မေ၏အပြုံး

နှင်းခါးမိုး


(၁)
သွေ့မြေမှာ
ယောင်းရွက်တို့ ရုန်းရင်းဆန်ခတ်
ဇွန်မှာရွာဖို့
ဧပြီ အပူငွေ့တွေ
အရည်ဖွဲ့ခဲ့
မုန်တိုင်းခြေအကြွ
သစ်ရွက်သစ်နံ့ရတယ်။

(၂)
ဗောဓိညောင်ခြေ သွန်းတဲ့ရေ
လေးသံမြားသံ စဲပါစေ
သပြေရွက်ပေါ်မှာတော့
အိပ်မက်မိုးစက်ကလေးတွေ။

(၃)
ဖုန်ထူထူ လူသွားလမ်းကလေး ဘေးက
သားမွေးမယ့်မြက်တို့ရဲ့
နွေလည်နေ ပုံပြင်များကိုမူ
မေသည် စကားဖွဖွ ဆိုလေ၏။ ။

Kommentarer

  1. It is a scorcher to day.

    SvarSlett
  2. နွေလည်နေ ပုံပြင်များ
    နှင်းခါးမိုး အိပ်မက်များ
    မေ၏အပြုံး
    သစ်ရွက်သစ်နံ့.......
    ................
    မေ..သည်လည်းဆွတ်ပျံ့ဖွယ်ရာ..
    .......
    mnhy

    SvarSlett
  3. ညောင် မှာ သဝေထိုးလေး ကျန်နေပါတယ် ဆရာ .. ကဗျာက အရမ်းကောင်းတော့ စာလုံးပေါင်းနဲ့ မဖျက်စေ ချင်လို့ပါ ...

    SvarSlett

Legg inn en kommentar

Populære innlegg fra denne bloggen

စပါတာကပ် (ပထမပိုင်း)

နှစ်သစ်

နှင်းဆီပွင့်ပေါ် ဆရာ အိပ်ပျော်အုန်းမှာမဟုတ်ဘူး