လွမ်းပိုး

အနော်မာ

photo by blog.macroart.net


ငှက်ပိုး၊ နွားပိုးပြီးတော့
ဝက်ပိုး တဲ့ဗျာ၊

ထပ်တိုးဦးမယ့် ဆုတ်ကပ်တွေ
ကပ်စုပ်သွားတိုင်း သန်းနဲ့ ချီ၊

ဘဒ္ဒငိုသံ
သြော်
သွေးတွေ
သွေးတွေ၊

ကျွန်းဆေးသံလိုလို၊

စာရိတ္တလမ်းပျက်တွေပေါ်
ဒန်းပင်ကို ပုခက်ဆင်ချိန်ရောက်ပြီလား
ငါ့ကလေးတွေ ဘားဆွဲခိုင်းအုန်းမှ၊

သီလညစ်ညစ် ဗွက်တွေရှောင်ရင်း
ဒီနေ့ ဘာဝယ်ရရင်ကောင်းမလဲ ဈေးမှာ
ကြက်၊ ဘဲ၊ အမဲ၊ ၀က်တော့ သွားရှာပြီ။

မ သာဓု
မ သာဓု
မ သာဓု

သာဓုမရေ....
ရွာနဲ့ နင့်အိမ်နောက်ဖေးက
ချဉ်ပေါင်ခင်းတွေ
လွမ်းတယ်။ ။

၂၉.၄.၀၉(၄း၁၅ am)

Kommentarer

  1. ချဉ်ပေါင်ခင်းမှာတောင် ရွက်ဖြန်းပိုးသတ်ဆေးတွေ ပါနေမလား

    လွမ်းတယ်ဗျာ

    SvarSlett
  2. ကျန်းမာတော်မူပါစ ဗျာ။

    ဒန်းပင်ကို ပုခက်ဆင်ချိန်ရောက်ပြီလား။
    ဆိုတော့ ဒန်းပင်ဆိုတာ ရှိသလား ၊မူရင်းကတော့ ဒန့်ကျွဲပင် (မိုးကျလဘက်)သာကြားဘူးလို့ပါ ။
    ဆရာလုပ်တယ် ၊ မထင်ပါနဲ့ ။ ကဗျာက လွှတ်ကောင်းတော့ ပြစ်မျိုးမှဲ့မထင်စေချင်တာပါ ။။

    လေးစားလျက်

    မင်းဒင်

    SvarSlett

Legg inn en kommentar

Populære innlegg fra denne bloggen

စပါတာကပ် (ပထမပိုင်း)

နှစ်သစ်

နှင်းဆီပွင့်ပေါ် ဆရာ အိပ်ပျော်အုန်းမှာမဟုတ်ဘူး