုးပက်စက်
မင်းကတော့ ချစ်ကြသူတွေရဲ့ အလွမ်းပန်းတောထဲမှာ။

ကဒါဖီမှာ ရွှေသေနတ်တလက်ရှိတယ်
ဒါပေမယ့် သူ့သေနတ်က သူ့ကိုမကယ်နိုင်ခဲ့ဘူး၊
မင်းမှာတော့ ကဗျာကလောင်တလက်ရှိတယ်
သေတာတောင် မင်းကို ရှင်နေစေအုန်းမယ်။

အာဏာရှင်နဲ့ ကဗျာဆရာ
ဒီပြဇာတ် ဒီမှာပြီး၏။ ။

Kommentarer

Legg inn en kommentar

Populære innlegg fra denne bloggen

စပါတာကပ် (ပထမပိုင်း)

နှစ်သစ်

နှင်းဆီပွင့်ပေါ် ဆရာ အိပ်ပျော်အုန်းမှာမဟုတ်ဘူး