အိမ်ရှေ့ကသစ်ပင်

နှင်းခါးမိုး

အဖွားကစိုက်ပြီး
ကျနော်က ရေလောင်းခဲ့တယ်။

သူ သီးတော့ပွင့်တော့
အဖွားက ဘ၀တပါးမှာ
သူ့အရိပ်ဖားဖားဝေတော့
ကျနော်က ရေခြားမြေခြားမှာ..။

သစ်မြစ်တွေက
အချိန်ကာလထဲတိုးဝင်တယ်
သူ့ကိုမှီပြီး
မရှိတော့တဲ့အိမ်လေးကို ငေးကြည့်နေမယ်
တနေ့ကျရင်။ ။

Kommentarer

  1. ကဗျာလေး ခံစားသွားတယ်ဗျာ။

    SvarSlett
  2. Ko Wai Linn,I can feel your poem. It is very lovely and a great memory to where we all begin.

    Best, Aung Din

    SvarSlett
  3. တနေ့ကျရင် သူ့အရိပ်ဖားဖား အောက်မှာ အရင်ကလို အိမ်ကလေးတလုံး...။

    SvarSlett
  4. ကဗျာလေးဖတ်ပြီးမြန်မာပြည်ကိုပိုလွမ်းလာမိ
    တယ်အကိုရေ.

    SvarSlett

Legg inn en kommentar

Populære innlegg fra denne bloggen

စပါတာကပ် (ပထမပိုင်း)

နှစ်သစ်

နှင်းဆီပွင့်ပေါ် ဆရာ အိပ်ပျော်အုန်းမှာမဟုတ်ဘူး