တောင်ယာ ရိုက်ကွင်း

မြားအိမ်



ပဲမှမသီးရသေးဘူး၊
ပဲစင်ပေါ်တက်မှာများ၊
ပဲနွယ်ပင် ပဲများနေပုံ၊

ရင်သားဖေါ်ထားတဲ့ပန်းမုံလာမလေး၊
အပွင့်တစ်ရာနဲ့ မြူဆွယ်ချိန်မှာ၊
ကြက်ဟင်းခါးပင်ကသွေးဆုံးနေခဲ့ပါပြီလေ၊
ခမျာမှာ လင်စိတ်သားစိတ်တွေကုန်၊
နံနက်ခင်း နံဘေးကဖြတ်သွားမိတိုင်း၊
သူ့ကိုယ်သင်းနံ့ကရင်ခုန်ချင်စရာပါ

ခရမ်းပင်များ၊
ကလေးတွေတပြွတ်ပြွတ်မွေးကောင်းတုန်း၊

မုန်ညင်းပင်တွေကိုယ်တိုင်၊
ဆတ်စလူးပင်တွေကိုယ်တိုင်၊
ဆတ်စလူးထနေ မှတော့၊
စာကလေးတွေရဲ့အထိုးအဆိတ်ကိုခံလိုက်ယုံ၊

ကဲခုတော့
ကောင်းကြသေးရဲ့လား၊
အသက်မပြည့်ခင်ခိုးရာလိုက်သွားတဲ
ခါးကျဉ်ကျဉ်တင်ကားကား ဗူးသီးလေးတစ်လုံး။

(မန္တလေးထောင်မှာ နေသား၁၀နှစ်ကျော်ဖြတ်သန်းနေဆဲ ကဗျာဆရာတစ်ယောက်ရဲ့ကဗျာဖြစ်ပါတယ်။)



Kommentarer

  1. ကဗျာကတော့ ကောင်းလိုက်ချက်... လွှတ်ကောင်းပဲ...

    SvarSlett
  2. အရမ်းကောင်းတဲ့ ကဗျာလေးကို ဖတ်ခွင့်ရတာ ကျေးဇူး
    ပါ အကိုကြီး။

    SvarSlett
  3. ကဗျာကကောင်းတယ်နော်
    ကိုဝေလင်းကဗျာမှတ်နေတာ...မဟုတ်ဘူးလားး။

    SvarSlett
  4. ရူပက အင်္လကာ တယ်လဲ မြောက်ပေသကိုး၊ ကဗျာဆရာများ ဖမ်းစားယင် ရွာက ကြက်တွေ ကုန်ရောဆိုပဲ ဟဲဟဲ နောက်တာ။

    SvarSlett
  5. ကဗျာလေးက..ချစ်စရာ ပြုံးစရာလေး။း)

    SvarSlett
  6. great! i just wanna know what year this poet wrote it and when this one came out, to compare these days' LP! 'cause this poem is a branch of LP. may be pre-LP in burmese way!

    SvarSlett
  7. ကဗျာလေးက ရိုးရိုးလေးနဲ့ ဆန်းနေတယ်…

    SvarSlett
  8. နှင်းခါးမိုးရေ

    ကဗျာကိုဖတ်ရတာ ကျေးဇူးတင်လိုက်တာမှ။
    အများကြီး တွေးကျန်ရစ်ခဲ့ရတယ်။
    ကောင်းမှကောင်းကွာ။

    SvarSlett
  9. ကဗျာကောင်းလေး ဖတ်ရင်း ကူးသွားတယ်ဗျ

    SvarSlett
  10. ဘယ်သူကဗျာလဲဖြစ်ဖြစ် ဖတ်ခွင့်ရတာကိုဘဲ ကျေးဇူးတင်ပါတယ်။ ရေးသူကော့ တင်သူကော့

    SvarSlett
  11. ကဗျာရဲ့အနှစ်သာရအပြည့်
    နဲ့ကဗျာလေးလာဖတ်သွားတယ်...

    SvarSlett

Legg inn en kommentar

Populære innlegg fra denne bloggen

စပါတာကပ် (ပထမပိုင်း)

နှစ်သစ်

နှင်းဆီပွင့်ပေါ် ဆရာ အိပ်ပျော်အုန်းမှာမဟုတ်ဘူး