လပြည့်ည

နှင်းခါးမိုး


ဒီညမှာ ငါ့လရောင်က မှန်တံခါးက ၀င်တယ်
ဒီညမှာ မင်းလရောင်က သံတိုင်ကြားက ၀င်တယ်
တနေ့ကျရင် မင်းနဲ့ငါ လရောင်အောက်မှာ အတူလမ်းလျှောက်ကြအုန်းမယ်။
အုတ်နံရံပေါ်မှာ မင်းရေးခဲ့တဲ့ကဗျာ
အဲဒီညမှာ ငါပြန်ရွတ်ပြချင်ပါတယ်။ ။


Kommentarer

  1. ထိခိုက်သွားတယ်
    ပြတ်ရှသွားတယ်

    SvarSlett
  2. အရမ်းထိခိုက်သွားတယ်ဗျာ..
    ဒီရက်ပိုင်းမှာ..ကိုယ်နဲ့မသိသူတွေအတွက်နာနာကျင်ကျင်မျက်ရည်ကျမိတယ်.....
    ဒီကဗျာကြောင့်ပိုခံစားသွားရတယ်..

    SvarSlett
  3. very touching
    feel so sad

    SvarSlett
  4. ဒီကဗျာလေးထဲမှာ...............................................
    ကိုဝေလင်းရဲ့ထိထိခိုက်ခိုက်ကိုနာကျင်
    စေရတဲ့နှလုံးသွေးတစ်စက်ကိုရှာတွေ့လိုက်ပါတယ်...

    SvarSlett
  5. လပြည့်ညရဲ့ လရောင်တွေကို ခံစားသွားပါတယ်။

    SvarSlett
  6. ကိုဝေလင်း

    ကိုဝေလင်းရဲ့ လပြည့်ညကိုတွေ့ ရတော့ ပြောစရာ
    စကားမရှိအောင်ကိုပဲ ဆွံ့ အသွားမိအောင်ပဲ ခံစားရတယ်။

    SvarSlett
  7. ကောင်းကင်ကြီးက တခုတည်း
    လကလည်း တစင်းတည်း
    နေနေကြတဲ့ ကမ္ဘာကြီးကလည်း တခုတည်းပါပဲ။
    ဒါပေမယ့် လရောင်တွေ ဖြာကျပုံ ဘာလို့ မတူရနိုင်ကြရတာလဲ။
    လရောင်အောက်မှာ အတူလမ်းလျှောက်ကြမယ့် တနေ့ကို မျှော်လင့်နေပါသေးတယ်။

    SvarSlett
  8. တိုတိုနဲ့ ထိမိတဲ့ ကဗျာ တစ်ပုဒ်ပါပဲ။
    ငြိမ်းချမ်းအောင်

    SvarSlett
  9. ခြေခင်းလက်ခင်းသာတဲ့တနေ့
    လရောင်အောက်မှာ အတူလမ်းလျှောက်နိုင်ကြပါစေ
    ဆရာရေ ဒီလောက်ပါပဲ
    အဆင်ပြေပါစေခင်ဗျာ

    SvarSlett
  10. လရောင်တွေအောက် လမ်းအတူလျှောက်ရမယ့်နေ့  အမြန်ရောက်ပါစေလို့ …

    SvarSlett
  11. ညမှာရွတ်တဲ့ ကဗျာတစ်ပုဒ်က သိပ်တိုတယ် ဒါပေမယ့်သိပ်ကိုလှပလွန်းတယ် ။ အသံမဲ့ ကဗျာတစ်ပုဒ်ကို ဘာသာမဲ့ နလုံးသားတစ်စုံဖြင့် ခံစားသွားပါတယ်။

    SvarSlett
  12. ဒီညမှာ မင်းလရောင်က သံတိုင်းကြားက ၀င်တယ်...
    သံတိုင် လို့ ပြင်လိုက်ပါဗျာ။
    တကယ်ကောင်းတဲ့  ကဗျာလို့  ပြောချင်တယ်ဗျာ။ ခက်တာက ကျနော် ကဗျာကို ကျနော်နားမလည်ဘူး။
    ဒါပေမဲ့  ..ခင်ဗျား ကဗျာ ..ကျနော်ကြိုက်တယ်။

    မင်းဒင်

    SvarSlett
  13. ရင်ထဲ ဒုတ်ဒုတ်ထိ။ ပွဲမပြီးသေးပါဘူးဗျာ.. နော။ အတူတူလမ်းလျှောက်ကြဦးမယ်။

    SvarSlett
  14. ဒီကဗျာ လွှတ်လှတယ်အစ်ကိုရာ။ ကျွန်တော့် ဒိုင်ယာရီထဲ ကူးပါရစေဗျာ

    SvarSlett
  15. I wish both of you (the one outside and the one inside the iron bars) may meet and walk together under the blue moon light.
    I love this poem and I feel, hurt, shock, --------------

    SvarSlett
  16. ကဗျာတိုတိုလေးက ရင်ထဲကို တိုက်ရိုက်ထိမှန်တယ် အကို...။
    လွင်လွင်

    SvarSlett

Legg inn en kommentar

Populære innlegg fra denne bloggen

စပါတာကပ် (ပထမပိုင်း)

နှစ်သစ်

နှင်းဆီပွင့်ပေါ် ဆရာ အိပ်ပျော်အုန်းမှာမဟုတ်ဘူး