မီးသွေး Hent link Facebook X Pinterest E-post Andre apper april 07, 2011 နှင်းခါးမိုး လောင်ကျွမ်းထားပြီးသား နောက်ထပ်ရဲရဲ တောက်လောင်အုန်းမယ့် ပုန်းနေတဲ့မီးခဲ မည်းမည်းသဲသဲပေမယ့် ပြာတော့မကျသေးဘူးလေ။ ။ Hent link Facebook X Pinterest E-post Andre apper Kommentarer MANORHARY27. april 2011 kl. 00:07ဘာကြောင့် လောင်ကျွမ်းနေကြသတဲ့လဲ????SvarSlettSvarSvarLegg til kommentarLast inn mer ... Legg inn en kommentar
စပါတာကပ် (ပထမပိုင်း) februar 15, 2014 နှင်းခါးမိုး ဒီအိမ်ကြီးမှာ ငါတို့ဟာ ကျွန်တွေပဲ သေဆိုသေ ရှင်ဆိုရှင်ပဲ ပေးတာယူ ကျွေးတာစားပဲ ငြင်းဆန်ခွင့်မရှိဘူး ရွေးချယ်ခွင့်မရှိဘူး ကိုယ့်အခန်းတံခါးကို ကိုယ်ပိတ်ခွင့်ဖွင့်ခွင့်မရှိဘူး၊ လင်းနေတဲ့မီးတိုင်တွေကို ငါတို့ထွန်းထားတာ ပြောင်လက်နေတဲ့ကြမ်းပြင်တွေကို ငါတို့တိုက်ထားတာ ပူနွေးနေတဲ့အစားအသောက်တွေကို ငါတို့ချက်ထားတာ နှင်းဆီပွင့်ဖတ်လေးတွေနဲ့ပြည့်နေတဲ့ ချိုးကန်ထဲကရေကို ငါတို့ခပ်ထားတာ သခင်မရဲ့ပုခုံးသားနုနုပေါ်ကဖဲကြိုးလေးကို ငါတို့ချည်ပေးထားတာ ဂုဏ်သရေရှိလူကြီးမင်းရဲခွက်ထဲက၀ိုင်ကို ငါတို့ငှဲ့ပေးထားတာ၊ အတူတူနေကြတယ် မိသားစုမဟုတ်ဘူး၊ လူကလူကိုပိုင်ဆိုင်တယ် လူကလူကိုလုပ်ကျွေးခစားရတယ် လူလူချင်းမတူဘူး၊ နံရံမြင့်မြင့်ကြီးနဲ့ တဘက်မှာအသူတရာချောက်နဲ့ တောင်ကုန်းပေါ်ထီးထီးမားမား အဆောင်ဆောင်အခန်းခန်းနဲ့ ကြီးမားတဲ့တံခါးကြီးတွေနဲ့ မြို့ကိုစီးမြင်ရတဲ့လေသာဆောင်နဲ့ အိမ်ကြီးကကျယ်ဝန်းလွန်း ကြီးမားလွန်း ခိုင်ခံ့လွန်းပါဘိ၊ လုံခြုံတဲ့အမိုးအကာရှိတယ် အိပ်ယာတနေရာရှိတယ် စားစရာရှိတယ် ခိုးကြည့်စရာမျက်ဝန်းလေးတစုံရှိတယ် ဘယ်တော့မှငြင်းဆန်ခွင့်မရှိတဲ့အမိန့်အာဏာတွေရှိတယ် လိုအပ်တဲ့အခါအချည်ခံထားရတဲ့သံကြိုးနဲ့ စိတ်မထင်... Les mer
နှစ်သစ် desember 31, 2010 နှင်းခါးမိုး မနက်မိုးလင်းတော့ ၂၀၁၀ ကအမူးတွေ ၂၀၁၁ ထဲပါလာတယ်၊ တကယ်က ၁၂ နာရီရဲ့ဟိုဘက်မှာ ဘာမှ မထားပစ်ခဲ့နိုင်ဘူး၊ ၁၂ နာရီရဲ့ဒီဘက်မှာလည်း ၁၂ ထပ်တိုက်ပေါ်က ခုန်မချရဲသေးဘူး။ 9:15, 1, Jan. 2011 Maesod Les mer
နှင်းဆီပွင့်ပေါ် ဆရာ အိပ်ပျော်အုန်းမှာမဟုတ်ဘူး januar 22, 2008 လွန်ခဲ့တဲ့တနှစ် ဆရာဦးတင်မိုး ဆုံးတယ်ကြားရတော့ မိုးမခမှာ ဆရာ့ကိုလွမ်းလို့ ကဗျာတပုဒ်နဲ့ ကန်တော့ခဲ့ပါတယ်။ အခုလည်း ဆရာ့ကိုချစ်သူတွေက ကမ္ဘာတ၀ှမ်းမှာ နှစ်ပတ်လည် လွမ်းဆွတ်ပွဲတွေ ကျင်းပနေကြတာ ကြားရတယ်။ ကျနော်တို့ မြန်မာတွေရဲ့နှလုံးသားမှာ အမြဲတမ်း ထွန်းလင်းနေမယ့် မီးအိမ်ရှင်ကြီး သူချစ်တဲ့တိုင်းပြည်မှာ အကြိမ်တထောင် လူပြန်ဖြစ်ခွင့်ရပါစေ။ သစ္စာမီးအိမ် အင်းလျားကန်စပ် မှန်ကလေးတချပ် ဖြတ်ကနဲကွဲခဲ့တာမှမဟုတ်ပဲ။ စကားလုံးတွေက အစစ်လား လောကကြီးက အစစ်လား အနုပညာဆိုတာ မေတ္တာဓါတ်နဲ့မှ လှတယ်၊ ညအခါမှာမှ လသာတာက လှတယ်၊ အဆန်ခရီးမှာမှ ဖန်မီးအိမ်က ပိုလို့လင်းခဲ့တယ်။ ချစ်ခြင်းတရားမှာ အကြေအညာမရှိဘူး သစ္စာတရားမှာ သေတယ်ရှင်တယ်မရှိဘူး။ လူထုချစ်ရင် သမိုင်းတင်တယ် (ကျနော်တို့မှာတော့) ကမ္ဘာမကြေဘူး ဆရာမသေဘူး။ ။ နှင်းခါးမိုး Les mer
ဘာကြောင့် လောင်ကျွမ်းနေကြသတဲ့လဲ????
SvarSlett