ပင်လယ်ဓါးပြ

နှင်းခါးမိုး

အဆုံးမရှိတဲ့ပင်လယ်မှာ
သားကောင်နောက်ကိုလိုက်သူ
အပြောကျယ်တဲ့ပင်လယ်မှာ
ရတနာကျွန်းကိုရှာသူ
မြေပုံထဲမှာမပါတဲ့ကျွန်းကလေးတွေမှာ
တခါတလေပုန်းခိုတတ်သူ။

စိတ်ကြိုက်ကမ်းခြေတခုမှာ
တနေ့ကျရင်မြို့ကြီးတမြို့တည်အုန်းမတဲ့၊
ကမ္ဘာကြီးကိုလုယက်ဖို့ဆိုတာ
သိန်းငှက်တကောင်နဲ့
သစ်သားခြေထောက်တဖက်ပဲလိုသတဲ့။

ကောင်မလေးရေ
နောက်ဆုံးကျန်တဲ့မျက်လုံးတဖက်လို
ငါ မင်းကိုချစ်ခဲ့ပါတယ်။ ။


Kommentarer

  1. အကိုကြီး ကဗျာက အရမ်းကောင်းတယ်ဗျာ။

    SvarSlett
  2. ဆရာရေ
    စောင့်ဖတ်ရတာ မျှော်ရကျိုးနပ်ပြီဗျ
    နောက်ဆုံးအပိုဒ်ကိုတော့ အခိုက်ဆုံးပဲ :)
    ကျနော်တို့က လူငယ်ကိုး ဆရာရဲ့ :P

    ကောင်မလေးရေ
    နောက်ဆုံးကျန်တဲ့မျက်လုံးတဖက်လို
    ငါ မင်းကိုချစ်ခဲ့ပါတယ်။ ။

    SvarSlett
  3. ကဗျာ ခိုက်တယ်ဗျာ။

    ဒါပေမဲ့ အောက်ဆုံးအပိုဒ်ကို သိပ်နားမလည်ဘူး ကိုဝေလင်းရ။

    ကောင်မလေးရေ
    နောက်ဆုံးကျန်တဲ့မျက်လုံးတဖက်လို
    ငါ မင်းကိုချစ်ခဲ့ပါတယ်။ ။

    ခင်မင်စွာဖြင့်

    SvarSlett
  4. ရုပ်ရှင်ထဲမှာဖြစ်ဖြစ် စာအုပ်တွေထဲမှာဖြစ်ဖြစ်
    ပင်လယ်ဓားပြကိုပုံဖော်ကြတဲ့အခါ
    မျက်စိတစ်ဖက်လပ်(တစ်ဖက်ကို သားရေပြားအနက်လေးဖုံးလို့ပေါ့)အဖြစ်နဲ့ သုံးလေ့ရှိတာကို တွေ့ဖူးပါတယ်။

    ဆရာရဲ့ကဗျာ အောင်ဆုံးပိုဒ်အရောက် ဖျတ်ခနဲဆို အဲဒါလေးသွားမြင်တယ်ဗျ။ လူဆိုတာမျိုးက ကိုယ့်မှာ ခဲခဲဆစ်ဆစ်ကျန်နေခဲ့မယ် အသုံးဝင်မှုလည်းရှိနေမယ်ဆိုရင် တယ်လဲတန်ဖိုးထားတတ်တာမျိုးလား။

    ကောင်မလေးရေ
    အဲဒီလောက်တောင် ငါ မင်းကိုချစ်ခဲ့တာပါဆိုတော့
    အခိုက်ဆုံးပေါ့ :)

    ခေါင်းစဉ်ကလည်း ပင်လယ်ဓားပြဆိုတော့
    တင်စားချက်က ဒိန်းခနဲပဲ။

    ကျနော်ခံစားမိသလိုလေးပေါ့ဗျာ
    မဟုတ်ရင်တော့ ရှက်စရာကြီး :)
    လွဲနေရင် မသိယောင်ဆောင်ပေးကြပါဗျို့ :P

    ခင်မင်ရင်းနှီးစွာဖြင့်

    SvarSlett
  5. ပင်လယ်ဓါးပြမှာလည်း စိတ်ကူးအိပ်မက်နဲ့ ပါပဲလား။

    SvarSlett
  6. ပင်လယ်ဓားပြကမျက်စိတစ်ဖက်လပ်နေတာကိုးဗျ..
    အဲဒီလိုဘဲဘာသာပြန်လိုက်တယ်ဗျာ..
    အတွေးကောင်းသလိုအရေးလည်းကောင်းတယ်ဗျာ..
    ကဗျာကအဓိပ္ပာယ်အပြည့်ပါဘဲ....

    SvarSlett
  7. စောင့်နေရတာကြာပေမယ့်
    ကဗျာလေးကကောင်းတော့
    ခွင့်လွှတ်လိုက်ပါတယ်။း)
    နောက်တစ်ခါအဲလောက်မကြာနဲ့တော့နော်။

    SvarSlett
  8. like Mayakovsky's leg in CLOCD IN TROUSERS!

    the one who lost one leg
    how he adores his the remain one!

    this eye lel' MIKE PAR TEL" BYAR!!!

    SvarSlett
  9. ကမ္ဘာကြီးကိုလုယက်ဖို့တောင် စိတ်ကူးဝံ့တဲ့ ကြမ်းတမ်းတဲ့ သူရင်ထဲက နူးညံ့တဲ့ ချစ်တတ်သော နှလုံးသားကို မြင်အောင် ဖော်ကျူးနိုင်တာကို လေးစားအားကျလျက်…
    လဘက်ကောင်းကောင်းလေး စားသွားပါတယ်…

    SvarSlett
  10. အပြောကျယ်တဲ့ ပင်လယ်ကြီးကို ဖြတ်လာရတာ
    နောက်ကျသွားတယ်
    နောက်ဆုံးကျန်တဲ့ မျက်လုံးတဖက်ကို လုယက်ချင်တယ် ဆိုရင်..

    SvarSlett
  11. This comment has been removed by the author.

    SvarSlett

Legg inn en kommentar

Populære innlegg fra denne bloggen

စပါတာကပ် (ပထမပိုင်း)

နှစ်သစ်

နှင်းဆီပွင့်ပေါ် ဆရာ အိပ်ပျော်အုန်းမှာမဟုတ်ဘူး