အမည်တွေများတဲ့အကြောင်း

ပန်းချီထိန်လင်း

ကင်းခြေများတွေက ခြေများမှများစေတော့ သူကကင်းခြေများ။

အမည်များသူများမှာကား အမည်တွေအများကြီးနဲ့ ကားယားကားယား
တွားသွားနေရသလို၊ တွားသွားနေရသလို၊ တွားသွားနေရလို့။

ဟိုကွေ့ဟိုတက်နဲ့၊ ဒီကွေ့ဒီတက်နဲ့
ကွေ့တွေများသလောက်၊ တက်တွေလည်းများသလောက်လောက်
နာမည်တွေလည်း မှိုလိုပေါက်၊ မြွေလိုပေါက်၊ ရွာရိုးကိုးပေါက်။

အိမ်မှာနေတော့တခု၊ ဧည့်စာရင်းတိုင်တော့တခု
မဂ္ဂဇင်းစာမျက်နှာမှာတခု၊ အင်တာနက်စာမျက်နှာမှာတခု၊
ဒီလောက်များတဲ့အထဲကနေမှ တကယ်ခေါ်ရတော့
ဧည့်သည်ကြီးတဲ့၊ အုပ်ကြီးတဲ့၊ ကတုံးကြီးတဲ့၊ သပြေညိုကြီးတဲ့၊
စောင့်ရတယ်၊ မီးစောင့်ရသလို၊ ရေစောင့်ရသလို
ဖုတ်သွင်းရထားစောင့်သလိုစောင့်နေတာ ဘာကိုပါလိမ့်၊
စောင့်နေတာကိုပါ စောင့်နေရတာ
လှသန်းကို လှသန်းလို့ခေါ်ခွင့်ရဖို့
ဘဂျမ်းကို ဘဂျမ်းလို့ခေါ်ခွင့်ရဖို့
စောင့်၊ စောင့်၊ စောင့်ရင်းစောင့်ရင်း၊
ရေပေါ်မှာ ကိုယ့်အမည်ကိုယ်
ရေးကြည့်နေမိတယ်
ရေကြည့်နေမိတယ်။ ။


Kommentarer

  1. ပန်းချီကိုထိန်လင်းရယ့် ကဗျာကို ဖတ်ခွင့်ရလို့
    ကျေးဇူးပါ အကိုကြီးရေ။

    SvarSlett
  2. ဒါ..ကိုထိန့်စတိုင်လ်နဲ့ကဗျာပဲ...
    အောက်ခြေမှာနာမည်မပါလဲ
    နှလုံးသားနဲ့ဖတ်လို့ရတဲ့ကဗျာတွေရှိနေတာပဲ
    နာမည်မလိုပါဘူးနော်

    SvarSlett
  3. ကောင်းလိုက်တဲ့ ကဗျာ..

    SvarSlett
  4. သြော်...မလုံခြုံမှုတွေ

    SvarSlett

Legg inn en kommentar

Populære innlegg fra denne bloggen

စပါတာကပ် (ပထမပိုင်း)

နှစ်သစ်

နှင်းဆီပွင့်ပေါ် ဆရာ အိပ်ပျော်အုန်းမှာမဟုတ်ဘူး