ကိုယ့်ဖာသာရှာတဲ့ပြဿနာ၊ အရပ်ကူပါ လူဝိုင်းပါ
ဖရီးဝက်ဘ် မှာ ဆိုဒ်ကလေးတခုဖွင့်ထားတာ မနေ့က ဒီမှာ မြန်မာလိုရိုက်လို့ရတာနဲ့ အဲဒီမှာလည်း သွားစမ်းကြည့်တယ်၊ ရိုက်လို့ရတော့ ၀မ်းသာလိုက်တာ၊ ဒါနဲ့ ပုံနဲ့တင်ထားတာတွေအားလုံးကို ဖြုတ်ချပစ်လိုက်တာပေါ့။ အားလုံးကို စာနဲ့ပြန်ရိုက်မယ်ပေါ့။ ဆိုဒ်ကိုပြန်လည်ပြင်ဆင်နေကြောင်း တောင်းပန်စကားတွေ၊ ဘာတွေတောင် တင်ထားလိုက်သေးတယ်။ အခြားစာမျက်နှာအဖွင့်စာလေးတွေလည်း တင်ထားလိုက်တယ်။ အဲ ဒီနေ့လည်း ပြန်ဖွင့်ကြည့်ရော မြတ်စွာဘုရား စာလုံးတွေက လမ်းပေါ်ကလူအုပ်ကို လုံထိန်းဝင်ရိုက်ထားသလို အပြိုပြိုအလဲလဲ၊ ကျိုးပျက်ကြေမွလို့။ ပြန်ရိုက်ကြည့်လို့လည်းမရ။ ဘာ့ကြောင့်လဲလည်း အဖြေမရှာတတ်။ တတ်သမျှမှတ်သမျှလေးတော့ လုပ်ကြည့်သေးတာပေါ့လေ။ ထူးပါဘူး။
စိုးရိမ်သွားတာက သည်ဘက်ဘလော့ပေါ်မှာပါ ဖြစ်တာလား။ ဒါနဲ့ ကမန်းကတန်းလာကြည့်တော့ တော်ပါသေးရဲ့။ ဘလော့လေးကတော့ အပျိုရည်မပျက် နဂိုနေတက်လို့။
ဖရီးဝက်ပေါ်မှာလည်း ဒီမှာလို အဆင်ပြေပြေလေးဖြစ်စေချင်တယ်။ နည်းမသိလို့ပါ။ ရတော့ရရမှာပေါ့နော့။
သိတဲ့တတ်တဲ့သူ တဦးဦးများ ကျနော့်အပေါ်ကူညီချင်စိတ်ကလေးဖြစ်မိရင် နည်းနည်းလှမ်းသင်ပေးပါဗျာ။ နည်းနည်းပိုးထနေလို့ပါ။ ၀က်ဘ်ကလေးတခု၊ ဘလော့ကလေးတခုနဲ့ လူတောသူတော တိုးကြည့်ချင်လို့ပါ။ အားလုံးကို ကျေးဇူးလည်းတင်၊ ခင်လည်းခင်ပါတယ်။

Kommentarer
Legg inn en kommentar